မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ
ရပ်ဆိုင်းထားသော်လည်း အဆိုပါ စီမံကိန်းအား နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်နောက် ဆက်လက်ဆက်ခံမည့် သမ္မတအသစ် လက်ထက်တွင် ဆက်လက်လုပ်ဆောင်ရန်
အဆိုပါ စီမံကိန်းအား ဦးဆောင်လုပ်ကိုင်သည့် တရုတ် CPI ကုမ္ပဏီမှ
ဒေသခံများအား စည်းရုံးမှုများ လုပ်ဆောင်နေကြောင်း စီမံကိန်းကြောင့်
ပြောင်းရွှေ့ခံရသည့် ဒေသခံများ ဖွဲ့စည်းထားသည့် Mungchying Rawt Jat (MRJ)
အဖွဲ့မှ သိရှိရသည်။
''ဒေသခံတွေကို CPI ကုမ္ပဏီက လူတွေက ကွင်းဆင်းပြီး ဒီစီမံကိန်း
ဆက်လုပ်ဖို့ ထောက်ခံပေးပါ ဆိုတာမျိုးတွေနဲ့ စည်းရုံးနေသလို ဒေသခံတွေရဲ့
လူမှုရေး၊ စီးပွားရေးတွေကိုပါ ကူညီမယ်ဆိုတာမျိုးနဲ့ လိုက်စည်းရုံးနေပါတယ်။
ကျွန်မတို့က ဒီစီမံကိန်း ရပ်နေပြီ။ ဘာလို့စည်းရုံးနေတာလဲမေးတော့ CPI
ကလူတွေက ဒီစီမံကိန်းက ဦးသိန်းစိန် လက်ထက်မှာပဲရပ်တာ နောက်တက်လာမယ့်
သမ္မတလက်ထက်မှာ ပြန်လုပ်မယ်လို့ ပြောပါတယ်'' ဟု MRJ အဖွဲ့မှ ဒေါ်ဂျာခေါန်က
ပြောကြားသည်။ နိုင်ငံတော်သမ္မတကြီးက မြစ်ဆုံစီမံကိန်းအား ၂၀၁၁ ခုနှစ်
စက်တင်ဘာလမှ စတင်၍ ရပ်ဆိုင်းစေခဲ့သော်လည်း ဒေသခံများမှာ
စီမံကိန်းများကြောင့် သိမ်းယူခံခဲ့ရသည့် ကျေးရွာနှင့် လယ်မြေများအား
လက်ရှိကာလအထိ ပိုင်ဆိုင်မှု မရသေးသည့်အပြင် ရွှေတူးဖော်ခြင်းနှင့်
စီမံကိန်းများကြောင့် ဒေသခံများ၏ ဥယျာဉ်ခြံမြေများမှာ ပျက်စီးနေပြီး
ဖြစ်ကြောင်းလည်း သိရသည်။
''စီမံကိန်းရပ်လိုက်တယ် ဆိုပေမယ့် ကျွန်မတို့လို ပြောင်းရွှေ့ခံရတဲ့
သူတွေက အခုအချိန်ထိ ကိုယ့်နေရပ်ကိုယ် ပြန်ခွင့်မရပါဘူး။ ဒီစီမံကိန်းကိုလည်း
ဆက်လုပ်ဖို့ လုံးဝသဘောမတူပါဘူး။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နောက်
ဆက်ခံမယ့် သူတွေကိုလည်း ဒီစီမံကိန်း အပြီးသတ်ရပ်ပေးပါလို့ ပြောချင်သလို၊
သမ္မတကြီးကိုလည်း နောက်တက်မယ့် သမ္မတကို ဒီစီမံကိန်း မလုပ်ဆောင်ဖို့ အမှာစကား
ပြောပေးပါလို့ တောင်းဆိုချင်ပါတယ်'' ဟု ဒေါ်ဂျာခေါန်က ဆက်လက်ပြောဆိုသည်။
မြစ်ဆုံ စီမံကိန်းအား ရပ်ဆိုင်းသည် ဆိုသော်လည်း တရုတ်ကုမ္ပဏီ CPI က
မြစ်ဆုံဒေသမှ ထွက်ခွာမှုမရှိခြင်း၊ ဒေသခံများအား စီမံကိန်းဧရိယာအတွင်း
သွားလာခွင့် ကန့်သတ်ခြင်း စသည့်ဖြစ်ရပ်များ ကြုံတွေ့နေရသဖြင့် ဒေသခံများမှာ
အဆိုပါ ရပ်ဆိုင်းခြင်းအား သံသယ ဖြစ်ပေါ်နေကြောင်းလည်း MRJ အဖွဲ့မှ
သိရှိရသည်။
တရုတ်ကုမ္ပဏီ CPI အနေဖြင့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအား
မြန်မာတစ်နိုင်ငံလုံး၏ သဘောဆန္ဒအရ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက်တွင်
ရပ်ဆိုင်းခဲ့ရသော်လည်း လက်လျှော့မှုမရှိဘဲ လက်ရှိ အာဏာရပါတီ၏ အဓိကပြိုင်ဘက်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား စီမံကိန်း ဆက်လက်လုပ်ရန်
ချဉ်းကပ်မှုများ ပြုလုပ်ခဲ့သည်။
Eleven Media Group
Home
»
မြန်မာ့သတင်း
» မြစ်ဆုံစီမံကိန်းအား သမ္မတရပ်ဆိုင်းမှု နှစ်နှစ်မပြည့်ခင် ဆက်လက်လုပ်ဆောင်ရန် ဒေသခံများအား CPI ကုမ္ပဏီ လိုက်လံစည်းရုံး
Related Posts
ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆော[...]
Apr 09, 2014ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်
လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်[...]
Apr 09, 2014မှတစ်ဆင့်ပထမဦးဆုံးဖုန်း အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုအောင်မြင်စွာပြုလုပ်ခဲ့ (၇.၄.၂၀၁၄)
တယ်လီနောမြန်မာမှ၎င်းတို့ကုမ္ပဏီ၏ Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်းခေါ်ဆိုမှုကိုအောင်မြင[...]
Apr 07, 2014ကြည်နးဂုဏ်ယူစရာကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ ၏မင်္ဂလာဧည့်ခံပွဲ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦး အဖြစ်ထင်ရှားတဲ့ ဦးကိုကိုကြီးနှင့် မခင်သူသူဝင်း တို [...]
Apr 07, 2014ကာချုပ် ရှမ်းပြည်နယ်ခရီး လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံ
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့-SSPP-SSA [...]
Apr 07, 2014စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး စင်တာကို မီးအာမခံကြေး သိန်း ၁၄၀၀ ကျော်ပေး
ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ စတင်တည်ထောင်ပြီးနောက်ပိုင်း ပမာဏ အများဆုံး အာမခံကြေးအဖြစ် ပြီးခဲ့တဲ့နှစ်က[...]
Apr 07, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.