0
HTC က မြန်မာပြည်မှာလည်း အတော်လေး ရေပန်းစားနေပါပြီ။ ထိုနည်းတူစွာ ကမ္ဘာမှာလည်း HTC က အတော်လေး ဈေးကွက် ထိုးဖောက်နေပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ နောက် ဆုံးထွက် HTC M7 ကို ထုတ်ဖော်ပြသအုံးမှာ ဖြစ်ကြောင်း သိရပါတယ်။

၎.၇ လက်မ 1080p ရုပ်ကြည် Display, RAM - 2GB, Processor က quad-core ဆိုတော့ specification အမြင့်စား ဖုန်းတစ်မျိုးပါပဲ။ ကင်မရာ ကတော့ အထူးခြားဆုံးပဲ ဖြစ်ပါတယ်။ 13 megapixel ကင်မရာ ဖြစ်ပေမယ့် Megapixel က Ultrapixel လို့ပြောင်းခေါ်ရလောက်အောင် ကင်မရာ လုပ်ဆောင်ချက်အတွက် ထောက်ပံ့ပေးမယ့် Option နဲ့ UI အသစ်တွေ တိုးအုံးမှာ လို့ ဆိုပါတယ်။

အတွင်း မှတ်ဥာဏ် 32GB ကဒ်က 64GB ထပ်ဆိုက်နိုင်ပြီး HTC မှ ကိုယ်တိုင် develop လုပ်ထားသော graphical user interface နောက်ဆုံးထွက် Sense 5 ကို ထည့်သွင်းပေးထားမယ်လို့ ဆိုပါတယ်။ Android စမတ်ဖုန်းပဲ ဖြစ်ပါတယ်။

ဒီတော့ ဈေးကြိမ်းသေကြီးမယ့် ဖုန်းပါပဲ။ သို့ပေမယ့် အခြား high class smartphone များနဲ့စာရင်တော့ သူက နည်းနည်း သက်သာတဲ့ သဘော ရှိပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ထုတ်ဖော်ပြသမှ သူ့ရဲ့  ဈေးနဲ့ Specification ကို စုံစုံလင်လင် သိရှိရမှာ ဖြစ်ကြောင်း သိရ ပါတယ်။
--
Ref: pocketlint
Aung Kham (TSJ team)

Post a Comment

 
Top