ပြီးခဲ့တဲ့ရက်ပိုင်းက Windows
RT 8.1 ကို Update လုပ်လိုက်တဲ့ Windows RT Tablets တွေမှာ ပြဿနာဖြစ်ပေါ် ခဲ့ပါတယ်။အဲဒီအတွက်
Boot ဖိုင်တွေပျက်ဆီးသွားတဲ့စက်တွေကိုပြင်ဆင်ဖို့
Recovery Media ကို Guide နဲ့အတူ Microsoft ကပြုလုပ်ပေးလိုက်ပါပြီ။ Windows
Store ကနေ Windows RT 8.1 Update ကိုပြန်ပေးဖို့လုပ်ဆောင်နေပါတယ်။အဆင်မပြေမှုတွေအတွက်တောင်းပန်ပါတယ်
လို့ Microsoft ကထပ်မံပြောဆိုပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က Windows 8.1
RT Update ကို Windows Store ကနေဖယ်ရှားလိုက်တာပါ။ အသုံးပြုသူတွေကပြဿနာတွေကို
Report လုပ်လိုက်လို့ဖြစ်ပါတယ်။ ပြဿနာက Upgrade လုပ်တဲ့အခါမှာပေါ်လာတဲ့ Start
Screen မှာဖြစ်ပါတယ်။ ”Boot Configuration File is missing some required
information.” ဆိုပြီး Blue Screen ပေါ်လာတယ်လို့ အသုံးပြုသူတွေကပြောပါတယ်။
အဲဒီပြဿနာဟာ Surface RT ကိုအသုံးပြုပြီး
Windows RT 8.1 ကို Upgrade ပြုလုပ်သူ အယောက်တစ်ထောင်မှာ တစ်ယောက်သာ ဖြစ်တာပါ လို့
Microsoft ရဲ့ Blog Post တစ်ခုမှာရေးသားထားပါတယ်။
အဲဒီအတွက် Microsoft က Recovery
Image ကို သူ့ Website မှာပြုလုပ်ပေးထားပါတယ်။
ညွှန်ကြားချက် ဖိုင်လည်းပါရှိပြီး Boot မတက်တော့တဲ့ Surface RT တွေကိုပြန်ပြင်ဆင်နိုင်ပါပြီ။
Windows RT 8.1 ကို Windows
Store မှာဘယ်နေ့ Update ပြန်ပေးမလဲဆိုတာကိုတော့မပြောကြားသွားပါဘူး
Ref-Myanmar iCT
Post a Comment