Home
»
ဆောင်းပါး
» မြန်မာပြည်မှာ ဂိမ်မာများ စီးပွားရှာနိုင် မရှာနိုင် နှင့် အနာဂတ်
Su. ဂိမ်းကစားရင်
ဝင်ငွေရအောင် ရှာနိုင်မည့်နည်းလေးများရှိရင် ပြောပြပေး ပါလား ကိုအောင်ခမ်းနဲ့ Freddy
Lynn
April LwinHtet Aung -- Dota တို့ Fifa တိုကို pro
ဖြစ်အောင်လေ့ကျင့်ပြီး ပြိုင်ပွဲတွေမှာလိုက်ပြိုင်မယ်ဆိုရင်တော့ ရနိုင်ပါတယ်။
Angry Bird ပြိုင်ပွဲလည်းရှိတယ်ထင်တယ်။
အောင်ခမ်း (TSJ team) -- ဟုတ် ရနိုင်ပါတယ်။
လက်ရှိမြန်မာပြည်မှာလည်း အွန်လိုင်းဂိမ်းကစားရင်း ငွေဝင်နေသူတွေ ရှိပါတယ်။.
သို့ပေမယ့် နိုင်ငံတကာ ကလို မဟုတ်သေးဘူးး။ နိုင်ငံတကာမှာဆိုရင် (ဥပမာ- တရုတ်ပြည်)
မှာဆိုရင် ဘာအလုပ်မှ မလုပ်ပဲ ဂိမ်းချည်းသက်သက်ဆော့ပြီး အသက်မွေးဝမ်းကျောင်း
ပြုသူတွေ ရှိတယ်။
ဂိမ်းတစ်ခုကို သာမန်လူတွေနိုင်တဲ့ Level အထိ
ရောက်နိုင်ပြီဆိုရင် အဲ့လူကို ဂိမ်း Developer နဲ့ Publisher များက
သူ့ကိုဆက်သွယ်ပါတယ်။ ငါတို့ ဒီလောက် ခက်အောင်လုပ်ထားတာ သူ ဘယ်လို Strategy
သုံးလို့ ဒီအကွက်တွေကို ကျော်သွားတာလဲ အစရှိသဖြင့် Content အပိုင်းအားနည်း ချက်
တွေကို ပြန်ရှာဖို့အတွက် အကူအညီတောင်း ပါတယ်။. နောက်တော့ သူက အဲ့ဂိမ်းအတွက်
အကြံပေး ဆရာကြီူး ဖြစ်ရပါလေရော၊ Warfare ဂိမ်းတွေမှာ ပိုတွေ့ရတတ်ပါတယ်။
ပြီးတော့ ဂိမ်း ပရိုဖြစ်သွားတဲ့ သူတွေက ချဲလန့်တွေ
လစဉ်လုပ်တယ်။ အခု မြန်မာပြည်မှာ လုပ်နေသလိုပါပဲ။ သို့ပေမယ့် မြန်မာပြည်မှာ လက်ရှိ
အနေအထားက အိပ်စိုက်ရတဲ့ သဘောရှိပါတယ်။ နိုင်ငံတကာမှာကျ အိပ်စိုက်ပေမယ့် စိုက်တာထက်
ပိုရအောင်လုပ်နိုင်တယ်။ စပွန်ဆာအရှာတော်လို့ လေ။ နောက်ပြိးတော့ Need For Speed
ကားမောင်းပြိုင်မယ်ဆိုရင် Need For Speed ပိုင်ရှင်ကိုတိုက်ရိုက်ဆက်
သွယ်လို့ပွဲကြီးလုပ်တာတွေလည်း ရှိပါတယ်။ ပရိုတွေက ပဲ ဥိးဆောင်ပြီး ဒါတွေလုပ်တော့
ဂိမ်းမာတွေထဲမှာ မီလျံနာ၊ ဘီလျံနာ တွေတောင် ရှိလာ ပါတယ်။
နောက်တစ်ချက် ဂိမ်းဆော့တဲ့ သူဆိုတာ လိုင်းတစ်လိုင်းထဲပဲ သွားတာ
များပါတယ်။ တစ်နေကုန် ထမင်းမစားပဲ ဆော့တာမျိုးလေ။ အဲဒါမျိုးကတော့
