0


 ငါ့အတွက်ဘာမှမလိုအပ်ဘူး
ချစ်သူ...
အားငယ်တဲ့အချိန်တိုင်းငါ့နံဘေး
မှာ နင်နေပေးနေရင်ပေါ့...


ငါဘာမှမမက်မောဘူး ချစ်သူ...
ငါဝမ်းနည်းတတ်တဲ့အချိန်တိုင်း
နင့်ရင်ခွင်လေးထဲမှာကလေး
တယောက်လို ငိုခဲ့ရရင်ပေါ့...


ငါဘာမှမတောင်းတတော့ပါဘူး
ချစ်သူ...
ငါ့လက်ကလေးကိုကိုင်ပြီး"နင့်ကို
ငါအရမ်းချစ်တယ်"လို့နင့်ဆီက
စကားသံလေးတွေကိုကြားခဲ့ရ
တိုင်းပေါ့...


ကျေးဇူးတင်ပါတယ် ချစ်သူ...
အရာအားလုံးအတွက်ပေါ့...




Phoe Phyu


Post a Comment

 
Top