Virtual
World လို့ခေါ်ပါသတဲ့လေ။ Virtual World ဆိုတာ ကွန်ပြူတာ မှာ ဖန်တီးထားတဲ့
ဒုတိယကမ္ဘာလေးပါတဲ့။ ခု အွန်လိုင်းမှာ ဒီစာကို ဖတ်တယ်။ ပြီးတော့
ကွန်းမင့်ဝင်ပေးသွားတယ်။ ဟုတ်ကဲ့။ အဲဒါ virtual world မှာ ဖြစ်တဲ့
အရာတွေပါ။
ဂိမ်းနဲ့ ဥပမာပေးရင် ပိုပေါက်လွယ်ပါတယ်။ WOW
ဆော့တယ်ဆိုပါစို့။ ကိုယ်က ဟီးရိုးတစ်ကောင်ကိုင်ပြီး ပွဲပြီးတဲ့ အထိ
စွဲစွဲမြဲမြဲဆော့တယ်။ ဟုတ်ကဲ့။ ယင်းဟီးရိုးဟာ ကိုယ့်ရဲ့  ဒုတိယ ကမ္ဘာက
ကိုယ်ခွဲ ဖြစ် ပါတယ်။ အွန်လိုင်းဂိမ်းတွေဆော့တယ်။ အပြင်မှာ တကယ်မတွေ့ရပဲ
အွန်လိုင်းမှာ ခင်တယ်။ စကားပြောတယ်။ ယင်းပြုလုပ်ချက်များက Virtual World
မှာပဲ ဖြစ်ပျက်သွားခြင်း ဖြစ်ပါတယ်။ အွန်လိုင်းမှာ မာဖီးယား ဂိမ်းဆော့တယ်
ပိုက်ဆံခိုးတယ်။ လူသတ်တယ်။ အပြင်မှာကျ တကယ်ဘယ်ဟုတ်မလဲလေ။
G talk မှာ
စကားပြောတယ်။ မိန်းကလေးလား၊ ယောင်္ကျားလေး လား မေးတယ်။ တစ်ယောက်နဲ့ တစ်ယောက်
အပြန်အလှန်ကျူတယ်။ အွန်လိုင်းမှာ ရည်းစားထားတန်းတွေ ကစားတယ်။ တကယ် လည်း
ဖြစ် တယ်။ ဟုတ်ကဲ့။ အပြင်မှာ မတွေ့မချင်း အွန်လိုင်းမှာ
ချစ်သူတွေဖြစ်ကြတာဟာလည်း Virtual World မှာ ဖြစ်ပျက်ခြင်း သာ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ
အွန်လိုင်းမှာ စကားပြောကောင်းလို့၊ ဓာတ်ပုံအတင်လှလို့ အပြင်မှာ
တွေ့ဖို့ချိန်းတဲ့အခါ စိတ်ထဲမှာ ထင်ထားတဲ့ ပုံပန်းသဏ္ဍန် မဟုတ်တာမျိုးတွေ
ကြုံရတာပဲလေ။ ဒါအရှင်းဆုံးပဲ။ စာရေးသူ က ရေးလိုက်ရင် ဆုံးမ စကား အမြဲပါတော့
မဆုံးမပဲ မနေနိုင်သလိုလို။ ဒီလိုလေးပါ။
Virtual World ဟာ ကိုယ့်ရဲ
့ ဘဝ အစစ်အမှန်မဟုတ်ပါဘူး။ Facebook ဟာ ကိုယ့်ဘဝ အစစ်အမှန် မဟုတ်ပါဘူ။
Gtalk ဟာ ကိုယ့်ဘဝ အစစ်အမှန်မဟုတ်ပါ့ဘူး။ သူ့ဘဝ အစစ်အမှန်လည်း မဟုတ်ပါဘူး။ G
talk မှာ စကားပြောကောင်းတိုင်း အပြင်မှာ တွေ့ဖို့ ဇွတ်မချိန်းပါနဲ့။
Facebook မှာ ပုံတင်လှတိုင်း အပြင်မှာ လှတယ် မထင်ပါနဲ့။ အပြင်မှာ
လှတိုင်းလည်း အွန်လိုင်းမှာ ရှိချင်မှရှိမယ်။ ရှိလည်း
တိတ်တိတ်နေကောင်းနေမယ်။
Virtual World နဲ့ Real World
ကိုထပ်တူနီးပါးခံစား၊ သိမြင် ထားခြင်းက မှားယွင်းတဲ့ အခြေအနေ တစ်ခု
ဖြစ်ပါတယ်။ အွန်လိုင်းမှာ စကားပြောကောင်းလို့ အပြင်မှာ ခေါ်တွေ့မိပြီး
ဒုက္ခရောက်ရတာတွေ၊ ရာဇဝတ်မှု ဖြစ်ရတာတွေက ကမ္ဘာမှာတင်မက မြန်မာပြည်မှာ ပါ
ဖြစ်လာပါပြီ။
မိတ်ဆွေ တစ်ယောက်လည်း အွန်လိုင်းကနေ အသက် ၂၇
