Apple ရဲ့  iPad mini ကိုယှဉ်ပြိုင်မယ့် မီနီ ကျောက်သင်ပုန်း ကွန်ပြူတာ
ထွက်ရှိလာပါပြီ။ တောင်ကိုရီးယား LG မှ ထုတ်တဲ့ G Pad အမည်ရ Tablet ဖြစ်ပြီး
သူ့ရဲ့  Specification ကိုအောက်ပါအတိုင်း ဖော်ပြ ထားပါတယ်။
အရွယ် ၈.၃ လက်မ Display ဖြစ်ပြီး Full HD အရည်အသွေး ပေးစွမ်းပါတယ်။
1900×1200 resolution ပေးစွမ်း နိုင်ပြီး ppi 273 ရှိပါတယ်။ ဒီတော့
မျက်နှာပြင် အရည်အသွေး အင်မတန်ကောင်းတဲ့ Tablet အမျိုးအစားထဲမှာ
ပါဝင်ပါတယ်။
1.7GHz Quad Core Snapdragon 600 processor ကို အသုံးပြုထားပြီး Storage
က 16 GB ရှိပါတယ်။ battery က 4600 mAh မို့ အားကောင်းတဲ့ Tablet လည်း
ဖြစ်ပါတယ်။ ကင်မရာ 5 megapixel ပါဝင်ပြီး ရှေ့ မှာ 1.3 mg ပါရှိပါသေးတယ်။
RAM က 2GB ပါ။ ဒီတော့ performance ကောင်းတဲ့ Tablet တစ်မျိုးပဲ ဖြစ်ပါတယ်။
Android 4.2 Jelly Bean ကိုပဲ အသုံးပြု ထားပါတယ်။ LG က သီးသန့်ပေးတဲ့
အခြား Service နဲ့ Feature တွေလည်း ပါဝင်ပါတယ်။ Bluetooth, Wi Fi, GSM
Connection တို့ရနိုင်ပြီး Apple ရဲ့  iPad mini ကို တကယ်ယှဉ်နိုင်ပါတယ်။
ဈေးနှုန်း ဘယ်လောက်လဲ ဆိုတာ မသိသေးပါဘူး။ LG က IFA 2013 ပွဲမှာ ဒီထက်
ပိုအသေးစိတ် ကျတဲ့ အချက်အလက်များအား ထုတ်ဖော် မိတ်ဆက်သွားအုံးမှာ
ဖြစ်ကြောင်း သိရပါတယ်။
Aung Kham (TSJ team)
Ref & Credit: TechSpace Journal
Subscribe to:
Post Comments (Atom)
Post a Comment