0

 သို့ အယ်ဒီတာ

အရင်နှစ်တုန်းက Girlfriend 7.0 ကနေ Wife 1.0 ကို ကျွန်တော် Upgrade လုပ်ခဲ့ပါတယ်။ အဲဒါ မျော်လင့်မထားတဲ့ child processing ပရိုဂရမ် အသစ် ဖြစ်လာတယ်။ ဆော့ဖ်ဝဲဘောင်ချာမှာ အဲလိုဖြစ်လာမယ် လို့ ရေးမထားခဲ့ပါဘူး။

နောက်ပြီးတော့ Wife 1.0 က အခြား ပရိုဂရမ်တွေဆီ အလိုအလျောက် Install လုပ်သွားပြီး Smoking 10.3, Boozing 2.5, Saturday Night Pubs 5.0 စတဲ့ application ကိုတွေ မ Run နိုင်အောင် တားလိုက်ပါတယ်။ ကျွန်တော် အရမ်းကြိုက်တဲ့ Night Club 4.3, Dance ‘n’ Drunk 2.0 နဲ့ Bachelor Party 7.77 တို့ကို Run မယ်ဆိုရင် Wife 1.0 ကို Background မှာ ခဏသိမ်းထားလို့မရဘူး။ ဝင်ဝင်ဖျက်နေတယ်။

အဲဒါကြောင့် ကျွန်တော် Girlfriend 7.0 ကိုပဲ ပြန်လိုချင်ပါတယ်။ သို့ပေမယ့် ဒီပရိုဂရမ်က Un-install လုပ်လို့ မရတော့ပါဘူး။ လုပ်မယ်ကြိုးစားတိုင်း General protection Fault in module House Security. The UN-installation will abort ဆိုတဲ့ စာပဲ တတ်တတ်လာပါတယ်။

ကျွန်တော့ကို ဒါလေး ကူညီပေးပါ။

လေးစားစွာဖြင့်

Desperate User
---
------
---
သို့ ဆော့ဖ်ဝဲ အသုံးပြုသူ

ဒါကတော့ ဒီ ဆော့ဖ်ဝဲ အသုံးပြုတဲ့ အမျိုးသားတိုင်းမှာ ဖြစ်တတ်ပါတယ်။ ဒါက မသုံးခင်ကတည်းက သေချာ မလေ့လာမိခဲ့ကြတာပါ။ လူတော်တော် များများက Girlfriend 7.0 ကနေ Wife 1.0 ကို Upgrade လုပ်ကြပါတယ်။ UTILITIES & ENTERTAINMENT program တစ်ခုဖြစ်လာမယ်လို့ ယုံကြည်တဲ့ ယူဆချက်တွေနဲ့ပေါ့။ တကယ်တော့ Wife 1.0 ဆိုတာ ဆော့ဖ်ဝဲ တစ်ခုအနေနဲ့တောင် မဟုတ်တော့ဘူး။ System တစ်ခုလုံးကို ထိန်းချုပ်မယ့် ဘယ်ဟာကိုမဆို Run နိုင်တဲ့ Operating System ဖြစ်ပါတယ်။

ဒီတော့ Wife 1.0 ကို ပြန် ဖယ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ Girlfriend 7.0 လည်းမရပါဘူး။ delete, Un install, purge တို့ လုပ်ဖို့ဆိုတာ ကိုယ်က install လုပ်ပြီး ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ Girlfriend 7.0 ကနေ Wife 1.0 Upgrade လုပ်လို့ရပါတယ်။ Wife 1.0 ကနေတော့ Girlfriend 7.0 ကို ဘယ်လိုမှ Degrade လုပ်လို့မရတော့ပါဘူး။ အချို့ က လုပ်ဖို့ကြိုးစားတယ်။ ဒီတော့ Operating System က ပေးတဲ့ ဒုက္ခထက် ပိုဆိုးဆိုးရွားရွား ခံရပါတယ်။

ဒီတော့ “Warnings-Alimony/Child Support” ဆိုတာကို အမြဲ သတိနဲ့ စောင့်ကြည့်စေ ချင်တယ်။ ပြီးတော့ Wife 1.0 ကိုလည်း သတိနဲ့ သုံးပါ။ General Partnership Faults (GPFs) ကို အမြဲဖတ်ရှုလေ့လာထား ပါ။ ဆော့ဖ်ဝဲ ပြဿနာ ဖြစ်တိုင်း C:\>APOLOGIZE ဆိုတဲ့ Command လေးကိုပဲ တတ်နိုင်သလောက် အသုံးပြုပေးပါ။

Wife 1.0 ဆိုတာ သုံးတတ်ရင် တော်တော်လေးကို ကောင်းတဲ့ ပရိုဂရမ်ပါ။ သို့ပေမယ့် Maintenance အတွက် အရမ်းကုန်ကျတယ်။ ဒါကြောင့် additional software အနေနဲ့  Flowers 2.1,  Chocolates 5.0 သို့မဟုတ် Movies 4.5, Salary 3.5 စတာတွေကို သုံးပေးပါ။ Performance လည်း တက်စေပါတယ်။

အရေးအကြီးဆုံး မှာချင်တာကတော့ Secretary With Short Skirt 3.3 ဆိုတဲ့ ဆော့ဖ်ဝဲကို လုံးဝ install မလုပ်မိစေပါနဲ့။ သူ့ကိုသာ သွင်းမိရင် Wife 1.0 က ကောင်းကောင်းကြီး ဒုက္ခပေးပါလိမ့်မယ်။

အားလုံးအဆင်ပြေစေ။


--
Ref: softwarefun
Aung Kham (TSJ team)

Post a Comment

 
Top