ဝါရှင်တန် - အခြားသူများ၏ ကွန်ပျူ တာများမှ သတင်းအချက်အလက်များ ကို
ခိုးယူနှောင့်ယှက်သူ ဟက်ကာများ သည် ဧပြီလ ၂၃ ရက်နေ့က အေပီ သတင်းဌာန၏ တွစ်တာ
အကောင့်ကို ချိုးဖောက် ၀င်ရောက်ကာ အိမ်ဖြူတော်၌ ပေါက်ကွဲမှုနှ စ်ခု ဖြစ်ပွားပြီ၏း သမ္မတ
အိုဘားမား ထိခိုက်ဒဏ်ရာရရှိသွား ကြောင်း လုပ်ကြံသတင်းများဖော်ပြကာ စတော့ဈေးကွက်ကို
ကမောက်ကမ ဖြစ်စေရန် ဖန်တီးခဲ့ကြသည်။
ဟက်ကာများ၏ဖော်ပြချက်မှာ "အထူး သတင်း- အိမ်ဖြူတော်၌ ပေါက်ကွဲမှု နှစ်ခုဖြစ်ပွားခဲ့ကာ
ဘာရက်အိုဘားမား ဒဏ်ရာရရှိခဲ့" ဟူ၍ဖြစ်သည်။
သို့ရာတွင် အေပီသတင်းဌာနက လည်း မဆိုင်းမတွပင် ယင်း၏ တွစ်တာ အကောင့်မှာ ချိုးဖောက်
ဝင်ရောက်ခြင်း ခံခဲ့ရကြောင်းနှင့် တွစ်တာမှ သတင်း ထုတ်ပြန်မှုများ ယာယီရပ်ဆိုင်းလိုက် ကြောင်း
ကြေးနန်း သတင်းများဖြင့် ဖော်ပြခဲ့သည်။
"သတိပေးအကြံပြုချက်- အေပီ တွစ်တာအကောင့်ကို ချိုးဖောက်ဝင်ရောက် အသုံးပြုခြင်းခံခဲ့ရ
သည်။ အိမ်ဖြူတော် သတင်းနှင့်စပ်လျဉ်းသည့် ဖော်ပြချက်မှာ အစစ်အမှန်မဟုတ်ပါ။သတင်းများ
ကို တတ်စွမ်းသမျှ လျင်မြန်စွာ ဖော်ပြပေး သွားမည်ဖြစ်ပါသည်" ဟု အေပီ ကြေးနန်းသတင်းတွင်
ဖော်ပြခဲ့သည်။
များမကြာမီမှာပင် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျေးကာနေက သမ္မတကြီးသည် မည်သည့်
ထိခိုက်မှုမျှ မကြုံတွေ့ခဲ့ရကြောင်း သတင်းထောက် များကို ပြောကြားခဲ့သည်။
"သမ္မတကြီးဟာ ကောင်းကောင်းမွန် မွန်ရှိနေတယ်လို့ ကျွန်တော်ပြောနိုင်ပါ တယ်။ ကျွန်တော်ဟာ
သူနဲ့တစ်ချိန်လုံး ရှိနေခဲ့တာပါ" ဟု ဂျေးကာနေကဆိုသည်။
အဆိုပါသတင်းမှား ထွက်ပေါ်လာခဲ့ ပြီးနောက်ပိုင်း အမေရိကန်စတော့ရှယ် ယာဈေးကွက်ရှိ
Dow Jones Industrial Average သည် အမှတ်-၁၃၀ ဆုံးရှုံး ခဲ့ကာ သုည ဒသမ ၉ ရာခိုင်နှုန်း
ကျဆင်းခဲ့ ခြင်းနှင့် S&P 500 သည်လည်း အမှတ် ၁၂ မှတ်ကျကာ သုည ဒသမ ၈ ရာခိုင်နှုန်းထိ
ကျဆင်းခဲ့သည်။
ဟက်ကာများသည် သတင်းဌာနကြီး များ၏ တွစ်တာအကောင့်များကို ပုံမှန် ပစ်မှတ်ထား တိုက်
ခိုက်လေ့ရှိသည်။
ဆီးရီးယားသမ္မတ ဘတ်ရှားအယ်လ် အာဆတ်ကို ထောက်ခံသည့် အွန်လိုင်း လှုပ်ရှားသူများက
လည်း လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်း အေအက်ဖ်ပီ တွစ်တာအကောင့်ကို ချိုးဖောက်ဝင်
ရောက်ခဲ့ကြောင်း ၀န်ခံခဲ့သည်။
အေအက်ဖ်ပီတွစ်တာ အကောင့်ကို ချိုးဖောက်ဝင်ရောက်ခဲ့သည့် ဆီးရီးယား အီလက်ထရွန်းနစ်
တပ်မတော်ဟုခေါ် တွင်သော အဆိုပါအဖွဲ့က စကိုင်းနယူး အာရေးဗီးယားနှင့် အယ်လ်ဂျားဇီးယား
