0
နေပြည်တော် ကွန်ပျူတာဈေးကွက် ထဲသို့ Acer Aspire V5-473G (i3) မော်ဒယ် Laptop တစ်မျိုး ဝင်ရောက်လာပါတယ်။ CPU ကို 4th Generation Intel Core i3 4010U (1.7 GHz, 3MB L3 Cache) ထည့်သွင်း အသုံးပြုထားပါတယ်။ Graphic ပိုင်းအတွက် Nvidia Geforce GT 740M 2GB အသုံးပြု ထားပါတယ်။ RAM က DDR3 4GB နှင့် အချက်အလက် သိုလှောင်သိမ်းဆည်းဖို့ အတွက် 500GB ပမာဏရှိတဲ့ HDD ပါဝင်ပါတယ်။ Display က ၁၄
လက်မအရွယ် Acer CineCrystal LED LCD ကိုအသုံးပြု ထားပါတယ်။ အခြားသော စနစ်တွေဖြစ်တဲ့ Card Reader, USB 2.0, HDMI, Mini HDMI, HD Webcam, Acer Nplify 802.11 a/n/g +BT 4.0 စတဲ့ စနစ်တွေ ထောက်ပံ့ပါဝင်ပါတယ်။ DVD/VCD Drive အနေနဲ့ လုံးဝမပါဝင်တဲ့ အတွက် External Drive တွဲဖက်အသုံးပြုဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ 4 Cell Li-Polymer Battery ကို အသုံးပြုထားပြီး အလေးချိန်က စုစုပေါင်း 2.1kg ပဲရှိပါတယ်။ အသေးစိတ် အချက်အလက်များကို SMART Computer ဖုန်း- ၀၆၇-၂၁၂၇၆ သို့ ဆက်သွယ် စုံစမ်းမေးမြန်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

-ကျော်ဇေယျ

Myanmar internet journal

Post a Comment

 
Top