တပ်မတော် တပ်ရင်းတပ်ဖွဲ့ အခြေစိုက် စခန်းများတည်ရှိရာ မင်္ဂလာဒုံမြို့နယ်
သစ်ဆိမ့်ကုန်း ရပ်ကွက် မလိခလမ်း၌ ဧပြီလ၂၇ ရက်နေ့ နံနက်၃နာရီ မိနစ် ၃၀ ခန့်က
ဆူပါ ကာစတန် ၈ဈ / ၈၁၆၃ မော်တော်ယာဉ် ပေါ်၌ ရခိုင်ပြည်နယ်ဘက်မှ ခိုးဝင်လာသော
ဘင်္ဂါလီ အမျိုးသား ၁၆ ဦးကို ရှာဖွေဖော်ထုတ် ဖမ်းဆီးနိုင် ခဲ့သော်လည်း
ဘင်္ဂါလီ အမျိုးသမီး နှစ်ဦး လွတ်မြောက်နေကြောင်း မင်္ဂလာဒုံ မြို့နယ်မှူးရုံး၏
တာဝန်ကျ ရဲအရာရှိက The Voice သို့ပြောကြားသည်။
အဆိုပါ လွတ်မြောက်သွားသော ဘင်္ဂါလီအမျိုးသမီး နှစ်ဦးကို မင်္ဂလာဒုံမြို့နယ်
ရဲစခန်းမှ စုံစမ်းရှာဖွေနေပြီး ဖမ်းမိထားသည့် ဘင်္ဂါလီအမျိုးသား ၁၆ဦးကို
လူဝင်မှုကြီးကြပ် ရေး (လ.ဝ.က) အက်ဥပဒေနှင့် အညီ စွဲချက်တင်သွားမည်
ဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံ၏ အနောက်ဘက်တွင် ရှိသော တစ်ဖက် အိမ်နီးချင်းနိုင်ငံမှ
ဘင်္ဂါလီလူမျိုး များသည် ရခိုင်ပြည်နယ်မှ တစ်ဆင့် ပြည်တွင်းသို့
နည်းလမ်းပေါင်းစုံဖြင့် ခိုးဝင်လျက် ရှိကြရာ ဗုဒ္ဓဘာသာ ရဟန်းတော်များ
အသွင်ဆောင်ကာ သင်္ကန်းဝတ်၍ လည်းကောင်း၊ ခရီးသည်တင် အဝေးပြေးယာဉ်များ၏
ဝမ်းဗိုက်အတွင်းမှ လိုက်ပါ၍ လည်းကောင်း နည်းလမ်း ပေါင်းစုံဖြင့်
ခိုးဝင်လျက် ရှိကြသည်။
The Voice Weekly
Related Posts
ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆော[...]
Apr 09, 2014ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်
လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်[...]
Apr 09, 2014မှတစ်ဆင့်ပထမဦးဆုံးဖုန်း အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုအောင်မြင်စွာပြုလုပ်ခဲ့ (၇.၄.၂၀၁၄)
တယ်လီနောမြန်မာမှ၎င်းတို့ကုမ္ပဏီ၏ Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်းခေါ်ဆိုမှုကိုအောင်မြင[...]
Apr 07, 2014ကြည်နးဂုဏ်ယူစရာကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ ၏မင်္ဂလာဧည့်ခံပွဲ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦး အဖြစ်ထင်ရှားတဲ့ ဦးကိုကိုကြီးနှင့် မခင်သူသူဝင်း တို [...]
Apr 07, 2014ကာချုပ် ရှမ်းပြည်နယ်ခရီး လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံ
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့-SSPP-SSA [...]
Apr 07, 2014စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး စင်တာကို မီးအာမခံကြေး သိန်း ၁၄၀၀ ကျော်ပေး
ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ စတင်တည်ထောင်ပြီးနောက်ပိုင်း ပမာဏ အများဆုံး အာမခံကြေးအဖြစ် ပြီးခဲ့တဲ့နှစ်က[...]
Apr 07, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.