0
Concept အနေနဲ့ပဲ ရှိပါသေးတယ်။ သို့ပေမယ့် မဝေးတော့တဲ့ အနာဂတ်မှာ Apple က ထွက်ရှိလာမယ့် ပစ္စည်းဖြစ်ကြောင်း ရေးသား ဖော်ပြထားကြပါတယ်။ (ပုံမှာ ပြထားတဲ့ ပစ္စည်းကတော့ iPad တပ်လို့ရမယ် i Drive စတီယာရင်ပါ။ သို့ပေမယ့် Apple သာ လူမဲ့ကား ထုတ်ရင် ဘယ်လိုဖြစ်မလဲ ဆိုတာကို အောက်ပါအတိုင်း ရေး သား ဖော်ပြကြပါတယ်။ )


 i Drive စတီယာရင်ကို တပ်၊ ခေါ်မိုးမှာ ၃၆၀ ဒီဂရီကြည့် i Drive တွဲဆက် ကင်မရာတပ်၊ ဘေးမှာ Sensor နှစ်ခုတပ် ဒီလောက်ဆိုရင် လုံလောက်ပြီလို့ Apple က အာမခံထားပါတယ်။

Google လူမဲ့ကားမှာတုန်းက သုံးလိုက်တဲ့ ပစ္စည်းတွေ မနည်းပါဘူး။ Apple ကျတာ့ စတီယာရင်နဲ့ Gadget သုံးလေးခု ပေါင်းစပ်ရုံနဲ့တင် အဆင်ပြေသွားပါတယ်။ iPad မှာ iDrive application ထည့်ပြီး လိုအပ်သလို Monitoring လုပ်ပေးရုံပါပဲ။

သူက Apple ရဲ့  Map ကိုပဲ သုံးပါမယ်။ အင်တာနက်လိုင်းကောင်းကောင်း လိုအပ်ပါတယ်။ ဒါဆိုရင် မြန်မာပြည်မှာ အသုံးပြုလို့ မရသေးတာ သေချာနေပါပြီ။ သူက လိုင်းမပျက်နိုင်၊ မကျနိုင်တဲ့ အင်တာနက်နဲ့မှ ကောင်းကောင်း အလုပ်လုပ်တာလေ။ မောင်းနေရင်း တန်းလန်း ရုတ်တရက် လိုင်းကျသွားပါတယ်ဆိုရင် ကားက ချောက်ထဲထိုးရင်ထိုးဆင်းသွား မှာ။ ဘယ်သူမှ မကယ်နိုင် ပါဘူး။

အင်တာနက် စက္ကန့်ပိုင်းလောက်တောင် မကျနိုင်တဲ့ အမေရိကန်နဲ့ အခြားသော နိုင်ငံတွေမှာတော့ အသုံးပြုလို့ ကြိမ်းသေ အဆင်ပြေမှာပါ။ ရုတ်တရက် လိုင်းကျရင်တောင် Offline မြေပုံနဲ့ အချိန်ပိုင်း emergency မောင်းလို့ ရအောင် သူကြိုးစားပေးပါတယ်။ အမြဲတမ်းကြီး Offline တော့ဘယ်အဆင်ပြေမလဲလေ။

အသုံးပြုလို့ရမယ့်ကားကတော့ ကွန်ပြူတာဘောက်စ် သုံး ကားတွေနဲ့ မှ အဆင်ပြေတယ်လို့ ဆိုပါတယ်။ ယခု မြန်မာပြည်နောက်ပိုင်း ရောက် တဲ့ ကားတွေနဲ့ဆို ကီးကိုက်မှာပါ။  စတီယာရင်ဝီးကို ဝပ်ရှော့မှာ သွားလို့ အဖြုတ်အတပ်လုပ်လိုက်ရုံပါပဲ။

Google နဲ့ အပြိုင် Apple ကလည်း လူမဲ့ကား ဖြစ်လာနိုင်တယ်လု့ ခန့်မှန်းထားကြောင်း သိရပါတယ်။

--
Ref: techblog
Aung Kham (TSJ team)
--
http://blog.techspace.com.mm/2013/04/ipad-apple_26.html

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top