0

နည်းပညာကိုမှအစဉ်တစိုက်လေ့လာလိုက်စားနေကြတဲ့သယ်ရင်းတို့အတွက် Samsung တို့အားကျမခံ စမတ်နာရီကလေးကိုမိတ်ဆက်လိုက်ပြန်ပါပြီချင်ဗျား အောက်မှာကိုအောင်ခန်းရဲ့ လေ့လာချက်ကိုလည်း ဖတ်ကြည့်လိုက်ပါဦး
စမတ်ဖုန်းဆိုတာတောင် မနေ့တစ်နေ့မှ ရေပန်းစားလာတာ၊ စမတ်နာရီ အတွက် နေရာပေးဖို့ဆိုတာ သူ့အနက်ကို သေချာသိဖို့ အရင်စရ ပါအုံးမယ်။ စမတ်နာရီဆိုတာ အခြားမဟုတ်ပါဘူး။ စမတ်ဖုန်း တစ်လုံးနီးနီး Function တော်တော်စုံတဲ့အတွက် Smart Watch လို့ခေါ်ဆိုခြင်း ဖြစ် ပါတယ်။

အဲဒါကို သုံးဖို့အတွက်ဆိုတာ ဖုန်းနဲ့ Sync အရင်လုပ်ရပါသေး တယ်။ ပြီးတော့ ဖုန်းထဲက Function တွေကို ဖုန်းထုတ်ပြီး ကြည့်နေတာ ထက် နာရီမှာ ကြည့်ရုံနဲ့ ရမယ်ဆိုတာလေး ဖြစ်အောင် ဖန်တီးပေးထား တာ ဖြစ်ပါတယ်။

ဒီတော့ သီချင်းနားထောင်လို့ရမယ်၊ Message ပို့လို့ရမယ်၊ အင်တာနက် အသုံးပြုလို့ရမယ်-- အစရှိတဲ့ အခြေခံ UI များအပြင် အခြားသော UI အသစ် များလည်း ဖန်တီးသူတို့ ထည့်နိုင်ရင် ထည့်နိုင်သလောက် စုံစုံလင်လင် ပါရှိမှာ ဖြစ်ပါတယ်။

ဒါကို ကုမ္မဏီတော်တော်များများက ထုတ်လုပ်နေပါပြီ။ Sony, Apple တို့ ထုတ်လုပ်နေမှုနဲ့အတူ Samsung ကလည်း အားကျမခံ စထုတ်ပြီ ဖြစ်ပါတယ်။ ကုမ္မဏီတွေ တစ်ခုနဲ့တစ်ခု မတူတော့ သူ့ထက် ငါအပြိုင် User Interface နဲ့ Specification အသစ်များ ပေါင်း စပ် ပေးပါတယ်။  Galaxy Altius လို့ အမည်ပေးထားတဲ့ နာရီကို မကြာမီ ထုတ်ဖော်ပြသတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
--မူရင်း
Ref: techblog
Aung Kham (TSJ team)

Post a Comment

 
Top