RFA သတင်းဌာန၏ သတင်းအမှားအပေါ်စိတ္တသုခကျောင်းတိုက်၏ ပြန်လည်တုန့်ပြန်ချက်”
စိတ္တသုခကျောင်းတိုက်က သံဃာတွေ ကုလားအိမ်ဝိုင်းဖျက်တယ်ဆိုပြီး RFA-သတင်းဌာနမှ ပြောဆို ရေးသားသော သတင်းသည် လုံးဝမမှန်ကန်သော သတင်းဖြစ်ပါတယ်။ အဲ့ဒီသတင်းကြောင့် စကားလုံး တစ်လုံးချင်းစီရဲ့ သက်ရောက်မှုဟာ စိတ္တသုခကျောင်းတိုက်ဆိုတဲ့ စကားလုံးက ကျောင်းတိုက်ရဲ့သိက္ခာကို ညိုးနွမ်းစေပါတယ်။ သံဃာတော်ဆိုတဲ့စကားလုံးက ဘာသာ၊ သာသနာကို ညိုးနွမ်းအောင်လုပ်တာဖြစ်ပြီး နောက် စိတ္တသုခကျောင်းတိုက်က သံဃာတွေက ကုလားအိမ်ကို ဝိုင်းဖျက်တယ်ဆိုတဲ့ စကားသည်။
သံဃာတော်တွေဟာ မြန်မာနိုင်ငံက သံဃာတော်တွေဖြစ်တဲ့အတွက် နိုင်ငံတကာက မြန်မာနိုင်ငံမှာရှိတဲ့ သံဃာတော်တွေ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေပါတယ်ဆိုပြီး တစ်ကမ္ဘာလုံးက လက်ညိုးထိုး ပြောဆိုလာနိုင်ကာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရန်တိုက်ပေးတဲ့စကားလည်း ဖြစ်တယ်။ ဒါကြောင့် စိတ္တသုခကျောင်းတိုက်က သံဃာတွေက ကုလားအိမ်ဝိုင်းဖျက်တယ်ဆိုပြီး RFA-သတင်းဌာနက သတင်းအမှား ထုတ်လွှင့်သွားခြင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။
RFA-သတင်းဌာန၏လုပ်ရပ်သည် ဘာသာ သာသနာညိုးနွမ်းအောင်လုပ်ခြင်း၊ နိုင်ငံတကာနှင့် ရန်တိုက်ပေးနေခြင်း ဖြစ်ပါတယ်။ RFA သတင်းက ယခုလို ပြောဆိုရေးသားနေခြင်းနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း သတင်းဌာနတစ်ခု၏ အဓိက အရေးအကြီးဖြစ်တဲ့ မိမိသတင်းဌာနက ပြောဆိုရေးသားသော သတင်းအမှားကြီးကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမှာ ဖြစ်ပြီး မှန်မှန်ကန်ကန် ပြန်လည်ထုတ်လွှင့်ပေးရန်နှင့် မှန်မှန်ကန်ကန် မထုတ်လွှင့်ပေးပါက RFA-သတင်းဌာနနှင့် သတင်းပေးပို့သူ ဦးခွန်ဝိုင်း-တို့အား ဘာသာ သာသနာညိုးနွမ်းစေတဲ့အမှု၊ နိုင်ငံရေးလှုံ့ဆော်ဖန်တီးမှု၊ ကျောင်းတိုက် ဂုဏ်သိက္ခာ ညိုးနွမ်းစေတဲ့ အမှုတို့နှင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဆက်သွယ်ပြောဆိုထားပါတယ်။
ထိုသို့ ဆက်သွယ် ပြောဆိုထားရာ RFA-သတင်းဌာန၏ တာဝန်ခံ ဦးဝင်းနိုင်က သတင်းအမှားကို သတင်းအမှန်ပြင်ပြီး (၃၁-၅-၂၀၁၃) ည (၇း၁၀)နာရီတွင် ပြန်လည်ထုတ်လွှင့်ပေးသွားမည်ဟု တာဝန်ခံ တာဝန်ယူသည့်အတွက် တရားစွဲဆိုမှု မပြုတော့ပါ။
အရှင်အင်္ကုရ
စိတ္တသုခကျောင်းတိုက်
လာရှိုးမြို့။
09.47307116
09.403768595
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.