ဦးနေမျိုးဝေက ပုဒ်မ ၅၀၀ ဖြင့် တရားစွဲထားသော ဇေကမ္ဘာဦးခင်ရွှေအား
ဒဂုံမြို့နယ် တရားရုံးမှ လက်ခံစစ်ဆေးမည်ဖြစ်ကြောင်း ဒဂုံမြို့နယ်တရားရုံးမှ
သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ဇေကမ္ဘာ ကုမ္ပဏီမှဥက္ကဋ္ဌ
ဒေါက်တာခင်ရွှေမှ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့်
လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ဦးနေမျိုးဝေ၏ ဂုဏ်သိက္ခာ ကျဆင်းစေရန်
ပြောဆိုခဲ့မှုများကို ဂျာနယ်များတွင်ထည့်၍ ဖော်ပြခဲ့သဖြင့်
တစ်နိုင်ငံလုံးသို့ ပျံ့နှံသွားခဲ့ကြောင်း ဦးနေမျိုးဝေ၏ အမှုဖွင့်ချက်အရ
သိရသည်။
ထို့အတွက် ဒေါက်တာခင်ရွှေအား ဦးနေမျိုးဝေက မတ် ၂၅ ရက်က ဒဂုံမြို့နယ် တရားရုံးသို့ ဦးတိုက်လျောက်ကာ တရားစွဲဆိုခဲ့ကြောင်း သိရသည်။
ထိုသို့ ဦးတိုက်လျောက်ထားမှုအား ဒဂုံမြို့နယ် တရားသူကြီး
ဒေါ်ခင်သန့်ဇင်မှ ဒဂုံမြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူးထံသို့ ကျင့်ထုံးဥပဒေ
ပုဒ်မ ၂၀၂/၁ အရ စုံစမ်းစစ်ဆေးရန် တင်ပြပေးခဲ့ပြီး စစ်ဆေးမှုအား မေ ၃၁
ရက်တွင် တရားရုံးသို့ တင်ပြခဲ့ရာ မြို့နယ်တရားသူကြီး ဒေါ်ခင်သန့်ဇင်မှ
နိုင်ငံရေး လှုံ့ဆော်သည်ဟု စွပ်စွဲပြောဆိုမှု၊ ဂုဏ်သိက္ခာ ထိပါးမှုကြောင့်
ပြစ်မှုကြီးအမှတ် ၆၂/၂၀၁၃ ပြစ်မှုဆိုင်ရာ ပုဒ်မ ၅၀၀ ဖြင့် လက်ခံစစ်ဆေးသွားမည်
ဖြစ်ကြောင်း သိရသည်။
''ကျွန်တော့်ကို ဦးခင်ရွှေက ပြော တယ်။ နေမျိုးဝေတို့ကို အစိုးရက
အရေးယူသင့်တယ်။ အဲဒီလူတွေကို ဖမ်းပစ်လိုက်ပြီးပြီ။ ဘာညာပြောတဲ့အတွက်
တရားပြန်စွဲတာ ဖြစ်ပါတယ်။ Messenger ဂျာနယ်နဲ့ Hot News ဂျာနယ်တို့မှာ
ပါတာဖြစ်ပါတယ်'' ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ
ဥက္ကဋ္ဌနေမျိုးဝေက ဆိုသည်။
ဦးနေမျိုးဝေက ဒဂုံမြို့နယ်တရားရုံးမှ တရားစွဲဆိုထားသော ဇေကမ္ဘာဦးခင်ရွှေ အမှုအား ဇွန် ၁၀ ရက်တွင် စတင်စစ်ဆေးသွားမည် ဖြစ်သည်။
Eleven Media Group
Home
»
မြန်မာ့သတင်း
» ဦးနေမျိုးဝေက ဦးခင်ရွှေအား ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားမှုကို ဒဂုံမြို့နယ် တရားရုံးမှ လက်ခံစစ်ဆေးမည်
Related Posts
ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆော[...]
Apr 09, 2014ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်
လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်[...]
Apr 09, 2014မှတစ်ဆင့်ပထမဦးဆုံးဖုန်း အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုအောင်မြင်စွာပြုလုပ်ခဲ့ (၇.၄.၂၀၁၄)
တယ်လီနောမြန်မာမှ၎င်းတို့ကုမ္ပဏီ၏ Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်းခေါ်ဆိုမှုကိုအောင်မြင[...]
Apr 07, 2014ကြည်နးဂုဏ်ယူစရာကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ ၏မင်္ဂလာဧည့်ခံပွဲ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦး အဖြစ်ထင်ရှားတဲ့ ဦးကိုကိုကြီးနှင့် မခင်သူသူဝင်း တို [...]
Apr 07, 2014ကာချုပ် ရှမ်းပြည်နယ်ခရီး လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံ
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့-SSPP-SSA [...]
Apr 07, 2014စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး စင်တာကို မီးအာမခံကြေး သိန်း ၁၄၀၀ ကျော်ပေး
ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ စတင်တည်ထောင်ပြီးနောက်ပိုင်း ပမာဏ အများဆုံး အာမခံကြေးအဖြစ် ပြီးခဲ့တဲ့နှစ်က[...]
Apr 07, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.