ရန်ကုန်မြို့တော်၏ အိုမင်းဟောင်းနွမ်း နေသော ရေပေးဝေမှု စနစ်ကို ခေတ်မီ ရေး အလုံးစုံစစ်
ဆေးပြုပြင်ရန် ဒိန်းမတ် နိုင်ငံမှ ကုမ္ပဏီစုအဖွဲ့တစ်ခုက စတင် လုပ်ဆောင်လျက်ရှိသည်။
ဒိန်းမတ်နိုင်ငံ ရေပေးဝေရေးလုပ်ငန်း (Danish Water Services, VCS Danmark and
Grontmij)သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ(YCDC)၊ ရန်ကုန် ဒေသခံလုပ်ဖော်
ကိုင်ဖက်ကုမ္ပဏီ My Associates တို့ နှင့် မတ်လ ၁၉ ရက်မှ ၂၃ ရက်နေ့အထိ ရန်ကုန်မြို့နေ လူထု
သောက်သုံးရေ အလုံအလောက်ရရှိရေး၊ ရေအလေ အလွင့် ယိုဖိတ်ဆုံးရှုံးမှုလျှော့ချရေး အပါ အ၀င်
စီမံကိန်း၏ အသေးစိတ်တို့ကို ဆွေးနွေးခဲ့ကြသည်။
ရန်ကုန်မြို့တော်လူဦးရေမှာ လေး သန်းမှ ခုနစ်သန်းအထိရှိရာ လူဦးရေ၏ ၃၈ ရာခိုင်နှုန်းသာ ဘုံဘိုင်
ခေါင်းမှ ရေကို သုံးစွဲခွင့်ရနေကြသည်ဟု ဒိန်းမတ် ကုမ္ပဏီစုအဖွဲ့က ဖော်ပြထားသည်။ သုံးစွဲ သူထံ
မရောက်မီ ရေပိုက်ထဲမှယိုထွက်၍ ဆုံးရှုံးသွားသော ရေကို အခွန်အတုတ် မရသော ရေ (non-
revenue water -NRW) ဟုခေါ်သည်။ ထိုသို့ လမ်းတွင် ဆုံးရှုံးသွားသော ရေမှာ ၃၅ ရာခိုင်နှုန်း
ခန့်ရှိမည်ဟု ခန့်မှန်းသည်။
နိုင်ငံတကာအဆင့်မီ ဖိအားတွန်းအား ပေးလိုက်လျှင် လမ်းတွင် ဆုံးရှုံးသွားမည့် ရေမှာ ၄၅ မှ ၅၅
ရာခိုင်နှုန်း အထိပင် ရှိနိုင်သည်ဟု ဆိုသည်။ ပထမအဆင့် စစ်ဆေးပြုပြင်တပ်ဆင် ရန် ဖြစ်နိုင်စွမ်း
လ့လာမှုကို ရန်ကင်း မြို့နယ်ကို စမ်းသပ်ဧရိယာအဖြစ် စတင် ဆောင်ရွက်မည်ဖြစ်သည်။
"YCDC နဲ့ ပူးပေါင်းပြီး ဒီစီမံကိန်း ဆောင်ရွက်ဖို့ အဖွဲ့တစ်ခုဖွဲ့ထားပါ တယ်။ ဆောင်ရွက်မယ့်လူတွေ
ကိုလည်း ကျွန်တော်တို့ အသုံးပြုဖ YCDC က ပေး ထားပါတယ်။ ရန်ကင်းမြို့နယ်ဟာ အကြမ်းအား
ဖြင့် မြို့တော်တစ်ခုလုံးကို ကိုယ်စားပြုတာမို့ ရန်ကင်းမြို့နယ်ကို ပထမလေ့လာဖို့ လုပ်ကိုင်နေပါတယ်"
ဟု ဒိန်းမတ်ရေပေးဝေရေးဌာနမှ ကာစတင်မိုလာက မြန်မာတိုင်း(မ်)ကို ပြောပြသည်။
ရန်ကင်းမြို့နယ်အတွင်းရှိ လုပ်ငန်း စတင်ရာ ဧရိယာတစ်ခုတွင် နေထိုင်သူ ဦးရေ ၄၀,၀၀၀ နှင့်
ရေပိုက်ဆက်သွယ်မှု ၄,၀၀၀ ရှိသည်။ မိမိတို့နေအိမ်ထဲအထိ ရေသွယ်ယူထားသူမှာ အိမ်ထောင်စု
အားလုံး၏ တစ်ဝက်ပင်မရှိပေ။ "ဒီဧရိယာအတွင်းမှာ ရေယိုဖိတ်မှု တွေ ဘယ်လောက်ရှိနေလဲ။
ဒီယိုဖိတ် မှုတွေကို ဘယ်လိုလျှော့ချပြီး အကျိုးရှိ စွာ သုံးစွဲနိုင်အောင် ဘယ်လိုလုပ်မလဲ ဆိုတာ
တွေကို စစ်ဆေးသွားမှာပါ"ဟု ဈေးကွက်နှင့် ဖွံ့ဖြိုးမှုဒါရိုက်တာ ဟန်းမာ တင်ဖရီးစ်မိုလာက ပြော
သည်။
