0

မျိုးဆက်သစ် Chromebook များကို Intel ကုမ္ပဏီ၏မျိုးဆက်သစ် Haswell ပရိုဆက်ဆာ အသုံးပြုထုတ်လုပ်မည် ဖြစ်ကြောင်း Intel Developer Forum တွင် Google ကပြောကြားခဲ့သည်။


Haswell အခြေခံ Chromebook များသည် ယခင် Atom ပရိုဆက်ဆာအသုံးပြု Chromebook များထက်စွမ်းဆောင်ရည်နှင့် ဘက်ထရီသက်တမ်း ပိုမိုကောင်းမွန် လာမည်ဖြစ်သည်။ HP နှင့် Acer တို့နည်းတူ ASUS နှင့် Toshiba တို့ကလည်း Haswell အခြေခံ Chromebook များထုတ်လုပ်ရန် ပြင်ဆင်နေကြောင်း သိရသည်။ Google မှ Haswell ချစ်ပ်အသုံးပြု Chromebook များ ထုတ်လုပ်လာခြင်းဖြင့် ၎င်း၏အဓိ ကဈေးကွက်ကို ပိုမိုထိုးဖောက်နိုင်မည် ဖြစ်သည်။ Google အနေဖြင့် ၎င်း၏ Chromebook များကို ပိုမိုလျင်မြန်စွာနှင့် ဘက်ထရီသက်တမ်း ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ရန် ပြုလုပ်လျက်ရှိပြီး လက်ရှိစမ်းသပ် ထုတ်လုပ်ထားသည့် Google Chromebook သစ်သည် ဘက်ထရီသက်တမ်း ၈ နာရီကျော် အသုံးပြုနိုင်ကြောင်း သိရသည်။

Acer မှ ယခင်ထုတ်လုပ်ထားသည့် Chromebook သည် ၃ နာ ရီကျော်ကြာ အသုံးပြုနိုင်ပြီး Haswell အခြေခံ Chromebook ကိုမူ ၈ နာရီကျော် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ကုမ္ပဏီမှ ပြောကြားထားသည်။

-ဟေမာ
Ref: Forbes

Internet Journal

Post a Comment

 
Top