Linux ကိုပဲ
အခြေခံပြီး ရေးဆွဲထားတဲ့ မိုဘိုင်းဖုန်း OS တစ်မျိုးကို ဖန်တီးလိုက်ပါပြီ။ သူ့ကို
Sailfish လို့ အမည်ပေး ထားပါတယ်။
ဥရောပ - ဖင်လန်နိုင်ငံအခြေဆိုက်Jolla
အမည်ရ ကုမ္မဏီက ဖုန်းရော၊ စမတ်ဖုန်းပါ တွဲထုတ်ခြင်း ဖြစ်ပါတယ်။ ဖုန်းကိုလည်း Jolla လို့ပဲ
အမည်ပေး ထးပါတယ်။ Nokia တို့ တစ်ချိန်တုန်းက Windows Phone OS ကို မထုတ်ခင် ဖန်တီးခဲ့ဖူးတဲ့
MeeGo OS ကိုမှ် ပိုထူးခြားသွာစေတာမျိုးလောက်ပဲ နည်းပညာသမားတို့ ဝေဖန် ထားပါတယ်။ Sailfish
က Android လိုပဲ Open Source ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက Developer Commuity များကို Welcome
လုပ်ထားခြင်း ဖြစ်ပါတယ်။ အဓိက ထူးခြားချက်ကတော့ လက်ရှိ Android OS platform က
Application များကိုလည်း ရောနှော အသုံးပြုနိုင်မှုပါ။ ဒီတစ်ချက်ကြောင့် Android OS
မှ Sailfish ကို Migrate လုပ်ဖို့ User တွေဝန်လေးတော့မှာ မဟုတ်ပါဘူး။
OS ပြီးတော့
ကင်မရာကတော့ ပထမဆုံး အလုံးမို့ Specification သိပ်အမြင့်နဲ့ ထုတ်မထားပါဘူး။ ၄.၅ လက်မ
960x540 resolution မျက်နှာပြင်ကို အသုံးပြုပြီး Processor က Dual-core Qualcomm
Snapdragon 1.4 GHz ဖြစ်ပြီး RAM က 1GB ထဲပါ။ Storage က 16 GB ရှိပြီး MicrosoSD ကဒ်ထည့်နိုင်ပါသေးတယ်။
ကင်မရာက 8 megapixel Autofus ဖြစ်ပါတယ်။ LED flash ပါဝင်ပြီး ရှေ့ မှာလည်း 2MP ပါဝင်ပါသေးတယ်။
Jolla ဖုန်းတစ်လုံးဈေးနှုန်းက ဗြိတိန်ပေါင် ၃၃၇ ပါ။ အမေရိကန်ဒေါ်လာနဲ့တွက်ရင် ၅၄၀ ဒေါ်လာ
ဝန်းကျင်ရှိပြီး မြန်မာကျပ် ၅ သိန်းဝန်းကျင်ပါ။ ဒီတော့ ဈေးအရ အနည်းငယ်များတဲ့အနေအထားတော့
ရှိပါတယ်။
Sailfish
OS ပါဝင်တဲ့ Jolla စမတ်ဖုန်းများကို ၂၀၁၃ နှစ်ကုန်ပိုင်းအတွင်း စတင်ရောင်းချမှာ ဖြစ်ကြောင်း
သိရပါတယ်။
.
Ref:pocketlint
အောင်ခမ်း
(TSJ Team)
Post a Comment