0

ကဲအားလုံးပဲ မင်္ဂလာပါလို့
ဒီတစ်ခါတော့ ကွန်ပြူတာနဲ့ အမြဲတစေ ထိတွေ့ကိုင်တွယ် အသုံးပြုနေရတဲ့ ညီအစ်ကိုမောင်နှမတွေအတွက် ကျန်းမာရေးအရ အသုံးတည့်မယ့် ဆော့ဖ်ဝဲလ်လေးတစ်ခု လက်ဆင့်ကမ်းမျှဝေချင်ပါတယ်၊ ဟုတ်ကဲ့ပါ ကျွန်တော်တို့ရဲ့နေ့စဉ်ဘ၀တွေမှာ အခုဆို
ကွန်ပြူတာကို အမြဲလိုလိုအသုံးပြုနေကြရပါပြီ ၀ါသနာပါသူချင်းကိုပြောတာပါ သုံးတာကိုပြောလိုတာမဟုတ်ရပါဖူးခင်ဗျား သုံးနေတုန်းအချိန်မှာ ကျမ္မာရေးနဲ့ပတ်သက်လို့ ဖြစ်တတ်တာလေးတွေက အညောင်းမိတာ၊ ခါးနာတာ၊ မျက်ရည်ပူတွေ တစီစီကျလာတာတို့ စတဲ့လက္ခဏာတွေဖြစ်တတ်လာပါတယ်. ကျနော်ကတော့ခါးနာတတ်တယ်ဗျ သုံးပြီဆို စိတ်ဝင်စားနေရင် ထကိုမထချင်တာကော ဒါကြောင့် ကျွန်တော်တို့ ကွန်ပြူတာကိုသုံးနေတဲ့အခါ ခါးနာတာတို့ အညောင်းမိတာတို့အတွက် နောက်ဆုံးပေါ် memory foam

လို့ခေါ်တဲ့ ခေါင်းအုံးလေးတွေ၊ ကျောမှီလေးတွေနဲ့ အဆင်ပြေအောင် ပြုပြင်လို့ရပါတယ်.

မျက်စိညောင်းတာ၊ မျက်ရည်ပူကျတာတွေကို ကာကွယ်ဖို့အတွက်ကတော့ ကျွန်တော်တို့တွေ သိပ်ပြီး အာရုံစိုက်လေ့ မရှိတတ်ကြပါဘူး. ကျွန်တော်ဒီနေ့ ပြောချင်တာကတော့ အဲဒီ့ ပြဿနာပါပဲ.

များသောအားဖြင့် မျက်စိကို မထိခိုက်စေချင်ရင် မော်နီတာရှေ့မှာ Filter အပြားလေးခံလို့ရပါတယ်. ဒါပေမယ့် အဲဒါက Desktop monitor အကြီးကြီးတွေ မှာတော့သုံးသူတွေအတွက်ပဲ အသုံးဝင်မှာပါ. Laptop ကွန်ပြူတာလေးတွေ သုံးနေသူတွေအတွက်ကတော့ မော်နီတာရှေ့မှာ Filter ပြားခံဖို့ဆိုတာကတော့ အဆင်မပြေနိုင်ပါဘူး. ဒါကြောင့် ဒီဆော့ဝဲ လေးကို မောင်းတင်လိုက်ရင် အဲဒီပြဿနာတွေကို သူ့အလိုလိုဖြေရှင်းပြီးသားဖြစ်သွားမယ့်အပြင် ရေရှည်အတွက်လည်း အများကြီးအကျိုးများစေပါလိမ့်မယ်.

နာမည်လေးက F.lux ပါ. သူ့ရဲ့ အထူးပြုအကြောင်းအရာကတော့ မော်နီတာတွေအတွက် အလင်းရောင်ကို အလိုအလျှောက်ချိန်ပေးတာပါပဲ.

နေ့ခင်းမှာ နေ့ခင်းအလျှောက်၊ ညနေခင်း အလင်းရောင်နည်းသွားချိန်မှာ နည်းသွားတဲ့အလျှောက်၊ ညဉ့်နက်သန်းခေါင် သန်းလွဲအချိန်မှာလည်း သူ့အချိန်အခါအလျှောက် ရှိသင့်တဲ့အလင်းရောင်ပမာဏကို ချိန်ပေးသွားတာပါ.
ပြောနေကြာပါတယ်ဗျာ တကယ်ကောင်းလို့ပါ အသုံးတည့်ပြီးသာပါ အဆင်သိပ်ပြေပါတယ် ဒေါင်းလော့ရန်ကတော့ ဒီမှာပါ  For XP/Vista/Windows 7 Users

အားလုံးပဲအဆင်ပြေကြပါစေဗျာ 
ခင်မင်စွာ့ဖြင့် (ဝေယံ)
မူရင်း-ရန်အောင်


Post a Comment

 
Top