ကမ္ဘာ့အပါးဆုံး iPad အဖြစ် နံပါတ် ၅ မြောက် iPad ကို Apple ကထုတ်မည်
Superthin iPad 5 လို့ဆိုပါတယ်။ ဂျပန်နိုင်ငံအခြေဆိုက် သတင်းမီဒီယာများ မှ ထွက်ပေါ်လာတဲ့ သတင်း ဖြစ်ပြီး လာမယ့် မတ်လမှာ Apple ရဲ့  ပဉ္စမ မျိုးဆက် iPad(5) ထုတ်လုပ်ဖြန့်ချိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ယခင် the new iPad, iPad4 များထက် များစွာ ပါးတယ်လို့ ဆိုပါတယ်။ ပြီး ခဲ့တဲ့ အောက်တိုဘာလကပဲ iPad mini နဲ့ iPad4 ကို တစ်ပြိုင်နက်တည်း မိတ်ဆက်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ယခုလည်း မကြာမီ အချိန်တွင်း iPad5 ထွက်တော့မယ်ဆိုတော့ Apple fan များအနေနဲ့ ဇဝေဇဝါ ဖြစ်နေ ပါတယ်။ လက်ရှိ iPad4 ရဲ့  ရောင်းအားတောင် ထင် သလောက် မရသေးတဲ့ အတွက် မတ်လဆိုတာ အတော်လေး စောနေတယ် လို့ ဝေဖန်ထားကြပါ တယ်။
အမေရိကန်အခြေဆိုက် Apple ကတော့ တရားဝင်မကြေညာသေးပါဘူး။ လက်ရှိ စတုတ္ထမျိုးဆက်က 9.4mm ထူပါတယ်။ ၂ မီလီမီတာအထိ ထပ်မံလျော့ချပြီး ၇.၄ မီလီမီတာသာ အထူရှိမယ့် iPad လို့ဆိုပါ တယ်။ ဈေးနှုန်း ကတော့ Apple တို့ထုံးစံအတိုင်း ကြီးနေအုံးမှာဖြစ်တယ်။ သို့ပေမယ့် အမာခံ အားပေးသူရှိတဲ့ Apple အနေနဲ့ iPad5 ထွက်လည်း ဝယ်မယ့်သူ မနည်းဘူးဆိုတာ ခန့်မှန်းထားရကြောင်း သိရပါတယ်။
--မူရင်း-ရိုးရာလေး
Ref: pocketlint.
Post a Comment