အဓိကရည်ရွယ်ချက်မှာ ရေဆုံးရှုံးမှု NRW အဆင့်ကို ချက်ချင်းလျှော့ချရန် မဟုတ်ဘဲ ငွေကြေး
ထောက်ပံ့မည့် အလှူ ရှင်များအတွက် ဖြစ်နိုင်ဖွယ် စီမံကိန်း များကို လုပ်ဆောင်ရန်အတွက် သတင်း
အချက်အလက်စုဆောင်းရန် ဖြစ် သည်။
"ဧရိယာတစ်ခုလုံးကို လေ့လာ ဆန်းစစ်ပြီး အနာဂတ်မှာလုပ်ဆောင် မယ့် ပြည့်စုံ၍ခေတ်မီသော
ရေပေးဝေ ရေးစနစ်ဟာ ဘယ်လိုပုံဖြစ်သင့်တယ်ဆို တာကို လေ့လာသွားမှာပါ။ ဒါကိုလုပ် ဆောင်
ပြီးသွားရင် ဒီဗျူဟာနည်းစနစ် တွေသုံးပြီး ပိုမိုကောင်းမွန်တဲ့ ရေပေးဝေ ရေးစနစ်တစ်ခုအတွက်
သရုပ်ပြဧရိယာ တစ်ခု ဖြစ်လာမှာပါ။ဒီအချက်အလက် တွေကို အသုံးပြုပြီး ရန်ကုန်ရဲ့ အခြား
ဒေသတွေမှာလည်း အသုံးချသွားနိုင်ပါ လိမ့်မယ်" ဟု မစ္စတာဖရီးစ်မိုလာက ရှင်းပြသည်။
ဒေသတွင်း အတွေ့အကြုံအရ ဇုန် ခွဲခြားသတ်မှတ်ခြင်း၊ ရေပိုက်များ စာရင်း ပြုစုခြင်းနှင့် ရေယိုဖိတ်
မှု ထောက်လှမ်း သိရှိခြင်းတို့ လုပ်ဆောင်စဉ်အတွင်း စမ်းသပ်ဧရိယာ၌ ရေဆုံးရှုံးမှု အတော် ပင်
လျော့ကျသွားမည်ဟု ဒိန်းမတ် အရာရှိများက ပြောသည်။
"ဒီဖြစ်နိုင်စွမ်းလေ့လာမှု ပြီးစီးသွားတာနဲ့ ပြင်ဆင်မှုတွေ ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ အဲဒီတော့မှ
အကောင် အထည်ဖော်လုပ်ကိုင်ရမယ့် အစီအစဉ် အတွက် အကဲဖြတ်ရေးလေ့လာမှု အစီ အစဉ်
ပြီးစီးတာသာ ဖြစ်ပါတယ်"ဟု မိုလာက ပြောပြသည်။
လေ့လာရေးလုပ်ငန်း ပြီးဆုံးပါက ရန်ကင်းမြို့နယ်အတွင်း ရည်မှန်းချက် မှာ ရေယိုဖိတ်ဆုံးရှုံးမှု
NRWကို ၅၀ ရာခိုင်နှုန်း လျှော့ချပြီး ကုန်ကျစရိတ် သက်သာမည့် ရေရှည်အစီအစဉ် ရေးဆွဲမည်
ဖြစ်သည်။
ပထမလေ့လာရေးစီမံချက်သည် ယခု နှစ်ကုန်ပိုင်းတွင် ပြီးစီးမည်ဟု မျှော်လင့် ရကြောင်း၊ ထို့
နောက် အကောင်အထည် ဖော်လုပ်ဆောင်ရန် ကန်ထရိုက်သစ် တစ်ခုကို လက်မှတ်ရေးထိုးကြရ
မည် ဖြစ်ကြောင်း သိရှိရသည်။ အကောင် အထည်ဖော်ရေးလုပ်ငန်းမှာ တစ်နှစ် ထက်ပိုကြာမည်
မဟုတ်ဟု ဒိန်းမတ် ကုမ္ပဏီစုက ပြောသည်။
ခက်ခဲရှုပ်ထွေး စေမည့် အခြားအကြောင်းတရားများမပေါ်ပေါက်ပါက ရန်ကင်းမြို့နယ် အတွင်း စမ်း
သပ်အကောင်အထည် ဖော်မှုသည် ၂၀၁၅ ခုနှစ်အတွင်း ပြီးစီးနိုင် မည်ဟု ကုမ္ပဏီက ပြောသည်။
ရန်ကုန်မြို့အတွက် ရည်မှန်းချက်မှာ ရေလေလွင့်ဆုံးရှုံးမှုကို ၁၀-၂၀ ရာခိုင် နှုန်း လျှော့ချရန်ဖြစ်သည်။
သို့သော် ဤ ရည်မှန်းချက်မှာ ရေရှည်ရည်မှန်းချက် တစ်ခုသာ ဖြစ်သည်။
"ရန်ကုန်မြို့တော် ဒီအဆင့်တကယ် ရောက်ဖို့ နောက်အနှစ် ၃၀ လောက် ကြာနိုင်ပါတယ်။ ဒါပေမဲ့
