0

 
ကျွန်တော် ကွန်ပျူတာအခြေခံသင်တန်း ပြဖူးပါတယ် စေတနာဝမ်ထန်းဘ၀နဲ့ပေါ့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးကို ပြန်လည်မျှဝေချင်တာနဲ့ ဒီပိုစ့်လေးကို ရေးဖြစ်သွားတာပါ အဲဒါကေတော့ ဒီလိုပါ
ကွန်ပျူတာ အခြေခံကိုစလို့လေ့လာပြီဆိုရင်တော့ မဖြစ်မနေကြုံတွေ့ရမယ့် ပြသနာလေးတစ်ခုပါ အဓိကပြောချင်တာကတော့  လက်ကွက်ပေါ့ ကွန်ပျူတာ တက်သူတွေထဲမှာ
အချို့က အခြေခံကို ကျကျနန သင်ပေးခံရတဲ့သူရှိတယ် အချို့ က မိမိဘာသာ

စိတ်ဝင်စားလို့ လိုက်ကလိရင်း တတ်ခဲ့ကြတာရှိတယ် ဘယ်လိုပဲဖြစ်ဖြစ်
လက်ကွက်လေးတော့ သေချာ မှန်အောင် ရိုက်တတ်ဖို့တော့ အရေးကြီးပါတယ်
သေချာမှန်အောင်ဆိုတာက ကျွန်တော်တို့ လက်ဆယ်ချောင်းနဲ့
သူ့သက်ဆိုင်ရာ ခလုတ်တွေကို ရိုက်တတ်ဖို့ကိုပြောတာပါ အချို့က လက်နှစ်ချောင်းနဲ့
ခလုတ်အကုန်လုံးကိုရိုက်ကြတယ် သူတို့အ၇မ်းမြန်ကြပါတယ် ဒါပေမယ့်
မဖြစ်သင့်တဲ့ အရာတစ်ခုလို့ကျွန်တော်ကတော့သတ်မှတ်တယ် Standard မရှိဘူးပေါ့
ကျွန်တော်ကွန်ပျူတာ စသင်ခါစက ကျွန်တော့်ဆရာက ကျွန်တော့်ကို 
လက်ကွက်ကို မှန်အောင် ၅ရက်တိုင်တိုင် လက်ကွက်ချည်း ကျင့်ခိုင်းတယ်
ကျွန်တော်တို့ကလည်း တယ်အချောင်ခိုချင်ကြတာကို ဆရာလစ်ရင်
ကျွန်တော်လက်နှစ်ချောင်းနဲ့ရိုက်တယ် ဆရာကတွေ့တော့ ဒေါပွပြီးပြောတယ်
အဲဒီတုန်းက စိတ်ထဲမှာ ဆရာ့ကို တော်တော်အပိုလုပ်တယ်လို့ တိုးတိုးလေးရေရွတ်မိခဲ့တယ်
တကယ်တမ်းအခုလိုအချိန်မှာ ဆရာ့ကို အရမ်းကျေးဇူးတင်မိတယ်
ကျွန်တော့်ပတ်ဝန်းကျင်မှာ ကျွန်တော်မြင်ရတဲ့သူအတော်များများက လက်နှစ်ချောင်းနဲ့ရိုက်ကြတယ်
ဘာကြောင့်လဲဆိုတော့ သူတို့ကဂိမ်းဆော့တဲ့လူတွေအများစုပါ
ကွန်ပျူတာအခြေခံကိုလည်းမတတ်ခဲ့ရဘူး ဂိမ်းဆော့မှ ကွန်ပျူတာ ကိုင်ဖူးသူတွေဆိုတော့
လက်ကွက်ကိုလည်း မှန်အောင်မလေ့ကျင်ဘူး မှန်အောင်လေ့ကျင့်ရမှန်းလည်း
မသိတာပါတယ်... ဒါပေမယ့် ကျွန်တော်တို့တွေဟာ ကွန်ပျူတာကို 
စကိုင်ပြီဆိုတာနဲ့ လက်ကွက်မှန်မှန်ရိုက်ဖို့ အရမ်းအရေးကြီးပါတယ်.။
ကျွန်တော်တို့ဟာ တစ်နေ့နေ့မှာ ကွန်ပျူတာ ဂုရုကြီးတွေဖြစ်ရင်လည်း
ဖြစ်လာနိုင်တယ် ဒါပေမယ့် အဲဒီဂုရုကြီးတစ်ယောက်က ကွန်ပျူတာလက်ကွက်ကို
လက်နှစ်ချောင်းနဲ့ရိုက်နေရင် ဘယ်သူကမှ အထင်ကြီးလေးစားမှာ
မဟုတ်ပါဘူး ။ ဘာကြောင့်လဲ အခြေခံမကျေခဲ့တာပါ သူနဂိုကတည်းက လက်နှစ်ချောင်းကို
အကျင့်ပါခဲ့တာလေ ပြင်ဖို့ကို ပျင်းခဲ့တာတွေပါ ။ အခုလည်း ဒီစာကို ဖတ်နေရတဲ့
စာဖတ်သူတွေထဲမှာ လက်နှစ်ချောင်းနဲ့ရိုက်နေသူများ ရှိကောင်းရှိနိုင်ပါတယ်။
