0

အမှန်တော့ Medal Of Honor ဂိမ်းစီးရီးက မြန်မာဆန်ဆန်ပြော ရရင် ပေါ်လစီ ဂိမ်း ဖြစ်ပါတယ်။ အမေရိကန် စစ်တပ်က ဘယ်လောက်ထိ ကြီးကျယ် မြင့်မြတ်တယ်။ ကမ္ဘာကို ဘယ်လို ကယ်ဆယ်တယ်ဆိုတာကို အဓိကထား ပြသတဲ့ ဂိမ်း ဖြစ်ပါတယ်။ ဒီတော့ ဂိမ်းဆော့သူက အမေရိကန်ရဲ့  မရိမ်းတပ်ဖွဲ့ တစ်ခု ဖြစ်တဲ့ Navy SEAL ကနေ တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။



Publisher က တော့ Electronic Art ဖြစ်ပြီး Danger Close Games က ဒီပလိုပါများ Developed လုပ်ထားတဲ့ ဂိမ်း ဖြစ်ပါတယ်။ Battlefield 3 တုန်းက အင်ဂျင်ကိုပဲ ပြန်လည် အခြေခံပြီး တည်ဆောက်ထားတဲ့ ဂိမ်းလို့ ဆိုပါတယ်။ သို့ပေမယ့် Medal of Honor: Warfigher ဆိုတာကလည်း အစဉ်အလာကြီးတဲ့ ဂိမ်း ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်က စလို့ ယနေ့တိုင် ထွက်ရှိနိုင်တယ်ဆိုတာ နည်းတဲ့ အရည်အချင်း မဟုတ်ပါဘူး။ ခေတ် အဆက်ဆက် ဒုတိယ ကမ္ဘာစစ်အခြေခံတဲ့ Medal of Honor ထွက်ရှိရာမှ ၂၀၁၀ အရောက်မှာတော့ Modern War ကို အခြေခံလိုက်ပါတော့တယ်။ ဒါဆို စဉ်းစားစရာတောင် မလိုပါဘူး။ အယ်လ်ကေးဒါးတို့လို အကြမ်းဖက် သမားတို့ကို နှိမ်နှင်းတာမျိုးတို့ပဲ ဖြစ်ပါတယ်။ သို့ပေမယ့် လက်နက်ခဲ ယမ်း မှောင်ခိုရောင်းဝယ်ရေး ဈေးကွက်ကို အခြေခံပါတယ်။ PS3, PC, Xbox , Wii စုံစုံလင်လင် ပလက်ဖောင်းမှာ ဆော့ကစား ရမှာ ဖြစ်ပြီး အောက် တိုဘာလ ၂၃ ကစလို့ ဖြန့်ချိတာ ဖြစ်ပါတယ်။ Wii U ကတော့ နိုဝင်ဘာလ ၁၅ ရက်နေ့မှ ဖြန့်ချိမှာ ဖြစ်ပါတယ်။

Multi player ကတော့ ရှင်းပါတယ်။ နိုင်ငံ ၁၀ နိုင်ငံ ပါရှိပြီး ယင်းနိုင်ငံမှ Team ၁၂ ခု ပါတဲ့အတွက် ကြိုက်ရာ ရွေးချယ်နိုင်ပါတယ်။ သြစတေးလျ၊ ကနေဒါ၊ ရုရှား၊ ဂျာမနီ၊ အမေရိကန်၊ တောင်ကိုရီးယား၊ ဆွီဒင်၊ ပိုလန်၊ ဗြိတိသျှ၊ နော်ဝေ အစရှိတဲ့ ကမ္ဘာ့ စစ်အင်အားကြီး နိုင်ငံ ၁၀ နိုင်ငံကို ထည့်သွင်း ကိုယ်စားပြုထားပါတယ်။ အမှန် ထည့်ကြေးဆိုရင် တရုတ်ပြည်မ၊ တရုတ်တိုင်ပေ၊ ဂျပန် တို့ကို ချန်ခဲ့လို့ မရပါဘူး။ ဒါက နိုင်ငံရေး သဘော တရားအရ ချစ်ကြည်ရင်းနှီးမှု ပို ရှိတဲ့ နိုင်ငံများကို ထည့်သွင်းခြင်း ဖြစ် ပါတယ်။ ဒါကို Developer များ မသိပါဘူး။ စစ်ဘက်ဆိုင်ရာ အချက်အလက် နဲ့ Background ကို အမေရိကန် စစ်တပ်ကနေ ယူရတာမို့ ဖြစ်ပါတယ်။ ဒီတော့ Multi Player မှာက တစ်ဖွဲ့ကို လူ ၆မျိုးပေးထားပါတယ်။ စနိုက်ပါ၊ ဟဲဗီး ဂန်နာ၊ ပြောက်ကျား၊ တိတ်တဆိတ် လူသတ်သမား၊ by one ဖိုက်တာ၊ ရန်သူတပ်စခန်း ဖြိုဖျက်သူ (Demolition) အစရှိသဖြင့် ခွဲထားပါတယ်။ ဒီထဲက ကိုယ်နဲ့လိုက်မယ်ထင်တဲ့ အမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။

