0
မန္တလေး မိုဘိုင်းလ်နှင့် ကွန်ရက် အခွင့်အလမ်း ပြပွဲ Apple Product ရှိသူများ အတွက် အထူး အစီအစဉ်များ ပြုလုပ်ထားသော IT Mobile and Network အခွင့်အလမ်း ပြပွဲကြီးကို မန္တလေးမြို့ Swan Hotel ၌ စက်တင်ဘာ ၆ ရက်မှ ၈ ရက်အထိ သုံးရက် ကျင်းပသွားမည် ဖြစ်ပြီး အဆိုပါ ပြပွဲသို့ လာရောက်သူ Apple Product ပိုင်ဆိုင်သူများ အတွက် ထူးခြားသော အစီအစဉ်များ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲကို ထူးထူးခြားခြားလေး ဖြစ်သွားစေရန် i Phone 4 ကိုင်သူ မည်သူမဆို ပွဲကို လာရင် နှစ်သောင်းတန်တဲ့ i Phone 4 Cover ကို အခမဲ့ တပ်ဆင် ပေးသွားမည် ဖြစ်ကြောင်းသိရသည်။ဖုန်းပိုင်ဆိုင်ကြောင်း ယူလာပြရမှာဖြစ်ပြီး အရေအတွက် ရှိသလောက် အကုန် တပ်ဆင် ပေးသွား မည် ဖြစ်သည်။
Apple Product များအတွက် ဝင်လာသော Screen Productor များကို ယခုဝင်လာသည့် နည်းပညာ အသစ်အဆန်း ဖြစ်သော နည်းပညာဖြင့် ပြုလုပ် ထားခြင်း ဖြစ်ပြီး ယင်းပစ္စည်းကို ဖုန်းမှာကပ်ထားပြီး ဖုန်းကို သံတူဖြင့် ထုရင်တောင် ကွဲမသွားနိုင်ဘဲ အကြမ်း ခံနိုင်ကြောင်း သိရသည်။
အဆိုပါ ပြပွဲတွင် i Phone, i Pad sticker များကိုလည်း မိတ်ဆက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ယခင်က ပစ္စည်းသစ်များကို တိုက်ရိုက် တင်သွင်းကြခြင်း မရှိဘဲ ဈေးနှုန်း ချိုသာသော ပစ္စည်းများကိုသာ ဈေးကွက် ယှဉ်ပြိုင်မှု အရ တင်သွင်းခဲ့ကြပြီး ယခုအချိန်တွင် နိုင်ငံတကာ အဆင့်မြင့် ကုန်ပစ္စည်းများကို မြန်မာပြည်တွင်း ဈေးကွက်သို့ တိုက်ရိုက် တင်သွင်းလာနေပြီး ဈေးကွက်လည်း အထိုက်အလျောက် ရရှိနေကြောင်း သိရသည်။

Ref & Credit: မြ၀တီ News

Post a Comment

 
Top