0
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လျှပ်စစ်ဓာတ်အားမရသေးတဲ့ ရွာပေါင်း ၁,၅ဝဝ ခန့် ရှိနေတယ် လို့ တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေက ပြောဆိုကြောင်း ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ တွေ့ရပါတယ်။

တနင်္ဂနွေနေ့က ရန်ကုန်မြို့ အလုံ ဓာတ်အားပေးစက်ရုံက တည်ဆောက်ဆဲ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို သွားရောက်စဉ်မှာ အဲဒီလို ပြောလိုက်တာပါ။

တိုင်းဝန်ကြီးချုပ်က "ဆင်းရဲနွမ်းပါးမှု လျှော့ချရေး နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်နေ ပြည်သူများ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်" လို့ သတင်းမှာ ရေးပါတယ်။

ဒီစက်ရုံက မဂ္ဂါဝပ် ၁၂ဝ စီမံကိန်းဖြစ်ပါတယ် တဲ့။
ပြီးခဲ့တဲ့ နိုဝင်ဘာမှာ စတင်ခဲ့တဲ့ ဒီစီမံကိန်းက အဆုံးမသတ်သေးပါဘူး။

၄၁ မဂ္ဂါဝပ် - လည်ပတ်နေပြီ။
၄၁ မဂ္ဂါဝပ် - လာမယ့်လ လဆန်းထပိုင်းမှာ လည်မယ်။
၃၈ မဂ္ဂါဝပ် - လာမယ့်နှစ် သြဂုတ်လမှာ လည်ပတ်ဖွယ်ရှိ။

စက်အမျိုးအစားက
UN-6000PC Aero Devivative Engine Gas Turbine ၂ လုံး
Stream Turbine ၁ လုံး ဖြစ်တယ်၊ ဟန်ဂေရီနိုင်ငံထုတ်စက်တွေပါ တဲ့။

ပူးပေါင်းလုပ်ကိုင်နေတာကတော့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နဲ့ ထိုင်းနိုင်ငံက Toyo- Thai Power Myanmar Co.,Ltd. ဖြစ်ပါတယ်။



Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top