အရွယ်အကို တစ်ယောက်နဲ့ ခင်ပါတယ်တဲ့။ ဒါတောင် ကောင်မလေး မဟုတ်ဘူးနော်။
ဘဲဘဲချင်းခင်ကြတာ။ သဘောရိုးပါပဲ။ သူ့ထက် အသက်ကြီးပြီး စကားပြော ကောင်းတော့
သင်ယူစရာလေးများ ရှိမယ်လို့ အထင်နဲ့ အွန်လိုင်းမှာ တွေ့တိုင်း
တိုင်ပင်သတဲ့လေ။ အပြင်မှာလည်း တွေ့ပြီး သင်တန်းအကြောင်းတွေ၊ အလုပ်ကိစ္စ
အကြောင်းတွေ ပြောဖြစ်သတဲ့။ မိတ်ဆွေ သစ် တိုးတယ် ဆိုပြီး ပျော်နေလေရဲ့ ။
တစ်နေ့ကျ ပိုက်ဆံ ၃ သိန်းချေးပြီး ပြန်ကိုပေါ် မလာတော့ပါဘူး။ ဒီတော့ ကျနော်
ပြောလိုက်ပါတယ်။ မင်း အရင်ဘဝ က ပေးဖို့ရှိတဲ့
အကြွေးလို့ပဲမှတ်လိုက်တော့လို့။
အချို့ ကျတော့လည်း အမှန်အကန်ပါ။
အွန်လိုင်းမှာတွေ့ကျပြီး ပရဟိတ အတူတူလုပ်ဖို့ ချိန်းရာက တကယ်
ကောင်းရာနိုးနိုးတွေ ဖြစ် သွားကြတယ်လေ။ စာရေးသူ ကိုယ်တွေ့ပေါ့။
ပရဟိတတင်မကပဲ အခြားသော လုပ်ငန်းကိစ္စ အတူတူလုပ်လို့ရမယ့် လူအချို
့နဲ့တွေ့ဆုံပြီး အပြင်မှာလည်း တကယ်တွေ့ဆုံ ပါတယ်။ တကယ်လည်း အလုပ်ဖြစ်
ပါတယ်။ အွန်လိုင်းမှာ ကုမ္မဏီတစ်ခုကို လျှောက်တယ်။ အလုပ် လုပ်ပေးတယ်။ ဘဏ်ကနေ
ငွေလွှဲပေးတယ်။ ဒါတွေက အပြင်မှာ မတွေ့ပဲ အွန်လိုင်းမှာပဲ ဖြစ်သွားတာလေ။
မြန်မာပြည်မှာ
Home Based Job, Virtual World Job သိပ်မဖြစ် ထွန်းသေးတာ အဲဒါပဲလေ။
Virtual World အပေါ်မှာ ယုံကြည်မှု၊ ခံယူချက် ထားပုံချင်းမတူကြဘူး။ ဥပမာ
ခုနေ ကုမ္မဏီတစ်ခုကို အင်တာနက်မှာ ဆက်သွယ်ပြီး အွန်လိုင်းကနေ အလုပ်လုပ်မယ်။
ပိုက်ဆံကို ဘဏ်ကနေလွှဲပေးသွားပြောရင် ငြင်းမှာက အမှန်ပါပဲ။ Virtual World
ပေါ်က လုပ်ဆောင်ချက် အပေါ် အချက်ကျကျ သိမြင်ဖို့ လိုသေးတယ်လေ။
Virtual
World က ကိုယ့်ရဲ့  ဒုတိယဘဝ ဆိုပေမယ့် တန်ဖိုး ထားစေချင်ပါတယ်။ အချို
့ကတန်ဖိုးမထားပါဘူး။ ဒါကြောင့် Cyber Bulling တွေ ဆက်တိုက် ဖြစ်လာရပါတယ်။
အပြင်မှာသာ ဘာမှ မဟုတ်တာ။ အွန်လိုင်း ကနေ လှမ်းပြီး ရန်ရှာတာမျိုး၊
မိန်းကလေး တစ်ယောက် ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်တာမျိုး အစရှိသဖြင့်
ဒီခေတ်မှာ ဖြစ်ပျက်နေတာကို တစ်ခုချင်း ပြောနေရင် ကုန်မှာတောင် မဟုတ်ပါဘူး။
Virtual World မှာလည်း ရိုးသားဖို့လိုအပ်ပါတယ်။ ရိုးသားပြီး မှန်ကန်သော
စကား (စာ) ရေးသားခြင်း၊ မျှဝေခြင်း၊ ပြော ဆိုခြင်း၊ ဆက်သွယ်ခြင်းတို့သာ
ပြုလုပ်စေချင်ပါတယ်။ ဒါမှသာ Virtual World ကိုအခြေခံလို့ ကိုယ့်အတွက်
ရလာမယ် အကျိုးအမြတ်တွေ များစွာ ရှိလာမှာ ဖြစ်ပါတယ်။
