0
Eesha Khare လို့အမည်ရတဲ့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ် မှာ နေထိုင်သော ၁၈ နှစ် ကျောင်းသူ လေးက တီထွင်လိုက်တာ ဖြစ်ပါတယ်။ Google က ပေးတဲ့ Young Scientist Award ကိုလည်း ရရှိလိုက်ပါတယ်။


သူမ တီထွင်လိုက်တဲ့ ဘက်ထရီဟာ ဘယ်စမတ်ဖုန်း အမျိုးအစားကိုမဆို စက္ကန့် ၂၀ အတွင်းအားပြည့်အောင် သွင်ပေးနိုင်ပါတယ်။ Supercapacitor  လို့ အမည်ပေးထားပြီး အားသိုလောင်သိမ်းဆည်းထားနိုင်မှု ပမာဏလည်း များပါတယ်။ အရွယ်အစားကတော့ သေးသေးငယ်ငယ်လေးပါ။ အနာဂတ် မှာ ခေါက်ခွေလို့ရတဲ့ ဖုန်း သုံးလည်း ထည့်သွင်းလို့ရမယ့် ဘက်ထရီ မျိုးအထိတောင် တွက်ချက်ဖန်တီးထားခြင်း ဖြစ်ပါတယ်။

1,000-cycle rechargeable battery ဖြစ်ပြီး အကြိမ် ၁ သောင်း Charge လုပ်နိုင်မယ့် ဘက်ထရီဖြစ်တယ်လို့ ဆိုပါတယ်။ သူမရဲ့ ဖန်တီးမှုကို Intel တောင် လက်ဖျားခါသွားပါတယ်။ ဒီလိုထွင်တဲ့ Eesha Khare ကတော့ ဟားဗတ်စ်တက္ကသိုလ်တက်ဖို့ ပညာသင်ဆုရပြီး ပရောဂျက်အတွက် အမေရိကန်ဒေါ်လာ ၅ သောင်း အချီးမြင့်ခံရကြောင်း သိရပါတယ်။

ဗီဒီယိုကြည့်ရှုရန် -

http://youtu.be/Ug1BBMtVYgI

Aung Kham (TSJ team)

Post a Comment

 
Top