0
လွန်ခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးခံခဲ့ရတဲ့ မင်းသား ရဲတိုက်ဟာ ဒီကနေ့ ညနေပိုင်းမှာ အာမခံနဲ့ ပြန်လည် လွတ်မြောက်လာခဲ့ပါပြီ။ 
 
 ဓာတ်ပုံ- ရဲတိုက်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ

 မေလ ၂၈ ရက်နေ့က မနက်ပိုင်းက ရန်ကုန်မြို့ထဲက စိန့်မေရီ ဘုရားကျောင်း ( စိန်မေရီ ကာ သီဒြယ်) ထဲကို ၀င်ရောက် ဖူးမျှော်ရာမှာ ဘုရားကျောင်း တာဝန်ရှိသူတဦးက မောင်းထုတ်လိုက်လို့ အချင်း များရာက တကိုယ်တော် ဆန္ဒပြခဲ့လို့ ရဲက ဖမ်းဆီးခဲ့တာပါ။ 

ဒီနောက်မှာတော့ သူ့ကို ရဲက ပုဒ်မ ၂၉၅ ဆိုတဲ့ သာသနာ ဆိုင်ရာ အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီး ချုပ် နှောင်ထားခဲ့ပါတယ်။  ဘုရားကျောင်း ဘက်ကလည်း ရဲတိုက်ဘက်က တောင်းပန်ခဲ့ရင် ကျေအေးပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။ 

ဆန္ဒပြမှုနဲ့ပတ်သက်ပြီးလည်း ဘုရားကျောင်းက ဖြစ်စဉ်ကို အငြင်းပွားမှုတွေဖြစ်နေလို့ ထုတ်ပြန်ရှင်းလင်းခဲ့ပါတယ်။ 

ရဲတိုက်ရဲ့ တကိုယ်တော်ဆန္ဒပြမှုကြောင့် အင်တာနက်စာမျက်နှာတွေမှာလည်း အမျိုးမျိုး ဝေဖန်ပြောဆိုသံတွေ ကျယ်လောင်ခဲ့ပါတယ်။ 

အခုတော့ ရဲတိုက်ဟာ အာမခံနဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ အာမခံနဲ့ ရဲစခန်းက ပြန်ထွက်လာချိန်မှာ ဘုရားကျောင်းလူကြီးလည်း ရှိနေခဲ့တယ်လို့ မျက်မြင်တဦးက ပြောပေမယ့် ဘယ်လို ပုံစံနဲ့ အာမခံ ရတယ်ဆိုတာ အသေးစိပ်မသိရသေးပါဘူး။


အိမ့်သံစဉ်~

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top