ကျွန်တော်အကြံပေးချင်ပါတယ်  လက်ကွက်ကို မှန်အောင်လေ့ကျင်ကြပါ
typing လေ့ကျင့်ဖို့အတွက် ဆော့ဝဲတွေလည်း အရမ်းများပါတယ်
အင်္ဂလိပ်လို အရင်လေ့ကျင့်ပါ  Mavis Typing ဆော့ဝဲကိုကျွန်တော်အကြိုက်ဆုံးပါ။
အင်္ဂလိပ်လို အကြီးအသေး ကျွမ်းကျင်ပြီဆိုတော့မှ မြန်မာလိုလေ့ကျင့်ပါ ပိုလွယ်သွားပါတယ်။
မြန်မာလိုကို အရင် မလေ့ကျင်ပါနဲ့လို့ ဆန္ဒပြုပါရစေ။
ကျွန်တော်သင်ပေးသူတိုင်းကို လက်ကွက်အရင်ကျင့်ခိုင်းပါတယ် သူတို့စိတ်ဆိုးလည်း
ကျွန်တော်လက်ကွက်သာ ကျင့်ခိုင်းတယ် ဘာကြောင့်လဲ ဒါက အခြေခံလေ
ဒါကို ပိုင်နိုင်မှ နောက်တစ်ဆင့်ကို တက်ရမှာ အမှန်တော့လက်ကွက်ကျင့်ဖို့ အချိန် ၂ရက်လောက်သာ ပေးလိုက်ပါ သေချာတတ်ပါတယ်။ အချို့ဆို တစ်ရက်တည်းနဲ့ 
အင်္ဂလိပ်လို မြန်မာလို သေချာရိုက်တတ်ပါတယ်။ မြန်အောင်လေ့ကျင့်ဖို့မလိုပါဘူး
စိတ်မပူနဲ့ သူ့အလိုလိုကို မြန်သွားမှာပါ ။  ကိုယ်ကသာ မပျင်းဖို့လိုပါတယ်
အချောင်မလိုက်ပါနဲ့ ဒီအခြေခံလေးက အချောင်လိုက်ရင် နောက်ပိုင်း 
အဆင်မပြေစရာတွေ အများကြီး ကြုံလာနိုင်ပါတယ်။ စာဖတ်သူတို့ နှိုင်းယှဉ်ကြည့်ပါ
လက်နှစ်ချောင်းနဲ့ ရိုက်နေရသူ အများစုဟာ သူတို့ရဲ့ မျက်စိတွေကို သူတို့လက်တွေပေါ်မှာသာ
အာရုံစိုက်ထားရပါတယ် ။ ဒါကြောင့် သူတို့ရိုက်နေတဲ့စာတွေဟာ မှန်လားမှားလား
သိဖို့ Monitor ကို မကြည့်နိုင်ပါဘူး ဒါက တော်တော်ဆိုးတဲ့အချက်ပါ ။
လက်ကွက်ကို အသေအချာရိုက်တတ်သူဟာ မိမိတို့ရဲ့ မျက်လုံး ကို လက်မှာအာရုံစိုက်ထားစရာ
မလိုပါဘူး ။ မှန်လားမှားလားသိဖို့ Monitor ကိုသာ ကြည့်နေနိုင်ပါတယ် ။
နောက်ထပ်ဆိုးကျိုးတွေ အများကြီးပါ ....... စာရိုက်နှုန်းကလည်း အများကြီးကွာခြားသွားမှာပါ
တစ်ခဏတာလေးကို အချောင်မခိုပါနဲ့လို့ ကျွန်တော်အကြံပေးပါရစေ
ခဲယဉ်းလှတဲ့အရာတစ်ခုလို့စိတ်ထဲမှာသဘောမထားဘဲ ငါလုပ်ကိုလုပ်ရမယ့် အရာလို့
တွေးပြီးလုပ်ပါ တကယ်ကျွမ်းကျင်သွားပါလိမ့်မယ် ကျွန်တော်က ဆရာလုပ်တာမဟုတ်ပါဘူး
ကျွန်တော့်ရဲ့ စာဖတ်သူအားလုံးကို တကယ်တော်တဲ့ တကယ်ကျွမ်းကျင်တဲ့ 
ကွန်ပျူတာ ဂုရုကြီးတွေ ဖြစ်စေချင်တဲ့ ဆန္ဒကြောင့် ဒီပို့စ်လေးကို ရေးလိုက်ရတာပါ
မိမိတို့ပတ်ဝန်းကျင်မှာ အမြင်မတော်တာလေးတွေ တွေ့ရင်လည်း ကိုယ်တတ်နိုင်သလောက်
ပြောပေးကြပါလို့ ဆန္ဒပြုပါရစေ။
အားလုံးပဲအဆင်ပြေနိုင်ကြပါစေဗျာ
အားလုံးကိုအမြဲတမ်းလေးစားလျှက်
www. Diwinner1985@gmail.com

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top