တကယ်လည်း
ရရှိပါတယ်။ အနီးစပ်ဆုံး ဥပမာ ပေးပါမယ်။ ယခု စာရေးနေသူ ကိုယ်တိုင် Virtual
World ပေါ် မှာ အလုပ်လုပ်နေရပါတယ်။ အလုပ်နဲ့ထိုက်တန်တဲ့ Payment တစ်ခု ကို
ပြန်ရပါတယ်။ အကြောင်းကတော့ Virtual World ပေမယ့် စာရေးသူက တန်ဖိုးထား တယ်
လေ။ အွန်လိုင်းမှာဆိုပေမယ့် Off line Face to Face နဲ့ မထူးမခြားနား
ဖြစ်အောင် အနီးစပ်ဆုံး ညှိယူတယ်။ ပြောဆိုတယ်။ Productivity ကောင်းအောင်
လုပ်တယ်။ သူ့အတွက်လည်း အကျိုးရှိ၊ ကိုယ့်အတွက်လည်း အကျိုးရှိ။
အွန်လိုင်းမှာ တွေ့ဆုံလို့ လုပ်ငန်း ကိစ္စပြောချင်လို့၊ Personal
အရခင်ချင်လို့ ချည်းကပ်မှုတွေတိုင်း ကို ခေါင်းကော့ ရင်မော့
ထိပ်တိုက်တွေ့ဆုံရဲပါတယ်။ လုပ်ကိုင် ရဲပါတယ်။ ယင်းကဲ့သို့ လုပ်ကိုင်၊
အသုံးပြုနေသူတွေ ကမ္ဘာပေါ်မှာ တစ်ပုံကြီးပါ။ ဒုတိယ ဘဝ၊ ဒုတိယ အသက်ကို
ကောင်းကောင်း အသုံးချလို့ အောင်မြင်သွားသူ များလည်း ကမ္ဘာပေါ်မှာ အများကြီး
ရှိနေပါတယ်။
စာဖတ်သူတို့ အနေနဲ့လည်း Virtual World မှာ လုပ်ဆောင် ချက်ကောင်းများ ပြုလုပ်လို့ ကောင်းကျိုးများ ပြန်လည် ရရှိနိုင်ကြ ပါစေ။
-
အောင်ခမ်း (TSJ team)
Related Posts
ကမ္ဘာကို စိုးရိမ်မှူပေးလိုက်တဲ့ ဘေဂျင်း ၂၀၀၈ ပန်းချီကား
တရုတ်-ကနေဒါ ကပြားဖြစ်တဲ့ ပန်းချီဆရာ လီရိ ရေးဆွဲထားတဲ့ ဘေဂျင်း ၂၀၀၈ ဆိုတဲ့ ပန်းချီကားဟာ အတွေးပေ[...]
Apr 07, 2014နွေရောက်ပြီ ဘယ်မှာလဲ ရေ…
ဖွံ့ဖြိုး တိုးတက်မှု နောက် တုံ့ဆိုင်းစွာဖြင့်သာ လိုက်ပါနေရသည့် ဒလမြို့ နယ်၏ အတွင်းပိုင်း ရပ်[...]
Feb 27, 2014မုဒိတာပီတိမျက်ရည်များနှင့် သာဓုအကြိမ်ကြိမ်
“အစ်ကိုသင်းရီရေ . . အစ်ကို့အစ်မ ညွန့်ညွန့်တစ်ယောက် မျက်စိပြန်မြင်သွားပြီ အစ်ကိုရေ။ မနေ့ကပဲ ဆေးရံ[...]
Feb 26, 2014နောက်ကွယ်မှ အဆီအနှစ်စုပ်သူများ
ဓာတ်ပုံ- ကျော်ဇင်သန်း မြန်မာနိုင်ငံတွင် ပထမဆုံးသော ဒေါ်လာသန်းကြွယ်သူဌေးဟု ကိုယ်တိုင်ထုတ်ဖော်ပြေ[...]
Feb 26, 2014၂၀၁၅ မတိုင်မီဖြေပါ ပြည်ခိုင်ဖြိုး
မြန်မာနိုင်ငံ၏ အုပ်ချုပ်မှုမြို့တော်အဖြစ် သတ်မှတ်ထားသော နေပြည်တော်သို့ အမြန်လမ်းမကြီးမှတစ်ဆင[...]
Feb 26, 2014အမှိုက်နဲ့ အနံ့ဆိုးတွေ ပြည့်နေတဲ့ မြို့ပြလူနေမှု ဘဝအပိုင်းအစများ
မလွှကုန်းဘူတာနှင့် ပုဇွန်တောင်ဘူတာကြား ရထားလမ်းတစ်လျှောက်ကို ဖြတ်လိုက်မည် ဆိုရုံဖြင့်ပင် အော[...]
Feb 26, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.