ငွေကောင်းကောင်းဝင်ဖို့ သူဘယ်လိုစဉ်းစားရတော့မလဲ။ လက်ရှိ မြန်မာပြည်မှာ
အွန်လိုင်းဂိမ်းတွေခေတ်စားနေပါပြီ၊ သို့ပေမယ် သိပ် အဟုတ်ကြီး မဖြစ်သေးဘူး။
ဖြစ်လာတဲ့အခါ ဒီအပေါ် အခြေခံလို့ ငါဒို့တွေ ဂိမ်းဆော့ရင်း
ဘယ်လိုဝင်ငွေတိုးအောင်လုပ်မှာလည်း ဆိုတာကို တစ်ချက် အချိန်ပေးဖို့တော့ လိုမယ်။
ဂိမ်မာဆိုပြီး ဖန်သားပြင်အရှေ့ မှာ ထိုင်နေတာထက် ပတ်ဝန်းကျင်ကို
အမြဲစောင့်ကြည့်ရတော့မယ်။ ဂိမ်းဆိုတာ လူငယ်တွေ focus လုပ်နေတဲ့ အရာတစ်ခု။
အထူးသဖြင့် လူချမ်းသာနဲ့ ငွေအသင့်တင့်ရှိသူတွေ စွဲစွဲမြဲမြဲ ဆော့ကြတယ်။
ဒီလူငယ်တွေကို အခြေခံလို့ Game Business Market တစ်ခု
ဖြစ်အောင် ဘယ်လို စွမ်းဆောင်မလဲ။ တစ်ယောက်တည်း မလုပ်နိုင်တာတော့ သေချာ တယ်။
ဒါတွေအတွက် လိုအပ်တဲ့ နည်းပညာ၊ ဈေးကွက်ဗျူဟာ၊ ထုတ်လုပ်မှု၊ ဖြန့်ချိမှု
သဘောတရားအားလုံးကို အဖွဲ့လိုက် တိုင်ပင်လုပ်သွား ရင် ဖြစ်နိုင်ပါတယ်။ လက်ရှိ
မြန်မာပြည်မှာ လုပ်ရမှာက ဂိမ်မာတွေ ဂိမ်းဆော့ ရင်း ဝင်ငွေရနိုင်မလားကို
အဖြေရှာတာထက်၊ မြန်မာပြည်က လူငယ်တွေ ဂိမ်းဆော့ရင်း ဝင်ငွေ တစ်ခု ရအောင်
ဘယ်လိုစွမ်းဆောင်ပေးမယ်ဆိုတာပါပဲ။
အနီးစပ်ဆုံး အိန္ဒိယမှာတင် ကမ္ဘာ့ထိပ်တန်း ဂိမ်း developer,
publisher ရုံးခွဲတွေ ရှိတယ်။ ဒါတွေကို မြန်မာပြည်ာရောက်လာအောင် ဖိတ်ခေါ်မှာလား
သို့တည်းမဟုတ် လက်ရှ အနေအထားမှာပဲ ပြည်တွင်း Server based ဂိမ်းကွန်ရက်တစ်ခု
ဖန်တီးမှာလား ဒါတွေကို အားလုံးတွက်ချက်ရမယ်။ တရုတ်နိုင်ငံရဲ့  အိုင်တီ Business
မှာ အွှန်လိုင်းဂိမ်းက ကြီးမားတဲ့ ကဏ္ဍကနေ ပါဝင်နေပါတယ်။
သင်တန်းဖွင့်မှာ အားလုံးဆက်ပြောမယ်။
Freddy --- WOW ဆော့ရင်း Item တွေ ရောင်းပြီး
ပိုက်ဆံရှာတယ်...ကြားဖူးတယ်.. ရနိုင်ပါတယ်.
Su --- အနော် အိုက်တမ်တွေလဲ ရောင်းတယ်....
အနော့်အကောင့်ရော အကောင်ရော ရောင်းတယ်ဗျ.... ပိုက်ပိုက်က ထင်သလောက်ရဘူး.......
အဲဒါကြောင့်....မိန်းကလေး Pro Gamer လုပ်ချင်တာ........ ဂိမ်း Programရောင်း
ဒါမှမဟုတ် ဂိမ်းကစားပြီးတော့ ပိုက်ဆံများကြီးရှာချင်တာပါ..............
