Samsung က ATIV
S Neo Windows Phone ကို Carrier Exclusive အနေနဲ့ AT&T ကနေ နို၀င်ဘာလ (၈) ရက်နေ့မှာ နှစ်နှစ်စာချုပ်နဲ့ရောင်းချတော့မှာဖြစ်ပါတယ်။ရောင်းဈေးကိုတော့
$99.99 သတ်မှတ်ထားပါတယ်။ 4.8 လက်မ 720p Display ပါရှိပြီး၊ 8MP Camera ပါရှိပါမယ်။
Micro SD Slot တစ်ခု၊ 1.4 GHz dual-core processor တပ်ဆင်အသုံးပြုပါမယ်။
သူ့အရင်ထုတ်ခဲ့တဲ့
ATIV S Windows Phone ကတော့ Galaxy S3 ကိုအခြေခံပြုလုပ်ထားတာတွေ့ရပါတယ်။Samsung က
Windows Phone အမျိုးအစားထဲမှာတော့ နာမည်ကြီးထင်ရှားတဲ့ ဖုန်းကိုတော့ထုတ်လုပ်ထားခြင်းမရှိသေးပါဘူး။
Windows Phone အမျိုးအစားတွေကိုအဓိကထုတ်လုပ်နေတဲ့
Nokia ကလွဲပြီးတစ်ခြား Manufacturer တွေကတော့ ဒီဈေးကွက်ထဲကို၀င်ရောက်လာခြင်းမရှိသေးပါဘူး။
Ref-Myanmar iCT News
Post a Comment