အသုံးပြုသူများ
အကြားတွင် ၎င်းတို့၏ စကားပြောဆိုမှုများကို ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်စေရန်အတွက်
interface အသွင်သစ်ကို Twitter မှ Android နှင့် iOS app များအတွက် မိတ်ဆက်လိုက်ကြောင်း
သိရသည်။
ယခင်က
tweet တစ်ခုချင်းစီကိုသာ ဖော်ပြခဲ့ရာမှ ယခုအသွင် အပြင်သစ်တွင် home screen ၌ မည်သည့်စကားပြောဆိုမှုတွင်မဆို
မကြာသေးမီက ဖော်ပြခဲ့သည့် tweet 3 ခုကို ထည့်သွင်းဖော်ပြ မည်ဖြစ်သည်။ အဆိုပါ tweet
3 ခုကို လက်ဖြင့် ထိလိုက်သည့်အခါတွင် ၎င်းတို့၏အရှေ့နှင့် နောက်ဘက်ရှိ tweet များ အားလုံးကို
ဖော်ပြပေးမည် ဖြစ်သည်။ စကားပြောဆိုမှုများကိုမူ tweet များနှင့် မရောထွေး
စေရန်အတွက် ဒေါင်လိုက်မျဉ်း အပြာရောင်ဖြင့် ခွဲခြားဖော်ပြထားသည်။ အသုံးပြုသူများအတွက် ယခုပြင်ဆင်မှုသစ်သည် အသုံးပြုရ ပိုမိုလွယ်ကူပြီး tweet များနှင့်လည်း ရှုပ်ထွေးနေခြင်းမ ရှိတော့ပေ။ အဆိုပါ interface သစ်ကို Android နှင့် iOS အသုံးပြုသူများအနေဖြင့် စတင်အသုံး ပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

-ဟေမာ
Ref: The Verge
Ref: The Verge

Post a Comment