Windows 8မှာ
Windows Key + Xကို နှိပ်ပြီး ဒါမှမဟုတ် ဘယ်ဘက်အောက်ထောင့်ကို Right Clickနှိပ်ရင်
Win X Menu ပေါ်လာပါလိမ့်မယ်။ Win X Menuကို
“Power User Menu” , “Quick Access
Menu”လို့လည်း ခေါ်ပါတယ်။ အဲဒီ Menuမှာ Control Panel, Command Prompt, Task
Manager, File Explorer, Device Managerစတဲ့ System Utilitiesတွေကို လျှင်လျှင်မြန်မြန်
အသုံးပြုနိုင်ဖို့ ပြုလုပ်ပေးထားတာပါ။ Win X Menuကို ပြုပြင်ပေးနိုင်တဲ့ Win + X
Menu Editorဆိုတဲ့ Freeware တစ်ခု ရှိပါတယ်။ Win + X Menu Editorက Win X Menuက
Shortcutsတွေကို Edit လုပ်ပေးနိုင်ပါတယ်။ Shortcutsအသစ်တွေ ထည့်တာတွေ၊ ရှိပြီးသား
Shortcutsတွေကို ဖြုတ် တာတွေ လုပ်ပေးနို်င်ပါတယ်။ Win + X Menu Editorကို သုံးပြီး
Win X Menuမှာ ကောင်းမွန်ပြီး အသုံး၀င်တဲ့ Shortcutsတွေ ထည့်နည်းကို ရေးပါမယ်။
Shut
Down,Restart,Log Out, And More
Windows 8.1မှာတော့
Shut Down, Restart optionsတွေကို Win X Menuမှာ ဖြည့်ပေးမှာ ဖြစ်ပါတယ်။ Windows 8က
Win X Menuမှာ အဲဒီ Shortcutsတွေ ထည့်ဖို့ Win + X Menu Editorက ပြုလုပ်ပေးနိုင်ပါတယ်။
ဒါ့အပြင် Log Out, Switch Userစတဲ့ Optionsတွေကိုလည်း ထည့်နိုင်ပါတယ်။
အမြဲသုံးနေကျ
System Toolsတွေကို Win X Menuမှာထည့် သွင်းပါ။
Power user menuမှာ
System Utilitiesတွေ ပါရှိပေမယ့် သင်အသုံးပြုနေကျ Utilitiesတွေ မပါရှိရင် Win+X
Menu Editorကိုသုံးနိုင်ပါတယ်။ ဥပမာအားဖြင့် Win X Menuမှာ Registry Editorကို ထည့်သွင်းနိုင်ပါတယ်။
ဒီလို လုပ်ဖို့ Add a programကိုနှိပ်ပြီး
C:\Windows\System32\regdt32.exeကို ရွေးပေးပါ။
Favorite
Programsတွေကို ထည့်သွင်းပါ။
System
Utilitiesတွေသာမကဘဲ အသုံးပြုနေကျ Programsတွေကိုလည်း ထည့်သွင်းနိုင်ပါတယ်။ အဲဒီအတွက်
သင့် Favorite Programsတွေကို သုံးချင်တဲ့အခါတိုင်း Windows Key + Xကို နှိပ်ပြီး အလွယ်တကူ
သုံးနို်င်ပါတယ်။
Control Panel
Shortcutတွေကို ထည့်သွင်းပါ။
သင်အသုံးပြုနေကျ
Control Panel က Toolsတွေကိုလည်း ထည့်သွင်း နိုင်ပါသေးတယ်။ Disk Cleanup Toolလို
Administrative Toolsတွေကိုလည်း ထည့်သွင်းနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ Add a programကို နှိပ်ပြီး Add a control
panel item or Add an Administrative Toolsကို နှိပ်ပါ။
Shortcutsတွေကို
Rearrange လုပ်ပါ။
Win X Menuမှာ သင်နှစ်သက်ရာ
Shortcutsတွေ ထည့်ပြီးရင် ရှုပ်ပွ မနေအောင် အစီအစဉ်တကျ စီနိုင်ပါတယ်။ Win + X Menu
Editorကို သုံးပြီး Reorganizeလုပ်နိုင်သလို Categoryတွေ ခွဲခြား ထားရှိနိုင်ပါတယ်။
အသုံးမပြုတဲ့
Shortcutsတွေကို ဖြုတ်ပစ်ပါ။
Shortcutsတွေကို
Rearrange လုပ်လို့ ရသလို အသုံးမပြုတဲ့ Shortcutsတွေကို ဖြုတ်ပစ်ခြင်းဖြင့်လည်း
Win X Menuကို အသုံးပြုရ လွယ်ကူရှင်းလင်းအောင် ပြုလုပ်နိုင်ပါတယ်။ Restore
Defaults optionပါရှိပြီး Power User Menuကို နဂိုအတိုင်းဖြစ်အောင်လည်း ပြုလုပ်နိုင်ပါတယ်။
Websitesတွေကို ထည့်သွင်းပါ။
Win + X Menu
Editorက ဖိုင်တွေ၊ ၀က်ဆိုက်တွေရဲ့ Shortcutsတွေကိုပါ ထည့်သွင်းပေးနိုင်ပါတယ်။ သင်အသုံးပြုနေကျ
၀က်ဆိုက်တွေကို သုံးချင်ရင် Windows Key + Xကို နှိပ်ပြီး အလွယ်တကူ သုံးနိုင်ပါတယ်။
Bookmarksတွေ မှတ်သလို အသုံးပြုဖို့တော့ အဆင်ပြေတဲ့နည်း မဟုတ်ပေမယ့် အသုံးပြုနေကျ ၀က်ဆိုက်တစ်ခု၊
နှစ်ခုကို အလွယ်သုံးဖို့ ပြုလုပ်နိုင်ပါတယ်။
ဒီလိုလုပ်ဖို့ အတွက်
အရင်ဆုံး ၀က်ဆိုက်ရဲ့ Shortcutကို အရင်ပြုလုပ်ရပါမယ်။ Firefoxမှာ Address Barရဲ့ ဘယ်ဘက်ထောင့်က Website Faviconကို Drag &
Dropလုပ်ပြီး ကွန်ပြူတာမှာ သိမ်းပါ။ Win + X Menu Editorမှာ Add a programကို နှိပ်ပြီး
Website Shortcut Fileကို ရွေးပေးပါ။
Windows 8 အသုံးပြုသူတော်တော်များများက
Win X Menuကို အသုံးပြုဖို့ မေ့နေကြပါတယ်။ အဲဒီအတွက် Win X Menu or Power User
Menuကို အသုံးပြုဖို့ သတိပေးရင်း ဒီဆောင်းပါးကိုရေးပေးလိုက်ပါတယ်။
Ref & Credit-Myanmar iCT
Post a Comment