၇၂ ဒေါ်လာ ဆိုတော့ မြန်မာပြည်ရောက်လာလည်း ၇ သောင်း ဝန်းကျင်ပဲ
ပေါက်ဈေးရှိမယ့်ဖုန်း ဖြစ် ပါတယ်။ လက်ထဲမှာ ၇ သောင်း ရှိရင် စဉ်းစားမိတာက
ဈေးသက်သာ Android စမတ်ဖုန်းတွေလေ။ အများအားဖြင့်ကတော့ တရုတ်ဖြစ်ပေါ့။
ဒီတစ်ခါ Nokia လေး လှည့်စဉ်းစားကြည့်ရအောင်။
OS
Nokia
Lumia တွေလို ကမ္ဘာ့ဈေးကြီးဖုန်း က Windows Phone 8 OS ကိုသုံနိုင်စရာ
အကြောင်း မရှိပါဘူး။ Nokia က သူ့ ကီးဘုတ်ဖုန်း တွေ မှာ အသုံးပြုဖို့
အဆင်ပြေမယ့် OS ကို အသုံးပြုမှာပါ။ အခြေခံကတော့ Java ပဲ ဖြစ်မှာပေါ့။
Processor
၇
သောင်းထဲ ရင်းပြီး 2 GHz တော့ မလိုချင်သင့်ဘူးလေ။ သူက 1 GHz နီးနီးတော့
ရှိမှာပါတဲ့။ ဒီလောက်ဆို ကီးဘုတ်ဖုန်း တစ်လုံး ခပ်မြန်မြန် အသုံးပြုရဖို့
ထောက်ပံ့ပေးနိုင် လောက်မှာပါ။
Memory
Internal
ဘယ်လောက်လည်း သေသေချာချာ မသိရသေးပါဘူး။ အများစု ကတော့ 2 GB လောက်ထိ
ပါမယ်လို့ ဆိုပါတယ်။ အကြီးမားဆုံး ထူးခြားချက်ကတော့ SD ကဒ် 64GB
ထပ်ထည့်နိုင်ခြင်း ဖြစ်ပါတယ်။ Portable Media Player, Hard Disk တစ်မျိုး
ဆောင်ရသလို ဖြစ်မတဲ့လေ။
ကင်မရာ
2 MP ပဲရှိပါတယ်။
သိပ်မျှော်လင့်လို့ မရပါဘူး။ flash မပါပါဘူး။ သုံးပျော်ရုံလေးပဲ
ထည့်ထားပေးတာပါ။ နိုကီယာက Lumia တို့လို ဖုန်းမှာတောင် iPhone, Sony, HTC,
Samsung တို့ကို ပင်ပင်ပန်းပန်း လိုက်ဖိုက်နေရတာ ဈေးသက်သာ ကီးဘုတ်ဖုန်းမှာ
ပါမယ့် ကင်မရာ အတွက် မျှော်လင့်ချက် မထားစေချင်ပါဘူး။ အလင်းရောင် ကောင်း
ချိန် မှာတော့ ပုံကောင်းကေင်းထွက်ဖို့ အာမခံ ပါတယ်။
မျက်နှာပြင်
၂.၎
လက်မ အရွယ်အစားက 320 x 240 resolution ပေးနိုင်ပါတယ်။
သူ့ဆိုက်သူ့ဂိုက်နဲ့ကတော့ အံကိုက်ပါပဲ။ ဒီတော့ Resolution ခပ်ကောင်းကောင်း
ဗီဒီယိုတွေ မထည့်မိစေဖို့ လိုအပ်ပါတယ်။
App
App Feature
ဖုန်းလေးပါ။ ဂိမ်း app အတော်များများ သုံးပျော် စေဖို့ ရည်ရွယ်တဲ့
ဈေးသက်သာဖုန်းလေးလည်း ဖြစ်ပါသတဲ့လေ။ သို့ပေမယ့် ကီးဘုတ်ဖုန်း ဖြစ်နေတော့
ဘယ် ဂိမ်းများ ကောင်းကောင်း ဆော့နိုင်မလဲလို့ စဉ်းစားစရာတွေ ဖြစ် ရပါတယ်။
တစ်ခု အပြည့်အဝ ထောက်ပံ့တာကတော့ Facebook ပါ။ Facebook အသုံးပြုဖို့
ပေါ့ပေါ့ပါးပါးနဲ့ လွယ်ကူမယ့် ဖုန်းလေး ဖြစ်ပါ တယ်တဲ့။ Built in Browser
ပါပြီး Internet Surfing မှာလည်း ပေါ့ပေါ့ ပါးပါး လိုက်နိုင်သတဲ့လေ။ You
tube ကိုတော့ resolution နိမ့်နိမ့်နဲ့ ကြည့်လို့ရအောင် လုပ်ပေးထားပါတယ်။
Music
Nokia
က သီချင်း အပိုင်းမှာလည်း အကောင်းအပြောခံရတဲ့ ဖုန်းလေးပါ။ ဆောင်းဗောက်
