Samsung, HTC, LG တို့ ကြိုးမဲ့အားသွင်းစနစ် ရရန် ပူးပေါင်း
PMA လို့အမည်ရတဲ့ အဖွဲ့အစည်းကြီးပါ။ Power Matters Alliance လို့ အမည်ရပြီး စမတ်ဖုန်း ကြိုးမဲ့ အားသွင်းနိုင်ဖို့အတွက် အမေရိကန်မှာ ကြိုးပမ်းလျက် ရှိပါတယ်။ ပထမဆုံး အဆင့်အနေနဲ့ အမေရိကန်မှာ အသုံးပြုလို့ ရအောင် အရင်ဖန်တီးမှာ ဖြစ်ပါတယ်။
နောက်ဆိုရင် အမေရိကန်က ရထားဘူတာ၊ လေဆိပ်၊ လူစည်ကားရာ နေရာတွေမှာ အားဖြည့်လို့ရမယ့် နေရာ၊ စင်တာ များ ထားရှိပြီး စမတ်ဖုန်းကို တင်ထားလိုက်ရုံနဲ့ အလိုအလျောက် အားပြည့် စေမှာ ဖြစ်ပါတယ်။ နောက်ဆိုရင် ဘက်ထရီးအားဖြည့်ဖို့ အတွက် ပလက်ပေါက် အလုပ်မရှုပ်တော့ပါဘူး။
Nokia ကတော့ တီထွင်အောင်မြင်ပြီးပါပြီ။ Apple မှလည်း ကြိုးမဲ့ ဖုန်းအားသွင်း စနစ် ဖြစ်လာရန် ကြိုးပမ်းလျက် ရှိကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.