Single Player ကတော့ ဇာတ်လမ်းသွား ဖြစ်ပါတယ်။ ပထမ Medal of Honor တုန်းက မပြီးဆုံးနိုင်သေးတဲ့ လက်နက်ဗုံး မှောင်ခို ကိစ္စကို ဆက်လက် စုံစမ်း၊ တိုက်ပွဲ ဝင်ရမှာ ဖြစ်ပါတယ်။ ဒီမှာ ဇာတ်ကောင်က Preacher အမည်ရ မရိမ်း အရာရှိတစ်ယောက် ဖြစ်ပါတယ်။ Navy SEAL ကနေ Task Force Mako အမည်နဲ့ ထပ်မံ ခွဲထွက်တဲ့ တပ်စုငယ်လေး ဖြစ် ပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့  မသုံးတော့တဲ့ သင်္ဘောကျင်းကနေစပါတယ်။ ယင်းမှာ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်ပြီး သင်္ဘောပေါ်က ပြင်းအားကောင်း ဗုံး PETEN ကိုတွေ့ရှိမှုမှ စတင်ခြင်း ဖြစ်ပါတယ်။

အခြေအမြစ်ကို ပြန်ရှာကြည်တော့ ဖိလစ်ပိုင်နိုင်ငံက လာတာ ဖြစ်ပါတယ်။ ဒီတော့ ဖိလစ်ပိုင်မှာ အယ်လ်ကေးဒါးတို့ ချုပ်ကိုင်နေတဲ့ တပ်စခန်းကို အနုကြမ်းဝင်စီးရပါတယ်။ ဒီမှာ ဇာတ်လမ်း နည်းနည်း ရှိပါတယ်။ ဖိလစ်ပိုင်အစိုးရနဲ့ တွေ့ဆုံပြီး ဖိလစ်ပိုင်တပ်စု တစ်ခုနဲ့ အတူတွဲ လုပ်ရတာ ဖြစ်ပါတယ်။ ရန်သူခေါင်းဆောင်ကြီးကို စနိုက်ပါနဲ့ ပစ်သတ်တာ တို့တောင် ပါဝင်ပါသေးတယ်။ ဒီမှာ တစ်ခု မှားယွင်းပြီး Preacher ရာထူး ပြုတ်လုနီးနီး ဖြစ်ပါတယ်။ ဒီတော့ စပိန်နိုင်ငံမှာပဲ မိသားစု နဲ့ အေးဆေးနေထိုင်မယ် အပြန်မှာ မပြီးဆုံးနိုင်တဲ့ လက်နက် မှောင် ခို ကိစ္စက သူလိုက်ပါလာတဲ့ ရထား အထိတောင် ဖြစ် ပါတယ်။ ဒီတော့ အရင်းအမြစ်တွေ တစ်ခုပြီး တစ်ခုပြန်ရပြီး Navy SEAL နဲ့ လမ်းမခွဲနိုင်ပြန် ပါဘူး။

ဗုံးပေါက်ကွဲမှုကြောင့် ဆေးရုံရောက်တာတွေအထိတောင် ဖြစ်လာပါတယ်။ အကြမ်းဖက်သမားများရဲ့  အားကြီး PETEN ဗုံးများ ဥရောပမှာ ပြန့်နှံ့ လာပြီဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ ဒီတော့ ပါကစ္စတန်ကို ပြန်သွားပြီး တိုက်ခိုက်ရှာဖွေ ရပါတယ်။ ပြီးတော့ နောက်ထပ် ခြေရာခံမိပြီး ယီမင်မှာ ပြန် လည် တိုက်ခိုက်ရပါတယ်။ ဒီလိုနဲ့ PETEN ဗုံး အစအနများ တစ်ခုပြီး တစ်ခုရပြီး နောက်ဆုံးမှာ ထုံးစံအတိုင်း အမေရိကန် Navy SEALs (Task Force Mako) က အောင်ပွဲစဉ်ခဲ့ပါတယ်။ သို့ပေမယ့် ဒီမှာ အမေရိကန် စစ်သားတစ်ယောက်အနေနဲ့ သူ့ရဲ့  Personal မိသားစု ဘဝ ဆုံးရှုံးရတယ် ဆိုတာကို ဒရမ်မာဆန်ဆန် ထည့်သွင်းထားပါသေးတယ်။ ဆုံးခန်းတိုင် အနိုင်ရအေင် ဆော့ပြီးရင် သေဆုံးသူ မိသားစုဝင်ကို အမေရိကန်တို့ ဘယ်လို ဂုဏ်ပြုတယ်ဆိုတာ သေချာ ထည့်သွင်း ပြသထားပါတယ်။

ဂိမ်း ကတော့ Call of Duty, Battlefield တို့ဆော့ရသလိုပါပဲ First Person shooter ဖြစ်ပါတယ်။ လက်နက် ခဲယမ်း အသုံးပြုမှုက ပိုထူးခြားပါတယ်။ လက်နက် အပြောင်းအလဲ မြန်ဆန်ပြီး တစ်ယောက်ပစ် မြေထောက်လောင် ချာကို အလွယ်တကူ အသုံးပြုနိုင်တာမျိုးတို့ကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ Multi player မှာလည်း ထူးခြားသလို Single player မှာလည်း ဇာတ်လမ်းထဲ စီးမြောနေအောင် ဆော့ရမယ့် ဂိမ်း ဖြစ်ပါတယ်။ မြန်မာပြည်က ဂိမ်းအခွေဆိုင်တွေမှာလည်း ဝယ်ယူရရှိနိုင်ပြီလို့ သိရပါတယ်။ လက်ရှိဟာ Medal of Honor: Warfighter စတင်ဖြန့်ချိတဲ့ ကာလ ဖြစ်တဲ့အတွက် International ဂိမ်း ဝဘ်ဆိုဒ်များမှာ Medal of Honor: Warfighter ကို ဘယ်လို အမွမ်းတင်နေကြတယ်ဆိုတာ အလွယ်တကူ မြင်တွေ့နိုင် မှာ ဖြစ်ပါ တယ်။

Game အမြည်း ဗီဒီယိုကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://www.youtube.com/watch?v=qj6RVmsFesQ

Post a Comment

 
Top