နိုင်ငံတကာ နည်းပညာသတင်းမီဒီယာများက Samsung Galaxy S4 ကို ၂၀၁၃ ခုနှစ် ဧပြီလမှာ ကြေညာ မှာ ဖြစ်တယ်လို့ ဖော်ပြနေပြီ ဖြစ်ပါတယ်။
နောက်ထပ်ထူးခြားမှုတစ်ခုကတော့
များမကြာမီ ကာလအတွင်း ဈေးနှုန်း ပိုသက်သာတဲ့ Samsung Galaxy Note 2
အမျိုးအစားကို ဥရောပဈေးကွက် မှာ ဖြန့်ချိမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ပြီးတော့
အရွယ် ၁၃.၃ လက်မအထိ ကြီးတဲ့ Tablet မျိုးကိုပါ ၂၀၁၃ မှာ
ထုတ်လုပ်ရောင်းချသွာမယ်လို့ ဆိုပါ တယ်။
Samsung
Galaxy S4 ကတော့ ယခု S3 ထက် ပြောင်းလဲမှုများစွာ ရှိလာ မှာ ဖြစ်ပါတယ်။
Project J လို့အမည် တစ်ခြားအမည်တစ်ခု ပေး ထားပြီး ၅ လက်မအရွယ် 1080p
resolution အဆင့်ရှိတဲ့ Display ကိုအသုံးပြု မှာ ဖြစ် ပါတယ်။ quad-core
processor ဖြစ်ပြီး 2GB RAM နဲ့တွေ့မြင် ရမှာ ဖြစ်ပါ တယ်။ ကင်မရာကလည်း 13
Megapixel လို့ဆိုထားတဲ့အတွက် အမြင့်မား ဆုံးပဲ ဖြစ်ပါတယ်။ Samsung ကတော့
တရားဝင် မကြေညာ ထားသေး ပါဘူး။
သို့ပေမယ့် Samsung Galaxy S4 နဲ့
ပက်သက်တဲ့ အချက်အလက်တွေ ကို ဖော်ပြနေကြဖြစ်ပါတယ်။ Samsung Galaxy S4 ဟာလည်း
S3 လိုပဲ ကမ္ဘာ့ရောင်းအားကောင်း ဖုန်းတစ်လုံး ဖြစ်လာမလာကို တော့ ၂၀၁၃ မှာ
လေ့လာစောင့်ကြည့် ရမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: slashgear
Aung Kham (TSJ team)
Subscribe to:
Post Comments (Atom)
Post a Comment