HP က HP EliteBook Revolve PC သစ်ကို ကြေညာခဲ့
အမေရိကန် PC ထုတ်လုပ်သည့် ထိပ်တန်း ကုမ္ပဏီဖြစ်သော HP က HP EliteBook Revolve အမည် ရှိသော tablet နှင့် notebook PC အဖြစ် ၂မျိုး ပြောင်းလဲ အသုံးပြုနိုင် မည့် အဆင့်မြင့် hybrid PC သစ်ကို ကြေညာ လိုက်ပြီဖြစ်ပြီး အဆိုပါ PC မှာ Lenovo Yoga 13 နှင့် Dell XPS 12 အမျိုးအစား tablet PC များနှင့် ဆင်တူမှုရှိသည်။
ယခု HP EliteBook Revolve မှာ display အားဖြင့် 11.6-inch HD display ကိုအသုံးပြုထားပြီး မျက်နှာ ပြင်အကြမ်းခံနိုင်စေရန် Corning Gorilla Glass 2 ဖြင့်ဖုံးအုပ်ပေးထား သည်။
ယနေ့ခေတ်တွင် တွေ့မြင် နေကြရသော hybrid devices များ ကဲ့သို့ပင် Windows operating system အတွက်Windows 7 Pro နှင့် Windows 8 Pro တို့ကိုထောက်ပံ့ပေး ထားကာ Intel ၏ 3rd generation Processors များကိုအသုံးပြုထား၍ လုပ်ဆောင်မှုအပိုင်းမှာလည်း မြန် ဆန်မှုရှိစေမည်ဖြစ်သည်။
connectivity ပိုင်းအတွက် Wi-Fi နှင့် Bluetooth တို့သုံးစွဲနိုင်ရန်ထောက်ပံ့ပေး ထားသည်။ ထုတ်လုပ်သူများ၏ ဖော်ပြပြောဆိုချက်အရ ယခု device မှာ NFC (Near Field Communication) စနစ်ကိုလည်း အသုံးပြုနိုင်မည် ဖြစ်သည်။ သို့ရာတွင်hardware ပိုင်းနှင့်တွဲဖက်အသုံးပြုရမည့် software ကိုမူ သီးသန့်ရောင်းချသွား မည်ဟုဆိုထားသည်။
USB 3.0 port နှင့် DisplayPort တို့ကိုလည်းတပ် ဆင်ပေးထားပြီးdata သိုလှောင်မှု အတွက် 256GB ပမာဏရှိ Solid State Drive အမျိုးအစားကိုသုံးစွဲထားသည်။ keyboard မှာ backlit စနစ် ထောက်ပံ့ပေးထား၍ မှောင်သော နေရာများတွင်လည်း အဆင်ပြေ စွာအသုံးပြုနိုင်မည်ဖြစ်သည်။ HP EliteBook Revolve နှင့်တွဲ ဖက်သုံးစွဲနိုင်မည့် pen ကိုလည်း optional အဖြစ်ဝယ်ယူနိုင်ဦးမည်ဖြစ် သည်။
ယခုအမျိုးအစားမှာ လုပ် ငန်းသုံးအတွက်ရည်ရွယ်ထုတ်လုပ် ထားခြင်းဖြစ်သည့်အတွက် လုပ်ငန်း နှင့်သက်ဆိုင်သော tools နှင့် client management solutions များကိုလည်း ရရှိနိုင်ပြီး Windows Defender နှင့် TPM chip တို့ကဲ့သို့ security services များကိုပါ ထောက်ပံ့ ပေးထားသည်။ 720p HD webcam ပါဝင်ပြီး လာမည့် ၂၀၁၃ မတ်လ၌ဈေးကွက်သို့တင် ပို့မည်ဖြစ်သော်လည်း ဈေးနှုန်းကို မူကြေညာခြင်းမရှိသေးပေ။
အာလုံးပဲလေးစားလျက်(ဝေယံ)
မူရင်း-ရိုးရာလေး
Post a Comment