0

၂၀၁၀ ခုနှစ်က စလို့ HP တို့ စတင်မိတ်ဆက်ပေးတဲ့ webOS က ပြောမယ် ဆို မအောင်မြင်ခဲ့ပါဘူး။ touch pad, နဲ့ HP ထုတ် ဖုန်းနှစ်မျိုးမှာ သုံခဲ့သေးပေမယ့် ထင်သလောက် ခရီးမရောက်ခဲ့ပါဘူး။ ဒါကြောင့် မိုက်ခရိုဆော့ဖ်ရဲ့  Windows OS ကိုပဲ ပြန်လည်မှီခိုခဲ့ရပါတယ်။

ယခုတော့ ကိုယ်ပိုင် OS ကို ပြန်လည် အသက်သွင်းနေပြီ ဖြစ်ပါတယ်။ Google ရဲ့  Nexus 7 Tablet Computer မှာ upgrade လုပ်ထားတဲ့ webOS ကို အသုံးပြုရာ ထူးခြားကောင်းမွန်နေတာကို မြင်တွေ့ခဲ့ ရပါတယ်။ ဒါကြောင့် Palm ရဲ့  Linux ကိုအခြေခံရေးဆွဲထားသော webOS ကို အဆင့် ထပ်မြင့်တော့မှာ ဖြစ်ပါတယ်။

လက်ရှိ ကျောက်သင်ပုန်း ကွန်ပြူတာနဲ့ စမတ်ဖုန်းမှာပဲ အသုံးပြုနေရတဲ့ webOS ကို HP ထုတ် ကွန်ပြူတာများမှာပါ အသုံးပြုနိုင်အောင် ကြိုးစားနေပြီ ဖြစ်ပါတယ်။ လာမယ့် ၂၀၁၃ CES မှာလည်း HP မှ ထူးထူးခြားခြား အီလက်ထရောနစ် Gadget များ ဝင်ရောက် ပြသ ရန် မျော်လင့်ထားကြကြောင်း သိရပါတယ်။
---မူရင်း
Ref: slash gear
Aung Kham (TSJ team)

Post a Comment

 
Top