တတိယမြောက်မျိုးဆက်ဖြစ်တဲ့ Samsung Galaxy Tab 3 ထွက်လာတော့မယ့်အကြောင်း Samsung က ထုတ်ဖော်ကြေညာလိုက်ပါပြီ။
သင်ပုန်းကွန်ပြူတာများ
စတင်ထွက်စဉ်ကတည်းက လူကြိုက်များခဲ့တဲ့ Galaxy Tab အမျိုးအစားကို
Andriod 4.1 Jelly Bean တို့ ကို အသုံးပြုပြီး Galaxy Tab 3 နာမည်နဲ့
ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို Samsung က သူ့ဝက်ဆိုဒ်မှာ ကြေညာလိုက်တာပါ။
၇
လက်မ အရွယ်ရှိတဲ့ ဒီပစ္စည်းသစ်မှာ dual core 1.2GHz chip ကို
အသုံးပြုထားပြီး သိုလှောင်ပမာဏအားဖြင့် 8GB or 16GB ပါရှိမယ်လို့
ဆိုပါတယ်။
ပါဝင်တဲ့ ကင်မရာ
microSD slot ပါရှိတာကြောင့် အချက်အလက်တွေကို 64GB အထိ သိုလှောင်သိမ်းဆည်းနိုင်မှာပါ။
ကင်မရာ ပိုင်းမှာတော့ အရင်မျိုးဆက် Galaxy Tab 2 နဲ့ သိပ်မကွာဘဲ ဓာတ်ပုံရိုက်ဖို့  3-megapixel ကင်မရာ ပါရှိမှာဖြစ်ပါတယ်။
သူ့ ရဲ့ ယှဉ်ပြိုင်ဘက် သင်ပုန်းကွန်ပြူတာအမျိုးအစားတွေဖြစ်တဲ့ iPad Mini နဲ့  Nexus 7 တို့ ကိုတော့ မနည်း ယှဉ်ပြိုင်ရပါလိမ့်မယ်။
resolution display 1,024 x 600 မျှသာ ရှိတာကိုတော့ အားနည်းချက်အဖြစ် တွေ့ရမှာပါ။
ဈေးသက်သာဖွယ်ရှိ
လတ်တလော
လူကြိုက်များပြီး အရောင်းသွက်နေတဲ့ Samsung Galaxy Note 8.0 တွေဟာ ၃၉၉
ဒေါ်လာနဲ့ သာ ရောင်းချနေတာမို့  Samsung Galaxy Tab 3 ကို
ပိုမိုသက်သာတဲ့ဈေးနှုန်းနဲ့ ဝယ်ယူနိုင်မယ့် အခြေအနေမှာ ရှိပါတယ်။
အားလုံးခြုံပြီး ပြောရရင်တော့ Samsung Galaxy Tab 3 ရဲ့ ပါဝင်လာမယ့် စွမ်းဆောင်ရည်တွေဟာ အခြား သင်ပုန်းကွန်ပြူတာတွေနဲ့ ယှဉ်လျှင်
သိပ်အားရစရာမကောင်းပါဘူး။ နဂိုရှိပြီးသား ဈေးကွက် ဆက်ပြီး တည်မြဲနေဖို့သာ ဆက်လက်ထုတ်လုပ်နေပုံပါပဲ။
ဈေးသက်သာတဲ့ Nexus 7 နဲ့ Kindle Fire တို့နဲ့ပဲ ယှဉ်ပြိုင်ရဖွယ်ရှိပါတယ်။
Galaxy Tab ပရိသတ်တွေ မျှော်လင့်နိုင်တာကတော့ ၁၀ လက်မဆိုဒ်အရွယ်အစားရှိတဲ့ Galaxy Tab 10 မကြာခင်ထွက်ရှိလာဖို့ရေးပါပဲ။
ထွက်လာရင်တော့ Galaxy Tab 7 ထက် ပိုမို သာလွန်တဲ့ စွမ်းဆောင်ရည်နည်းပညာသစ်တွေ ပါဝင်လာဖို့လည်း မျှော်လင့်နိုင်မှာပါ။
Galaxy Tab 3 တွေကို မေလအတွင်း စတင်မှာယူနိုင်မှာဖြစ်ပြီး 3G version ကတော့ ဇွန်လမှာ စတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
(Samsung နဲ့ ပတ်သက်တဲ့ သတင်းတပုဒ်ကတော့ နည်းနည်း ပြုံးစရာ ဖြစ်ပါလိမ့်မယ်။
အဲဒါကတော့ Samsung Galaxy S4 အိန္ဒိယမှာ ပရိုမိုးရှင်းလုပ်တဲ့အကြောင်း ဖြစ်ပါတယ်။
ကမ္ဘာကျော် ကန်နန်စတိုင် သီချင်းနဲ့ ပရိုမိုးရှင်းလုပ် မိတ်ဆက်ပါတယ် တဲ့။
ဒီတယ်လီဖုန်းနဲ့ ပတ်သက်လို့
Samsung
Galaxy S4 အကြောင်း သိကောင်းစရာ ဆိုပြီး ဧရာဝတီဘလော့
http://blog.irrawaddy.org/2013/03/samsung-galaxy-s-4.html မှာ
ဖော်ပြခဲ့ပြီးပါပြီ)
၇ လက်မ သင်ပုန်းကွန်ပျူတာသစ် Samsung GALAXY Tab (3) မှာ ပါဝင်တဲ့ အချက်များ -
Processor
1.2 GHz Dual Core processor
Display
7 inch WSVGA(1024 x 600, 169 PPI) TFT
OS
Android 4.1 (Jelly Bean)
Camera
Main(Rear): 3-megapixel camera
Sub (Front): 1.3 -megapixel camera
Battery
Standard battery, Li-ion 4,000 mAh
ကိုးကား။
http://www.samsungmobilepress.com/2013/04/29/Samsung-Unveils-GALAXY-Tab-3-1
http://www.techradar.com/news/mobile-computing/tablets/samsung-announces-7-inch-galaxy-tab-3-1147601
မူရင်းလင့်
Related Posts
Samsung ရဲ့ Version 4.3 ဖုန်းတွေအတွက် ( စမ်ဆောင်းရဲ့ကိုယ်ပိုင်မြန်မာကီးဘုတ်လေးကို ထည့်သွင်းနိုင်ပါပြီ )
လိုအပ်သည့်ဆော့ဝဲများကို အောက်မှာဒေါင်းယူပါ ။Root Explorer Pro ဆော့ဝဲကို ဒီမှာနှိပ်၍ဒေါင်းပါသွား[...]
Nov 28, 2013Galaxy Grand 2 ကို Samsung မိတ်ဆက်
Samsung Galaxy Grand ထွက်ရှိပြီး တစ်နှစ်ခန့်အကြာတွင် Galaxy Grand 2 ကို Samsung ကုမ္ပဏီက မိတ်ဆက်ြ[...]
Nov 26, 2013Android OS သုံး Samsung ရဲ့ Galaxy NX Camera ကိုအမေရိကန် မှာရောင်းပြီ
Normal 0 false false false EN-US X-NONE TH [...]
Nov 20, 2013LG G Flex VS Samsung Galaxy Round ကိုနှိုင်းယှဉ်ခြင်း
Normal 0 false false false EN-US X-NONE TH [...]
Oct 29, 2013Samsung ရဲ့ ATIC S Neo Windows Phone ကို AT&T ကနေရောင်းမည်
Normal 0 false false false EN-US X-NONE TH [...]
Oct 24, 2013
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.