Concept အနေနဲ့ပဲ ရှိပါသေးတယ်။ သို့ပေမယ့် မဝေးတော့တဲ့ အနာဂတ်မှာ Apple က ထွက်ရှိလာမယ့် ပစ္စည်းဖြစ်ကြောင်း ရေးသား ဖော်ပြထားကြပါတယ်။
iPad တစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။ ပုံမှာပြထားတဲ့ i Drive အမည်ရ စတီယာရင်လည်း လိုပါသေးတယ်။
သာမန်
စီးနေကျ ကားပေါ်က ပါတဲ့ စတီယာရင်ကို ဖြုတ် ပုံမှုာ ပြထားတဲ့ i Drive
စတီယာရင်ကို တပ်၊ ခေါ်မိုးမှာ ၃၆၀ ဒီဂရီကြည့် i Drive တွဲဆက် ကင်မရာတပ်၊
ဘေးမှာ Sensor နှစ်ခုတပ် ဒီလောက်ဆိုရင် လုံလောက်ပြီလို့ Apple က
အာမခံထားပါတယ်။
Google လူမဲ့ကားမှာတုန်းက သုံးလိုက်တဲ့ ပစ္စည်းတွေ
မနည်းပါဘူး။ Apple ကျတာ့ စတီယာရင်နဲ့ Gadget သုံးလေးခု ပေါင်းစပ်ရုံနဲ့တင်
အဆင်ပြေသွားပါတယ်။ iPad မှာ iDrive application ထည့်ပြီး လိုအပ်သလို
Monitoring လုပ်ပေးရုံပါပဲ။
သူက Apple ရဲ့  Map ကိုပဲ သုံးပါမယ်။
အင်တာနက်လိုင်းကောင်းကောင်း လိုအပ်ပါတယ်။ ဒါဆိုရင် မြန်မာပြည်မှာ
အသုံးပြုလို့ မရသေးတာ သေချာနေပါပြီ။ သူက လိုင်းမပျက်နိုင်၊ မကျနိုင်တဲ့
အင်တာနက်နဲ့မှ ကောင်းကောင်း အလုပ်လုပ်တာလေ။ မောင်းနေရင်း တန်းလန်း ရုတ်တရက်
လိုင်းကျသွားပါတယ်ဆိုရင် ကားက ချောက်ထဲထိုးရင်ထိုးဆင်းသွား မှာ။ ဘယ်သူမှ
မကယ်နိုင် ပါဘူး။
အင်တာနက် စက္ကန့်ပိုင်းလောက်တောင် မကျနိုင်တဲ့
အမေရိကန်နဲ့ အခြားသော နိုင်ငံတွေမှာတော့ အသုံးပြုလို့ ကြိမ်းသေ
အဆင်ပြေမှာပါ။ ရုတ်တရက် လိုင်းကျရင်တောင် Offline မြေပုံနဲ့ အချိန်ပိုင်း
emergency မောင်းလို့ ရအောင် သူကြိုးစားပေးပါတယ်။ အမြဲတမ်းကြီး Offline
တော့ဘယ်အဆင်ပြေမလဲလေ။
အသုံးပြုလို့ရမယ့်ကားကတော့ ကွန်ပြူတာဘောက်စ်
သုံး ကားတွေနဲ့ မှ အဆင်ပြေတယ်လို့ ဆိုပါတယ်။ ယခု မြန်မာပြည်နောက်ပိုင်း
ရောက် တဲ့ ကားတွေနဲ့ဆို ကီးကိုက်မှာပါ။ စတီယာရင်ဝီးကို ဝပ်ရှော့မှာ
သွားလို့ အဖြုတ်အတပ်လုပ်လိုက်ရုံပါပဲ။
ဈေးနှုန်းက ဒေါ်လာ ၆၀၀
တဲ့လေ။ နောက်နေ သလား အောက်မေ့ ရတယ်။ လူတိုင်း လူမဲ့ ကားပိုင်နိုင်အောင်
လုပ်ပေး သလား အောင့်မေ့ရတယ်။ Apple ရဲ့  i Drive ကိုအရေအတွက် အကန့်အသတ်နဲ့
နိုင်ငံ အကန့်အသတ်နဲ့ ရောင်းချသွား မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
--
Related Posts
Apple ကုန်ပစ္စည်းသစ် ထပ်မံ မြင်တွေ့ရမည်
ပြီးခဲ့တဲ့ လက ၊ ရက်ပိုင်းများက မိတ်ဆက်ကြေညာခဲ့တဲ့ ပစ္စည်းများကို Apple စီအီးအို Tim Cook က New Pro[...]
Oct 29, 2013Apple တို့ Spaceship Campus တည်ဆောက်ရန် အတည်ပြု
စတိဗ်ဂျော့ရဲ့  အိုင်ဒီယာလည်း ပါဝင်တဲ့ Apple ရဲ့  ရုံးအသစ် Spaceship Campus ကို ဆောက်လုပ်ရန် အတည်ြ[...]
Oct 17, 2013Apple တွင် Senior Vice President ရာထူးအတွက် အမျိုးသမီး စီအီးအိုဟောင်း Angela ကိုခန့်အပ်
Angela ကို Apple ရဲ့  Head of retail and online stores ရာထူးနဲ့ ခန့်အပ်ခြင်းပါ။ Executive အဆင့်ရှ[...]
Oct 17, 2013Apple iPhone 5C အလုံးရေ လျော့ထုတ်ပြီ
iPhone 5C တင်မကတော့ပဲ နောင်အနာဂတ်မှာ 5S ကိုပါ လျော့ထုတ်တော့ မှာ ဖြစ်ပါတယ်။ အကြောင်း အရင်း ကတော့ ဝ[...]
Oct 12, 2013
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.