Freddy --- ဂိမ်းအသစ်တွေ ကစားပြီး Review တွေ ရေးရင်လည်း
ရနိုင်ပါသေးတယ်.
Su --- ဟုတ်.. မြန်မာကို Connection ကောင်းအောင်လုပ်ပေး
လို့မရဘူးလားဟင်... အနော် စလုံးမှာနေတုန်းက ကစားတဲ့ ဂိမ်းတွေ အခု ရန်ကုန်မှာ
တစ်ခုမှ ကစားလို့မရဘူးရော...... နက်ကောင်းရင် အနော်ကစားရင်းရေးချင်ပါတယ်..
အခုကွန်နက်ရှင်က လုံးဝမကောင်းတာကတစ်ကြောင်း နက်မရတာတစ်ကြောင်းနဲ့
ဘယ်ဂိမ်းမှကစားလို့မရဖြစ်နေတယ်.....း( .......
အောင်ခမ်း (TSJ team) -- မြန်မာပြည်ကို နိုင်ငံတကာ ဂိမ်း
Authority တွေလာတော့မှာပါ။ ခုကတည်းက လက်ရည်သွေးထား။ ကိုယ်တတ်နိုင်တဲ့ ဖက်ကနေ
နိုင်သလောက်စွမ်းဆောင်ထား။
အခု မစုက လမ်းသစ်ဖောက်သူ ဖြစ်လာမှာသိလား။ ဘယ်သူမှ
မစဉ်းစားသေးဘူး။ ကိုယ်တွေက ဒါကိုလုပ်ဖို့၊ ဖြစ်ဖို့ စိတ်ကူးရှိနေပြီဆိုရင်ကို
တစ်ဘမ်းသာနေပြီ။ အိုင်တမ်လေးတွေရောင်းပြီး သူဌေးဖြစ်ချင်တယ်လို့
ဘုရားမှာဆုတောင်းနေရုံနဲပမရတော့ဘူး။ အဲဒါလူတိုင်းဆုတောင်းနေတဲ့ ကိစ္စ။ ကိုယ်တွေက
ဆုတောင်းရုံမကတော့ပဲ ဖြည့်ဆည်းပေးမယ့် တန်ခိုးရှင်ဖြစ်လာရင် အားလုံး
ကိုးကွယ်လာလိမ့်မယ်။ မြန်မာပြည်က လူတိုင်း အားထားရတဲ့ ဂိမ်း Business တစ်ခုပေါ့။
(မြောက်ထားမှ)
ကောနက်ရှင်ကတော့ ကောင်းတော့မှာပါ။ မကြတော့ပါဘူး။ ကျနော်လည်း
ဘုရားမှာဆုတောင်းဆဲပဲ။ အင်တာနက်ကောနက်ရှင်လေး လက်ရှိထက် ၃၀ ရာခိုင်နှုန်းလောက်
မြင့်တက်လာရင် ဂိမ်းတင်မကတော့ပဲ အခြားသော အွန်လိုင်း Based Business တွေ အရှိန်နဲ့တက်လာမှာပါ။
အိုင်ဒီယာတော့ ရှိထားပါစေ။ အွန်လိုင်း ဂိမ်မာလည်းအွန်လိုင်း ဂိမ်မာအလျောက်ပေါ့။
Su --- အနော်က ဂိမ်းPro တော့မဖြစ်ဘူး .. ဘာလို့လဲဆိုတော့
အနော်က ဂိမ်းတစ်မျိုးတည်းကို စွဲပြီး မကစားဘူး... ဂိမ်းကစားရတာ လကိုကြိုက်တာ
ဂိမ်းတစ်မျိုးတည်းကိုကြိုက်တာမဟုတ်ဘူး.....အဲဒါကြောင့် ထွက်သမျှဂိမ်းကို
အကုန်ကစားတယ်.... အွန်လိုင်းမှာ အနော်မကစားဖူး တဲ့ဂိမ်းကိုမရှိဘူး... Facebook
ဂိမ်းကအစ အကုန် ကစားဖူးတယ်..အကုန် လယ်ဗယ်တစ်ရာကျော်ထိပေါ့....... အဲလို
ဂိမ်းသမားတွေအတွက် သီးသန့် Group လုပ်ပြီး Game program အသစ်ရေးပြီးတိုင်း
အနော်တို့လို ဂိမ်မာတွေကို ဖိတ်ပြီးကစားခိုင်းတာတွေရှိရင်ကောင်းမယ်နော်.....
