ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မေလ ၂၉ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ကေအိုင်အေနဲ့ ငြိမ်းချမ်းရေး
ဆွေးနွေးပွဲ အစ ဖွင့်ပွဲမိန့်ခွန်းမှာ ဦးအောင်မင်းက အဲဒီလို ပြောလိုက်တာပါ။
လားရှိုးပဋိပက္ခကို စတင်စေခဲ့တဲ့အဖြစ်မှာ အမျိုးသမီးကို မီးရှို့ခဲ့သူဟာ မန္တလေး၊ ကျိုင်းတုံ နဲ့ တောင်ကြီးမြို့
တွေမှာလည်း ဆူပူမှု ဖြစ်ဖို့ ဖန်တီးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဆိုပြီး လားရှိုးမြို့ကျမှ အမျိုးသမီးတဦးကို ဓာတ်ဆီ လောင်းမီးရှို့လိုက်ရာမှာတော့ ပဋိပက္ခတွေ ပေါ်ခဲ့တာဖြစ်တယ်လို့ ဦးအောင်မင်းက ပြောပါတယ်။
“မွတ်စလင် ရှမ်းတစ်ယောက်က ကျိုင်းတုံမှာ ဆူပူမှုဖြစ်အောင် ဖန်တီးပါတယ်။ မဖြစ်ခဲ့ဘူး။ သူက မန္တလေး၊ တောင်ကြီးမှာ လည်း ဆူပူမှု ဖန်တီးတယ်။ မရခဲ့ပါဘူး။ လားရှိုးမှာ ဓာတ်ဆီပုလင်းနဲ့ လိုက်လောင်း မီးရှို့ပြီး ဒီလိုကိစ္စတွေ ထပ်ဖြစ်တာ ဖြစ်ပါတယ်။ သူ့ကိုလည်း ဖမ်းမိထားတယ်။ ဘယ်သူခိုင်းတယ်။ ဘာရည်ရွယ်ချက်ရှိလဲ ဆိုတာ စစ်ကြော ဖော်ထုတ်နေပါတယ်”ဟု ဦးအောင်မင်း ကပြောပါတယ်။
ရခိုင် ပဋိပက္ခ၊ မိတ္ထီလာပဋိပက္ခအပါအ၀င် နိုင်ငံတွင်း ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေဖြစ်တိုင်း “နောက်ကွယ်တွင် ကြိုးကိုင်သူများရှိသည်”လို့ မကြာခဏဆိုသလို သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရ အရာရှိများက ပြောဆိုလေ့ရှိပေမယ့် ဘယ်သူက ကြိုးကိုင်နေတယ်ဆိုတာတော့ အခြေအမြစ်ရှိရှိနဲ့ လက်ဆုပ်လက်ကိုင် ပြနိုင်တာ အခုထိ မရှိသေးပါဘူး။
ပြင်ပလေ့လာသူတွေကလည်း အလားတူ ဒီဖြစ်စဉ်တွေရဲ့နောက်ကွယ်မှာ ကြိုးကိုင်ဖန်တီးနေသူတွေ ရှိတယ်လို့ သုံးသပ်ကြပေမယ့် အစိုးရဘက်က ပြောတဲ့ ပုံစံနဲ့တော့ မတူပါဘူး။
သေချာတာကတော့ မိတ္တီလာ၊ ဥက္ကံနဲ့ မြို့တချို့နဲ့ အခု လားရှိုးက ဖြစ်စဉ်တွေကို သုံးသပ်တဲ့သူတွေက
သေချာပေါက် နောက်ကွယ်မှာ အစီအစဉ်ရှိရှိ ဖန်တီးကြိုးကိုင်သူ ရှိတယ်လို့ ဆိုနေကြပါတယ်။
ဒီသတင်းအပြည့်အစုံကိုလည်း ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ မေခ ရေးသား တင်ပြထားတဲ့ လားရှိုးပဋိပက္ခ ကြိုးကိုင်သူရှိဟု ၀န်ကြီး ဦးအောင်မင်း ပြော (http://burma.irrawaddy.org/archives/40966) ဆိုတဲ့ သတင်းမှာ အပြည့်အစုံဖတ်နိုင်ပါတယ်။
(ဧရာဝတီ)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.