ကဲသယ်ရင်းတို့ရယ်
အားလုံးအတွက်အဆင်ပြေစေမယ့်နည်းလမ်းကောင်းလေးတွေတစ်နေ့ပြီးတစ်နေ့
တကယ်ကိုအံ့မခန်းတိုးတက်လာတဲ့နေ့စဉ်ဘ၀လေးထဲမှာ
ဒီနည်းလမ်းကလေးကိုလည်းဆောင်ထားပါဦးလို
ကျနော့်လို့အိပ်ပြီးသုံးချင်နေသူတွေအားလုံးပဲ အဆင်ပြေနိုင်ကြပါစေလို့ ကဲ
အောက်ကဆောင်းပါလေးကို စိတ်ဝင်းတစားဖတ်ကြည့်ပါဦး
အိပ်ရင်းနဲ့တော့
ဘယ်လိုသုံးလို့ရပါ့မလဲ။ လှဲလျောင်းနေတဲ့ Position ကနေ အသုံးပြုလို့ရမယ်လို့ ဆိုလိုခြင်း
ဖြစ်ပါတယ်။
အောက်ကိုလည်း မကျစေရဘူးလို့ ထုတ်လုပ်သူတို့က အာမခံထားပါတယ်။ အပူလွန်ကဲမှုကို ကာကွယ်ပေးဖို့အတွက်လည်း စားပွဲမှာ ပန်ကာ အဆင်သင့် ပါရှိပြီးသား ဖြစ်ပါတယ်။ အောက်ကို လပ်တော့ မကျနိုင်အောင်လည်း အဆင့်ဆင့် ချည်နှောင်၊ တပ်ဆင်ထားပေးတဲ့အတွက် သုံးနေရင်းနဲ့ အိပ်ပျော် သွားမယ်ဆိုရင်တောင် ရတယ်လို့ ဆိုပါတယ်။
အိပ်နေတဲ့ အနေအထားမှာတင် မကပါဘူး။ ထိုင်နေရင်းနဲ့လည်း စားပွဲတစ်လုံးလို ပြင်လို့ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ထိုင်နေရင်းမှ ခါးညေင်းလာလို့ အိပ်ပြီး အသုံးပြုချင်သပဆိုရင် ပုံမှာ မြင်တွေ့ရတဲ့အတိုင်း Position ပြောင်းပေးလိုက်ရုံပဲလို့ ဆိုပါတယ်။
သို့ပေမယ့် လက်တော့ ညောင်းမှာတော့ အမှန်ပါပဲ။ ဥာဏ်ကြီးကြီးနဲ့ ထုတ်လုပ်လိုက်တာကတော့ ဂျပန်နိုင်ငံမှဖြစ်ပြီး ညလုံးပေါက် Facebook သုံးတဲ့သူများအတွက် အံကိုက်ဖြစ်လောက်မယ်ထင်ပါတယ်။
--ဟေဟေ စိတ်ဝင်စားစရာပဲနော်
Ref: techblog
Aung Kham (TSJ team)
Post a Comment