အနော်တို့ Pro-gamer အဖွဲ့လုပ်ထားပြီး ဂိမ်းပရိုဂရမ်တွေ အကဲဖြတ်တာတွေ...
အဲလိုလုပ်ချင်တယ်.. ဒါပေမယ့် မြန်မာတွေမှာ ဂိမ် program ရေးတဲ့လူတွေမရှိတော့
အနော်တို့လိုလူတွေ ဂွိနေတယ်...... အရေးအကြီးဆုံးကတော့ ဗျာ အကိုပြောတဲ့
စပွန်ဆာတွေပေါ့နော်...... မ ရှိဘူးနဲ့တူတယ်....... ဟီးဟီး.. ဂိမ်းဖိုးက
တစ်လတစ်သိန်းကျော်နဲ့မွဲမှာမို့.........
အောင်ခမ်း (TSJ Team)--- အော်။ အားတင်းထားပါ။ ဒီလိုပဲကျနောတို့လည်း
အားတင်းရင်းရှေ့ ဆက်လာတာ အဆင်ပြေတဲ့ အခြေအနေတစ်ခုကို အလိုအလျောက် ရောက်ရှိလာတာပဲ။
ကြိုးစားမှုကိုလည်းပေါင်းစပ်ပေါ့။ ဒီပုံစံအတိုင်းဆို မစုမှာလည်း အိုင်ဒီယာတွေ
ရှိနေတာ မြင်တွေ့ရပါတယ်။
မြန်မာပြည်မှာ ဂိမ်းပရိုဂရမ်သမားတွေ အများကြီးရှိပါတယ်။
နိုင်ငံတကာ ကို လိုက်လို့မှီမမှီကတော့ တစ်ပိုင်းပေါ့။ ရှိတာတော့ ရှိပါတယ်။
မစုပြောတဲ့ Rating ပေးမယ့် ဘုတ်အဖွဲ့ကတော့ မြန်မာပြည်မှာ မရှိသေးဘူး။ ကျနော်
မသိတာလည်း ဖြစ်ရင်ဖြစ်မှာပါ။ ဒီ rating ပေးမယ့် အဖွဲ့ဆိုတာ တိုင်းပြည်တိုင်းမှာ
ရှိကိုရှိရတယ်။ ကော်ပီလောကမှာ နှစ်မျှောနေ တဲ့ မြန်မာပြည်ဟာ 18+ , 13+ ဘာမှ မခွဲပဲ
အကုန်တန်းတူဆော့နေတယ်။
ဒါတွေကို စောင့်ကြည့်မယ့်အဖွဲ့ဆိုတာ ပရိုဂိမ်မာ၊
စွယ်စုံဂိမ်မာတွေလည်း လိုအပ်တယ်။ ဘွဲ့ ရလူကြီးရှေ့နေတင်မကတော့ပဲ
လူငယ်စွမ်းဆောင်ရှင်တွေ ပါဝင်တဲ့ Rating ပေးမယ့်အဖွဲ့၊ ဂိမ်စစ်ဆေးရေး ကောင်စီ
အစရှိသဖြင့်ပြောလို့တောင်မကုန်ပါဘူး။ နောက်မှ ဆက်ပြောကြတာပေါ့
လောလောဆယ်တော့ ကိုယ်နိုင်တဲ့ဘက်ကနေ တက်နိုင်သလောက် ခရီးဆက်
ထားပါ မစု ။ ဖြစ်လာမှာပါ
Su Zi Na အားပေးတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်ရှင့်...
-------
------
August Myanmar Media Group မှ ထောက်ပံ့ပေးသော စာရေးသူတို့ ပါဝင်တဲ့ MM Social Sky
လူငယ် အဖွဲ့တစ်ခုမှ အမေးအဖြေ စကားဝိုင်း တစ်ခု ဖြစ်ပါတယ်။ ဒီအတွက် စိတ်ပါ
ဝင်စားသူပါ အောက်မှ ဆက်လက်ဆေးနွေးသွားနိုင်ပါတယ်။
Aung Kham (TSJ team)
--
Post a Comment