လူသုံးများတဲ့ Facebook မှာ
ဖော်ပြထားတာတွေကို မျှဝေ လက်ဆင့်ကမ်းရာမှာ ဆင်ခြင်ကြဖို့ အထင်ကရ ဘလော်ဂါ
တဦးဖြစ်တဲ့ နေဘုန်းလတ်က တိုက်တွန်းလိုက်ပါတယ်။
ရန်ကုန်မြို့မှာ လူငယ်တွေကို ပစ်မှတ်ထားပြီး အပတ်စဉ် ပြုလုပ်နေတဲ့ စကားဝိုင်း တခုမှာ အဲဒီလို ပြောလိုက်တာပါ။
“Facebook
လို ဆိုရှယ်မီဒီယာအပေါ်မှာ တွေ့သမျှဟာတွေကို like လုပ်လိုက် share လုပ်
လိုက်လုပ်တဲ့သူတွေကို စဉ်းစားစေချင်တာက ကိုယ်နှိပ်လိုက် တဲ့ခလုပ်လေး
တစ်ချက်ကြောင့်လူတွေ အများကြီးသေစေနိုင်တယ်ဆိုတာ ကိုပါ။ ...
လက်ညှိုးလေးတစ်ချောင်းနဲ့ပဲနှိပ်နေကြတာ
အဲဒီလက်ညှိုးတွေက တိုင်းပြည်တည်ဆောက်မယ့် လက်ညှိုးလား
တိုင်းပြည်ဖျက်မဲ့လက်လား ဆိုတာ စဉ်းစားစေချင်ပါတယ်”
လို့ နေဘုန်းလတ်က ပြောပါတယ်။
အဲဒါကတော့ ငြိမ်းချမ်းရေးနဲ့ဆိုရှယ်မီဒီယာ လို့ အမည်ပေးထားတဲ့ စကားဝိုင်းတခုမှာ ကြားလိုက်ရတဲ့ စကားတခွန်းပါ။
Facebook
ကို ငြိမ်းချမ်းရေးအတွက် အသုံးပြုသူတွေ ရှိသလို အဲဒီအရေးရဲ့
ဆန့်ကျင်ဘက်အတွက် အသုံးချနေ လှုံ့ဆော်နေသူတွေလည်း အများအပြား ရှိနေပါပြီ။
စကားဝိုင်းကို
တက်ရောက်လာတဲ့ လူငယ်များ Facebook မှာ အသုံးချ လှုံ့ဆော်တာတွေကို
သတိထားမိဖို့၊ ငြိမ်းချမ်းရေးပျက်ပြားအောင် လှုံ့ဆော်တာတွေကို အားမပေးကြဖို့
အဲဒီလို တိုက်တွန်းလိုက်တာလို့ ယူဆရပါတယ်။
တနင်္ဂနွေ စကားဝိုင်းတွေမှာ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယန်ဘာသာဝင် လူငယ်အယောက်(၅ဝ)ကျော်လောက် အပတ်စဉ်တက် ရောက်ခဲ့တယ်လို့လည်းသိရပါတယ်။
ဒီစကားဝိုင်းတွေ
စီစဉ်တဲ့ ခေတ်သစ်လူငယ် (လူထုအခြေပြုစကားဝိုင်း) မှ ကိုထွဏ်းထွဏ်းက
“လူငယ်တွေအချင်းချင်း ပိုမိုရင်းနှီးမှုရှိစေဖို့နဲ့ ဘာသာတစ်ခုနဲ့
တစ်ခုအပေါ်မှာ အခြေခံပြီးဖြစ်ပေါ်နေတဲ့
မှားယွင်းတဲ့အမြင်သဘောထားတွေပြောင်းလဲစေဖို့နဲ့ လူငယ်တွေငြိမ်းချမ်း
ရေးဖော် ဆောင်မှု ဖြစ် စဉ်တွေမှာ
ပါဝင်မှုတိုးများလာဖို့ရည်ရွယ်ပြီးလုပ်တာဖြစ်ပါတယ်” လို့ လို့ ပြောပါတယ်။
ဧပြီလ ၂၈ ရက် နေ့ က စပြီး ဒီစကားဝိုင်းကို ငါးကြိမ်ပြုလုပ်ခဲ့ပြီး စကားဝိုင်းတစ်ခုခြင်းစီကို ခေါင်းစဉ်ခွဲတွေပေးထားတာပါ။
မေလ၂၆
ရက်မှာအစီစဉ်ရဲ့နောက်ဆုံးစကားဝိုင်းကို
ငြိမ်းချမ်းရေးစကားဝိုင်းလို့ခေါင်းစဉ်ပေးပြီး ဗိုလ်တထောင်မြို့နယ်အတွင်းက
YMCA ခန်းမမှာကျင်းပခဲ့ပါတယ်။
ခေါင်းစဉ်အလိုက် အဓိကဆွေးနွေးပေးသူတချို့ကို ဖိတ်ကြားပြီးလူငယ်တွေနဲ့ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါတယ်။
(ဧရာဝတီ)
Related Posts
ကမ္ဘာကို စိုးရိမ်မှူပေးလိုက်တဲ့ ဘေဂျင်း ၂၀၀၈ ပန်းချီကား
တရုတ်-ကနေဒါ ကပြားဖြစ်တဲ့ ပန်းချီဆရာ လီရိ ရေးဆွဲထားတဲ့ ဘေဂျင်း ၂၀၀၈ ဆိုတဲ့ ပန်းချီကားဟာ အတွေးပေ[...]
Apr 07, 2014နွေရောက်ပြီ ဘယ်မှာလဲ ရေ…
ဖွံ့ဖြိုး တိုးတက်မှု နောက် တုံ့ဆိုင်းစွာဖြင့်သာ လိုက်ပါနေရသည့် ဒလမြို့ နယ်၏ အတွင်းပိုင်း ရပ်[...]
Feb 27, 2014မုဒိတာပီတိမျက်ရည်များနှင့် သာဓုအကြိမ်ကြိမ်
“အစ်ကိုသင်းရီရေ . . အစ်ကို့အစ်မ ညွန့်ညွန့်တစ်ယောက် မျက်စိပြန်မြင်သွားပြီ အစ်ကိုရေ။ မနေ့ကပဲ ဆေးရံ[...]
Feb 26, 2014နောက်ကွယ်မှ အဆီအနှစ်စုပ်သူများ
ဓာတ်ပုံ- ကျော်ဇင်သန်း မြန်မာနိုင်ငံတွင် ပထမဆုံးသော ဒေါ်လာသန်းကြွယ်သူဌေးဟု ကိုယ်တိုင်ထုတ်ဖော်ပြေ[...]
Feb 26, 2014၂၀၁၅ မတိုင်မီဖြေပါ ပြည်ခိုင်ဖြိုး
မြန်မာနိုင်ငံ၏ အုပ်ချုပ်မှုမြို့တော်အဖြစ် သတ်မှတ်ထားသော နေပြည်တော်သို့ အမြန်လမ်းမကြီးမှတစ်ဆင[...]
Feb 26, 2014အမှိုက်နဲ့ အနံ့ဆိုးတွေ ပြည့်နေတဲ့ မြို့ပြလူနေမှု ဘဝအပိုင်းအစများ
မလွှကုန်းဘူတာနှင့် ပုဇွန်တောင်ဘူတာကြား ရထားလမ်းတစ်လျှောက်ကို ဖြတ်လိုက်မည် ဆိုရုံဖြင့်ပင် အော[...]
Feb 26, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.