ကောင်းပြီး Music အတွက် app များထည့်သွင်း ထားပေး တဲ့အတွက် သီချင်း၊ ဂီတ
နားထောင်ဖို့အတွက် အကောင်းဆုံး စက်တစ်လုံး ဖြစ်လာမှာပါ။
အကြမ်းခံမှု
နိုကီယာက
ကမ္ဘာ့အကြမ်းခံမှု ဖုန်း စာရင်းမှာ နံပါတ် ၁ ယူလာ တာလေ။ ကီးဘုတ်ဖုန်း
ဆိုရင် အကြမ်းခံမှုမှာ ပြောနေ၊မေးနေ စရာတေင် မလိုတော့ပါဘူး။
ကီးဘုတ်များလည်း တည်ဆောက်ဖွဲ့ စည်းပုံ ကျစ်လစ်မှု ရှိပါတယ်။
ဆက်သွယ်မှု ကွန်ရက်
GSM
ပဲရမှာပါ။ 3G ရပြီး လိုင်းဆွဲအား ကောင်းစေမယ့် ဖုန်းလေး ဖြစ် ပါတယ်လို့
ဆိုပါတယ်။ ဆင်းမ်ကဒ် နှစ်ကဒ် ထည့်လို့ရတဲ့ ဖုန်း အမျိုး အစား ဖြစ်ပါတယ်။
နိုင်ငံခြားမှာကျ သုံးကြတယ်လေ။ မိသားစုနဲ့ ဆက်သွယ်ဖို့အတွက်
ကဒ်တစ်ခုသုံးပြီး စီးပွားရေး အတွက် ကဒ်တစ်ခု ထားတာမျိုးပေါ့။ နောက်လည်း
မြန်မာပြည်မှာ ဖြစ်လာမယ် ထင်ပါတယ်။ Wi-Fi ပါတယ်။ Bluetooth ပါဝင်ပါတယ်။
ဖြန့်ချိမည့်ရက်
ဇွန်လမှာ
ဖြန့်ချိမှာ ဖြစ်ပါတယ်တဲ့။ လက်ထဲမှာ ငွေ ၇ သောင်း ရှိနေပြီး ဈေးသက်သာ
Android ဖုန်းတွေကို အယုံအကြည်မရှိဘူး ဆိုရင် Nokia Asha 210
ကိုအလှည့်ပေးနိုင်ပါတယ်။ သူက အာမခံချက် အပြည့်ရမှာပါ။ ဥရောပ ထွက်ဖုန်းလည်း
ဖြစ်တော့ ပစ္စည်း အပိုင်းမှာ စိုးရိမ်စရာ မရှိပါဘူး။
စာဖတ်သူတို့ ရွေးချယ်စရာ ဖုန်းအသစ်လေး တစ်ခု အဖြစ် မိတ်ဆက် ပေးလိုက် ရပါတယ်။
-
Ref: nokia,mashable
Aung Kham (TSJ team)
-
Related Posts
Nokia က Lumia 1520, Lumia 1320 ဖုန်းနှစ်လုံးကိုထုတ်ဖော်ပြသ
Normal 0 false false false EN-US X-NONE TH [...]
Oct 22, 2013Nokia က Lumia 2520 Tablet ကိုထုတ်ဖော်ပြသ
Normal 0 false false false EN-US X-NONE TH [...]
Oct 22, 2013Nokia က Lumia Devices တွေအတွက် Storyteller, Video Director, Beamer စတဲ့ Apps တွေကိုထုတ်ဖော်ပြသ
Normal 0 false false false EN-US X-NONE TH [...]
Oct 22, 2013မျက်နှာပြင်ကျယ် Nokia Phablet – Lumia 1520
Nokia အနေနဲ့ Phablet တေဘတ်-စမတ်ဖုန်း လောကကို ဝင်ရောက် မယ်ဆိုတဲ့ Rumor က တကယ်မှန် သွားပါပြီ။ Nokia[...]
Sep 06, 2013Nokia ဖုန်းကုမ္မဏီ ကို Microsoft သို့ ရောင်းပြီ
ယခုရက်ပိုင်းအတွင်းပဲ တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ Nokia ရဲ့  မိုဘိုင်းဖုန်း စီးပွားရေးနဲ့ ဝန်[...]
Sep 03, 2013Class ဆန်ဆန် Nokia စမတ်ဖုန်း 515
Nokia တို့ တစ်ချိန်က ကီးပတ်ဖုန်း အတော်လေးအောင်မြင်ပါတယ်။ အခုကျတော့ Touch တွေ ပေါ်လာ ချိန် အရင်ကလော[...]
Aug 29, 2013
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.