0
 
 
 မေ(၃၀)ဒီပဲယင်း နိုင်ငံရေး အကြမ်းဖက် လုပ်ကြံမှုကြီး ဆယ်နှစ်မြောက် နှစ်ပါတ်လည်နေ့ အခမ်းအနားကို မေ(၃၀)ရက်နေ့ နံနက်ပိုင်းမှာ  ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ကြည်ရွာ တွင် ပြုလုပ်ခဲ့ပါသည်။



ဒီပဲယင်း အကြမ်းဖက်လုပ်ကြံမှုကြီးမှာ ၂၀၀၃ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည် ၏ စည်းရုံးရေး ခရီးစဉ်  မုံရွာမြို့ကို  ရောက်ရှိခဲ့ပြီး မေလ ၃၀ ရက်နေ့ နံနက်ပိုင်းမှာ မုံရွာမြို့မှ ရေဦးမြို့သို့  ထွက်ခွာလာရာ ညဦးပိုင်း အချိန် ဒီပဲယင်းမြို့ အဝင် ကြည်ရွာတွင် ဒီပဲယင်း အရေးအခင်း ဖြစ်ပွားခဲ့ပါသည်။

အဆိုပါ ဒီပဲယင်း အကြမ်းဖက်လုပ်ကြံမှု အောင့်မေ့ဖွယ် အခမ်းအနားကို ယနေ့ မနက်(၈)နာရီတွင် စတင်ခဲ့ရာ အခမ်းအနားမှူးအဖြစ် ဒေါ်နှင်းနိုင်စိုး မှ ဆောင်ရွက်ပြီး ခမ်းအနား ဖြစ်မြောက်ရေး ကော်မတီ ဦးဝင်းမြင့်အောင်မှ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

ထို့နောက် အစီအစဉ် များအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နာယကကြီး ဦးတင်ဦး ၏ သ၀ဏ်လွှာကို ဒီလှိုင်း အယ်ဒီတာ ဦးငြိမ်းသစ်မှ ဖတ်ကြားခြင်း၊ အဖွဲ့ချုပ် သဘာပတိဦးဝင်းတင်၏ သ၀ဏ်လွှာကို ဦးဇော်မျိုးအောင်မှ ဖတ်ကြားခြင်း ဒီပဲယင်း ဆယ်နှစ်မြောက်နှစ် ပါတ်လည် အမှတ်တရစကားကို ဗဟိုကော်မတီဝင် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံမုံရွာအောင်ရှင်မှ ပြောကြားခြင်း၊ ကွယ်လွန်သူ ကဗျာဆရာကြီး ဆရာကြည်မောင်သန်း၏ (ဒီပရင်္ဂ)ကဗျာကို ကဗျာဆရာကျော်ခန့်လူမှ ဖတ်ကြားရွတ်ဆို ခြင်း အဖွဲ့ချုပ် ဗဟိုကော်မတီဝင်ဦးကျော်စိုးလင်း(မန္တလေးမှ) အောင့်မေ့ဖွယ် အ မှတ်တရစကားပြောကြားခြင်း။ ILOနှင့် အလုပ်သမားအရေး၊ လယ်သမားအ  ရေး ဆောင်ရွက်သူ အထက်မြန်မာပြည် တာဝန်ခံဦးကိုကိုကြီးမှ ကျေးဇူးတင်စ ကားပြောကြားခြင်း နှင့် စစ်ကိုင်းတိုင်း အဖွဲ့ချုပ်ဥက္ကဌ ဦးဘာဘာမှာ အမှာ စကားပြောကြားပြီး နေ့လည် ဆယ်နာရီခန့်တွင် အခမ်းအနား အောင်မြင်စွာ
ပြီးဆုံးခဲ့ပါသည်။

အဆိုပါ ဒီပဲယင်း မေ(၃၀)နှစ်ပါတ်လည် အခမ်းအနားကို ရန်ကုန်၊ မန္တလေး၊ မုံရွာ စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ်များမှ အဖွဲ့ချုပ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြောင်း သိရပါသည်။

သစ်ထူးလွင်

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top