ဖနွမ်းပင် မြို့တော်မှာ ဒီလိုစီမံကိန်း ၁၀ နှစ်လောက် ပဲ ကြာခဲ့တယ်။ ဒါဟာ အတော် ထူးခြား တာပဲ။
ဒါကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ အတွက် ဒီလောက်အဆင့်အထိ လျှော့ချ ဖို့ မဖြစ်နိုင်စရာ အကြောင်း
မရှိပါဘူး"ဟု VCS Danmark စီမံကိန်းမန်နေဂျာ ဟင်းနရစ်ဂျူးလ်က ပြောပါသည်။
ဖနွမ်းပင်မြို့ ရေပေးဝေရေးစီမံကိန်း ကို ၁၉၉၃-၂၀၀၆ အတွင်း လုပ်ဆောင် ခဲ့ရာ မြို့လူထု ၉၀ ရာခိုင်
နှုန်းကို လုံ လောက်အောင် ရေပေးနိုင်ခဲ့သည်။ ဒိန်းမတ်နိုင်ငံသည် ရေဖြန့်ဝေရေး စီမံလုပ်ဆောင်မှု
ကဏ္ဍတွင် ထိပ်တန်း ခေါင်းဆောင်နိုင်ငံများထဲ၌ တစ်ခုအပါ အ၀င်ဖြစ်သည်။
VCS Danmark ကုမ္ပဏီမှ တာဝန်ယူလုပ်ဆောင်လျက် ရှိသော ဒိန်းမတ်၏ ဒေသပိုင်းတွင် ရေလေ
လွင့်မှု NRWအဆင့်မှာ ၄ ဒသမ ၇ ရာနှုန်းခန့်ရှိမည်ဟု ကုမ္ပဏီက ပြောသည်။ ဒိန်းမတ်တစ်နိုင်ငံလုံး
၏ ပျမ်းမျှ NRW အဆင့်မှာ ၇ ရာနှုန်းခန့်ရှိ သည်။
မာရီယာဒိန်းမတ်
Home
»
မြန်မာ့သတင်း
» အိုဟောင်းနေသော ရန်ကုန်ရေပေးဝေမှုစနစ်ကို ဒိန်းမတ်နိုင်ငံက ပြင်ဆင် ဆောင်ရွက်ပေးတော့မည်
Related Posts
ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆော[...]
Apr 09, 2014ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်
လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်[...]
Apr 09, 2014မှတစ်ဆင့်ပထမဦးဆုံးဖုန်း အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုအောင်မြင်စွာပြုလုပ်ခဲ့ (၇.၄.၂၀၁၄)
တယ်လီနောမြန်မာမှ၎င်းတို့ကုမ္ပဏီ၏ Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်းခေါ်ဆိုမှုကိုအောင်မြင[...]
Apr 07, 2014ကြည်နးဂုဏ်ယူစရာကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ ၏မင်္ဂလာဧည့်ခံပွဲ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦး အဖြစ်ထင်ရှားတဲ့ ဦးကိုကိုကြီးနှင့် မခင်သူသူဝင်း တို [...]
Apr 07, 2014ကာချုပ် ရှမ်းပြည်နယ်ခရီး လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံ
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့-SSPP-SSA [...]
Apr 07, 2014စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး စင်တာကို မီးအာမခံကြေး သိန်း ၁၄၀၀ ကျော်ပေး
ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ စတင်တည်ထောင်ပြီးနောက်ပိုင်း ပမာဏ အများဆုံး အာမခံကြေးအဖြစ် ပြီးခဲ့တဲ့နှစ်က[...]
Apr 07, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.