မိုဘိုင်းသတင်းဝက်ဘ်ဆိုက်များကို ချိုး ဖောက် ၀င်ရောက်နိုင်ခဲ့ခြင်းအတွက် လည်း အစောပိုင်း
ကာလများက ဂုဏ်ယူ မဆုံးဖြစ်ခဲ့သည်။ 60 Minutes တွစ်တာ အကောင့်တွင်
"အမေရိကန်ပြည်ထောင် စုမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်နေပြီ။ အိုဘားမားဟာ
အယ်လ်ကေ ဒါတွေနဲ့ အိပ်ရာထဲမှာ အရှက်မရှိ ရောက်နေပြီ" ဟုဖော်ပြခဲ့သည်။
နောက်ပိုင်း၌ ယင်းဖော်ပြရေးသား ချက်ကို ဖျက်ပစ်ခဲ့ကာ "ကျွန်တော်တို့ရဲ့ တွစ်တာအကောင့်
မှာရှိတဲ့ 60 Minutes နဲ့ 48 Hours တို့မှာ ပြဿနာတွေ ကြုံတွေ့ခဲ့ရပါတယ်။ အဆင်မပြေခဲ့
ရတာတွေအတွက် တောင်းပန်အပ်ပါ တယ်။ဒီပြဿနာတွေကို တွစ်တာက ဖြေရှင်းနေပါပြီ" ဟု
CBS သတင်း ဌာန က ထုတ်ပြန်ခဲ့သည်။
(အေအက်ဖ်ပီ)
Home
»
နိုင်ငံတကာသတင်း
» အိမ်ဖြူတော်၌ပေါက်ကွဲမှုဖြစ်၍ သမ္မတအိုဘားမားဒဏ်ရာရ ဆိုသော မမှန်သတင်းလွှင့်၍ စတော့ဈေးများကစား
Related Posts
ယူကရိန်းအစိုးရ အရှေ့ပိုင်းဒေသမှာ ထိန်းချုပ်နိုင်ဖို့ ကြိုးစား
ယူကရိန်းအစိုးရဟာ ရုရှားကိုလိုလားနေကြတဲ့ နိုင်ငံရဲ့အရှေ့ပိုင်းက မြို့ကြီးတွေကို ထိန်းချုပ်ထာ[...]
Apr 09, 2014အီတလီနိုင်ငံမှာ ပြီးခဲ့တဲ့ ၄၈ နာရီ အတွင်းက မြေထဲ ပင်လယ်ထဲမှာ လှေနဲ့ မျောနေကြတဲ့ ဒုက္ခသည်ပေါင်း ၄ ထောင် နီးပါးကို ကယ်တင်လိုက်နိုင်တယ်လို့ အီတလီ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
အရေးပေါ် လုပ်ဆောင်ရတဲ့ ကိစ္စတွေမှာ တဖြည်းဖြည်း အခြေအနေ ဆိုးတွေ ပိုတွေ့လာရတယ်လို့ အဲဒီ ပြည်ထဲရေ[...]
Apr 09, 2014အမျိုးသမီးများရဲ့ စကပ်အောက်ကို ဗွီဒီယိုရိုက်ကူးသူ ထောင်ကိုးလကျ
စင်ကာပူနိုင်ငံ Resorts World Sentosa မှာ System Technician အဖြစ် လုပ် ကိုင်နေသူ တစ်ဦးကို အမျိုးသ[...]
Apr 07, 2014ဆော်လမွန်းကျွန်းနိုင်ငံ ရေလွှမ်းမိုးမှုကြောင့် လူ ၁၅ ဦး သေဆုံး
ဆော်လမွန်းကျွန်းနိုင်ငံမှာ ရုတ်တရက် ရေလွှမ်းမိုးမှုကြောင့် ဧပြီ ၆ ရက်မှာတော့ အနည်းဆုံး လူ [...]
Apr 06, 2014ယူကရိန်းအစိုးရရုံးတချို့ ရုရှားလိုလားသူတွေ စီးနင်းခံရ
ယူကရိန်းနိုင်ငံမှာ ရုရှားထောက်ခံတဲ့ ဆန္ဒပြလူစုကြီးဟာ နိုင်ငံအရှေ့ပိုင်းမှာ အစိုးရ အဆောက်အအုံတွေက[...]
Apr 06, 2014ရုရှားလိုလားသူတွေက ယူကရိန်းအစိုးရရုံးတွေသိမ်း
ယူကရိန်း ယာယီသမ္မတ Oleksandr Turchynov ကလီသူရေးနီးယားကို သွားမယ့်ခရီးစဉ်ကို ပယ်ဖျက်လိုက်ပြီး မတည်ငြိ[...]
Apr 06, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.