အရေးအသား နူးညံ့ ထက်မြက်ထူးချွန် သောအာဆီယံ ၁၀နိုင်ငံ မှစာရေးဆရာ
များကို ထိုင်းနိုင်ငံ မှနှစ်စဉ် ပေးအပ်သော အရှေ့တောင်အာရှ အကောင်းဆုံး စာပေဖန်တီး
မှုဆုကို ထိုင်းဘုရင့် သမီးတော် မဟာချက်ကရီ သီရိဒုံက စာရေးဆရာ ၊ ကဗျာဆရာမောင် စိန်၀င်း
(ပုတီးကုန်း) အား အောက်တိုဘာ ၁၄ရက်နေ့က ပေးအပ် ခဲ့ကြောင်း ထိုင်းမီဒီယာ များတွင် ဖေါ်ပြထားသည်
ဟုသိရသည်။
ယင်းဆုသည် မိမိဘ၀ တွင်ပထမဆုံး အကြိမ်အဖြစ် စာပေနှင့် ပတ်သက်၍ ရရှိသောဆု
ဖြစ်ကြောင်း ၊ မိမိ၏ ကဗျာများကို အာဆီယံ ဒေသတွင်း နိုင်ငံများမှ ကြိုက်နှစ်သက် ပြီးနိုင်ငံတကာ
အဆင့်အထိ ပျံနှံ့အောင်လုပ်ဆောင် ခွင့်ရသဖြင့် အလွန်၀မ်းမြောက်ကြောင်း မောင်စိန်၀င်း
(ပုတီးကုန်း) က ပြောကြားသည်။
အဆိုပါဆုကို ၀တ္တုတို၊ ၀တ္တုရှည်၊ ကဗျာရေးသားသူ များကို နှစ်စဉ်ပေးအပ်ခြင်း
ဖြစ်ရာယခုနှစ်သည် ကဗျာဆရာများ အတွက် ဖြစ်၍ ပွဲဖြစ်မြောက်ရေး ကော်မတီက မြန်မာနိုင်ငံ
စာရေးဆရာအသင်းအား ကဗျာဆရာ တစ်ဦးစေလွှတ် ပေးရန်အကြောင်းကြား ခဲ့ကြောင်း ၊ ထိုကြောင့်အဆိုပါ
အဖွဲ့၏ သတ်မှတ်ချက် သုံးချက်ဖြစ် သောမြန်မာနိုင်ငံ ၏လူကြိုက်များသော ကဗျာဆရာဖြစ်ခြင်း
သုံးနှစ်အတွင်း အောင်မြင်သောကဗျာစာအုပ်ထုတ်ဝေဖူးသူဖြစ်ခြင်း၊ ယင်းကဗျာများကို အင်္ဂလိပ်ဘာသာဖြင့်
ပြန်ဆိုထားခြင်း ဟူသည့်အချက်နှင့် ကိုက်ညီသူ သုံးဦးကို ရွေးချယ်ကာ မဲခွဲဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ကြောင်း ၄င်းကဆိုသည်။
အရှေ့တောင်အာရှ အကောင်းဆုံး စာပေဖန်တီးမှုဆုကို၁၉၇၉ ခုနှစ်က စတင်ချီးမြှင့်ခဲ့ပြီး
မြန်မာနိုင်ငံမှ ၁၉၈၈ ခုနှစ်က ဆင်ဖြူကျွန်း အောင်သိန်း ၊ ၁၉၉၉ ခုနှစ်က ဆရာကျော်အောင်၊
၂၀၀၀ပြည့်နှစ် ကဆရာမကြီး စောမုံညင်း၊ ၂၀၀၁တွင် ဆရာတက္ကသိုလ် ထင်ကြီးတို့က ရရှိခဲ့ပြီး
ဆရာမောင်စိန်၀င်း( ပုတီးကုန်း) မှာ၂၀၀၁ခုနှစ် နောက်ပိုင်း ငါးယောက်မြောက်ရရှိသူ ဖြ်သည်။
အရှေ့တောင်အာရှ အကောင်းဆုံး စာပေ ဖန်တီးမှုဆု အတွက် ထိုင်းဘတ်ငွေ ခုနှစ်သောင်း ၊ ဂုဏ်ပြုလွှာနှင့်
ကျွန်းသားတံဆိပ် တို့အား ထိုင်းဘုရင်သမီးတော် ကပေးအပ်ခဲ့ခြင်း ဖြစ်သည်။ မောင်စိန်၀င်း
(ပုတီးကုန်း)၏ ငှက်တို့၏ တေးကဗျာ အောက်တိုဘာလ ၁၅ ရက်နေ့က The Nation သတင်းစာ တွင် ဖေါ်ပြ
ခဲ့သည် ဟုသိရသည်။
The Voice
Post a Comment