0
ဘူးသီးတောင် မဲဆန္ဒနယ်က လွှတ်တော် အမတ်ဖြစ်လာသည့် ဦးရွှေမောင် အပါအ၀င် ဘင်္ဂါလီ လွှတ်တော် အမတ်ကို နိုင်ငံသား ဟုတ်မဟုတ် စစ်ဆေးနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ပြောကြားသည်။


နိုင်ငံသားလည်း မဟုတ် တိုင်းရင်းသားလည်း မဟုတ်ပဲ လွှတ်တော် ထဲရောက်ရှိသော ဦးရွှေမောင် အပါအ၀င် လွှတ်တော်အမတ် သုံးဦး ကို ပြည်ထောင်စု ရွေးကောင်ပွဲကော်မရှင်နှင့် လွှတ်တော်က စစ်ဆေးပြီး ပြည်သူလူထု ကျေနပ်အောင် ရှင်းပြရန် အစီစဉ် ရှိမရှိ ရခိုင်တိုင်း ရင်းသား စာရေးဆရာ ဦးခိုင်အောင်ကျော်က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် အဆိုပါ ၀န်ကြီးနှင့် တွေ့ဆုံစဉ် မေးမြန်းလိုက်သည့် အပေါ် ဦးခင်ရီက ယင်းသို့ ဖြေကြားခြင်းဖြစ်သည်။

”မှန်ခြင်း - မမှန်ခြင်း အလီဘိုင်နဲ့ ပြရမှာဖြစ်ရတဲ့ ကိစ္စတခုဖြစ်တာကြောင့် ကျနော်တို့ ဘက်က ယောင်ဝါးဝါးနဲ့  လုပ်လို့ မရပါဘူး၊ သေသေချာချာ အထောက်အထားနဲ့  စစ်ဆေးလျှက်ရှိပါတယ်” ဟု ဦးခင်ရီက ရှင်းပြသည်။

၎င်းတို့ကို စစ်ဆေးပေးရန် သင်္ကြန် မတိုင်မီက တိုင်စာ ရရှိခဲ့သဖြင့် စစ်ဆေးနေခြင်းဖြစ်သည်။

 Rakhine Citizen Journalists

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top