ကျနော်တော့ တ်ာတော်ပြင်းထန်မယ့် တိုက်ပွဲတစ်ခုကို မီးစမွေးမိပြီထင်တယ်။
Apple Mac Book တစ်လုံးနဲ့ Windows 8 OS သုံး Windows Laptop တစ်လုံး။
နှစ်လုံးထဲက တစ်လုံးပဲ ကြိုက်ရာရွေးရမယ်ဆို့ရင် စာဖတ်သူတို့ ဘာလိုချင်လဲ
သိချင်ပါတယ်။
Apple ကြိုက်နှစ်သက်သူတို့ ပြောသော စကားသံအချို့ 
"Apple က ပရော်ဖက်ရှင်နယ် User များအတွက်ပါ။ ဗိုင်းရက်စ်လုံးဝ မဝင်ဘူး။ ပရိုဂမ်မာအချို့ လည်း Apple နဲ့မှ အရသာတွေ့သတဲ့။ ဆော့ဖ်ဝဲ အင်ဂျင်နီယာ၊ ဗိသုကာ အင်ဂျင်နီယာ၊ ဒီဇိုင်းသမားတွေ အပါအဝင်ပေါ့။"
Microsoft ကြိုက်နှစ်သက်သူတို့ ပြောသော စကားသံအချို့ 
"Apple က မျက်နှာပြင် resolution ကောင်းတာ တစ်ခုပဲ စားတာပါဗျာတဲ့။ သူက 3D ဆွဲမယ့်သူတွေလောက် အတွက်ကတော့ အဆင်ပြေပါတယ်တဲ့။ တကယ် အတွင်းကျကျ သုံးမယ်ဆိုရင် Windows OS က အကောင်းဆုံးပဲ တဲ့လေ။ Windows ရဲ့  UI နဲ့ Feature က Developer, Designer, Networking Engineer, Programmer များအတွက် အစုံအလင်ပါရှိ ပြီးသား။ ထောက်ပံ့ပြီးသားလို့ ဆိုပါတယ်။"
Macbook နဲ့ Windows Laptop ကြား ပြိုင်ဆိုင်မှုက နိုင်ငံတိုင်းမှာ ဖြစ်နေတာပါ။ စာဖတ်သူတို့ကော OS X သုံး Macbook လား။ Windows သုံး Laptop လား။ ခိုင်လုံသော အကြောင်းပြချက်နဲ့ တကွ ကွန်းမင့်လေးတွေ ဖတ်ချင်ပါသေးတယ်။
-
Aung Kham (TSJ team)

Post a Comment