ယနေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် မြန်မာ့လေကြောင်းမှ ခရီးသည်တင်
လေယာဉ် ဖော်ကာ အမှတ် XY-AIQ သည် ဟဲဟိုးမှ ထွက်ခွာလာပြီး မိုင်းဆက်
လေယာဉ်ကွင်းသို့ဆင်းသက်ရာတွင် ဘရိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့်
အရှိန်လွန်၍ လေယာဉ် ပြေးလမ်းကိုကျော်ပြီး ကိုက် ၂၀၀ အကွာရှိ
ခြံစည်းရိုးတွင် ရပ်တန့်သွားခဲ့ကြောင်း၊ လေယာဉ်၏ ဝဲဘက်တောင်ပံနှင့်
ဝဲဘက်ဘီးများ ပျက်စီး သွားခဲ့ကြောင်း ခရီးသည် ၅၅ ဦးပါရှိပြီး အမျိုးသမီး ၂
ဦး လက်ကျိုးပြီး ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း၊ မစိုးရိမ်ရကြောင်း၊
ဒဏ်ရာရသူများအား မိုင်းဆက် ကုတင် ၁၀၀ တပ်မတော် ဆေးရုံးသို့
ပို့ဆောင်ကုသလျက်ရှိကြောင်း ခရီးစဉ်အား ဆက်လက်ပို့ဆောင်နိုင်ရေး လေယာဉ်
အစားထိုး ပြေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
သတင်းအပြည့်အစုံကိုဒီမှာနှိပ်ဖတ်ပါ
Subscribe to:
Post Comments (Atom)
Post a Comment