0



 ကိုရီးယားနိုင်ငံ Jeju National University မှ ဒီဇင်ဘာ Intakeအတွက် ပညာသင်ထောက်ပံ့ကြေးများ ၀င်ရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။အဆိုပါပညာဆုမှာ Jeju National University တွင် ပညာသင်ထောက်ပံ့ကြေးများစွာအတွင်းမှ နိုင်ငံတကာ ကျောင်းသားများကိုသာ ပေးအပ်သော ထောက်ပံ့ကြေးဖြစ်ကြောင်း သိရသည်။ ပညာသင်ထောက်ပံ့ကြေး ဝင်ရောက်လျှောက်ထားရာတွင် ကိုရီးယား ဘာသာစကားစာမေးပွဲ TOPIK Level 3 နှင့် အထက် အောင်မြင်ထားပါက ကျောင်းစတင် ဝင်ရောက်ချိန်တွင် ကျောင်းလခ၏ ၅၀ ရာခိုင်နှုန်းကို
ပညာသင်ဆုအဖြစ် ချီးမြှင့်ပေးမည် ဖြစ်သည်။ TOPIK Level -5 နှင့် အထက်အောင်မြင်ထားသူများ အတွက် ၁၀၀ ရာခိုင်နှုန်း ကျောင်းလခများကို ပညာသင်ဆု ရရှိမည်ဖြစ်သည်။ ထို့အပြင် Second Semester  မှစ၍ ကျောင်းပြီးသည် အထိ Semester တစ်ခုချင်းစီတိုင်းတွင် GPA 2.7 အထက် ရရှိသူနှင့် TOPIK စာမေးပွဲ Level -4 နှင့် အထက် အောင်မြင်ထားသူများသည် ၁၀၀ ရာခိုင်နှုန်း ပညာသင်ထောက်ပံ့ကြေးကို ဆက်လက်ရရှိမည်ဖြစ်သည်။ အဆိုပါပညာသင်ထောက်ပံ့ကြေး အစီအစဉ်များကို Jeju National University တွင် Bachelor Degree, Master Degree တက်ရောက်လိုသူများ လျှောက်ထားနိုင်မည် ဖြစ်သည်။
Master ဘွဲ့လွန် သင်တန်းတက်ရောက်နေသူများ အနေဖြင့် TOPIK Level 3 နှင့် အထက် အောင်မြင်ထားပါက ရှေ့ semester များတွင် ရရှိထားသော GPA အလိုက် ကျောင်းလခ၏ ၅၀ ရာခိုင်နှုန်းသော်လည်းကောင်း၊ ၇၀ ရာခိုင်နှုန်းသော်လည်းကောင်း ရရှိနိုင်မည်ဖြစ်သည်။ TOPIK စာမေးပွဲ အမှတ်မရှိသော ကျောင်းသားများအနေဖြင့်လည်း Korea Language Foundation ကို တစ်နှစ်တက် ရောက်ရုံနှင့် Undergraduate ဝင်ဝင်ချင်း ပထမနှစ်ဝက်၏ ကျောင်းလခကို ၅၀ ရာခိုင်နှုန်း ခံစားခွင့်ရရှိမည်ဖြစ်သည်။ ဘာသာစကားသင်တန်း တက်ရောက်နေစဉ်အတွင်း TOPIK
Level 4 နှင့် အထက်ဖြေဆိုအောင်မြင်ထားသူများအား Level အလိုက် ပညာသင်စရိတ်များ ပါဝင်မည်ဖြစ်သည်။ Jeju National University တွင် လူမှုရေးဆိုင်ရာ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ၊ ပညာရေးဆိုင်ရာ၊ ပင်လယ်သမုဒ္ဒရာဆိုင်ရာ၊ အင်ဂျင်နီယာဆိုင်ရာ၊ အနုပညာနှင့် ဒီဇိုင်းဆိုင်ရာ ဘာသာရပ်များကို ကျယ်ကျယ်ပြန့် ပြန့် သင်ကြားနိုင်မည် ဖြစ်သည်။ ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ Intake အတွက် လျှောက်လွှာများကို စက်တင်ဘာလ ၃၁ ရက် နောက်ဆုံးထားလျှောက်ထားနိုင်ပြီး အသေးစိတ်အချက်အလက် သိရှိလိုပါက World Korea Co., Ltd ဖုန်း-၀၁-၂၃၀၄၃၇၈ သို့ ဆက်သွယ်နိုင်သည်။
မိုးသူ

Myanmar internet journal

Post a Comment

 
Top