Samsung က သူ့ ရဲ့ ပြိုင်ဖက်တွေနဲ့ပတ်သက်ပြီး
အတုအယောင် Comments, သိက္ခာကျစေတဲ့ အကြောင်းအရာတွေကို ရေးသားခိုင်းစေမှု ကိုစစ်ဆေးသိရှိပြီးနောက်
ဒဏ်ငွေ $340,000 ပေးဆောင်ရတော့မှာဖြစ်ပါတယ်။ April လတုန်းက Taiwan Fair Trade
Commission (FTC) က စတင်စုံစမ်းစစ်ဆေးမယ်လို့ ပြောကြားခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုက
Samsung မှာအပြစ်ရှိကြောင်းတွေ့ရှိခဲ့ပါတယ်။ FTC က Taiwan Online Forum တွေမှာ မဟုတ်မမှန်တဲ့
အကြောင်းအရာတွေရေးသားဖို့ Samsung က စာရေးသူတွေ၊အလုပ်သမားတွေကိုသီးသန့် ခန့်အပ်ထားတယ်လို့ပြောပါတယ်။ဆက်လက်ပြောဆိုရာမှာ
Samsung က ဒီကိစ္စကိုကိုယ်တိုင်ပြုလုပ်တာမဟုတ်ဘဲတစ်ခြား Marketing Company တွေကိုခိုင်းစေခဲ့တာဖြစ်ပါတယ်။
အဲဒီ Marketing Company နှစ်ခုကို $100,000 ပြစ်ဒဏ်ချမှာဖြစ်ပါတယ်။
HTC နဲ့ပတ်သက်ပြီးဝေဖန်တိုက်ခိုက်မှုတွေပေါ်ပေါက်လာတဲ့အချိန်မှာ
Samsung ကိုစတင်သံသယရှိခဲ့ကြတာဖြစ်ပါတယ်။ဒါပေမယ့် FTC ရဲ့ အစီရင်ခံစာမှာတော့ တိုက်ခိုက်ခံရတဲ့ Company တွေကို
နာမည်တပ်ပြောဆိုခြင်းမရှိဘဲ Samsung ကသူ့ပြိုင်ဖက်တွေကို အနိုင်ယူဖို့မဟုတ်မမှန်လုပ်ကြံမှုတွေရှိခဲ့တယ်လို့ပဲရေးထားပါတယ်။
Samsung ငှားရမ်းထားတဲ့ ဝေဖန်သူတွေရဲ့လှုပ်ရှားမှုတွေကိုလည်း FTC ကစုံစမ်းလေ့လာခဲ့ပါတယ်။
သီးခြားရပ်တည်နေတဲ့
အဖွဲ့အစည်းဖြစ်စေ Company ထဲက အဖွဲ့အစည်းဖြစ်စေ ဒီလိုလျှိ့၀ှက် Marketing အဖွဲ့တွေကို
“astroturfing” လို့ခေါ်ကြပါတယ်။ ဒီလိုအဖွဲ့အစည်းတွေကို ငှားရမ်းခိုင်းစေခဲ့တာ ဟာ ဆိုရင်
Samsung အတွက် ဒါဟာ ပထမအကြိမ်မဟုတ်ဘဲ ဒီနှစ်အတွင်းမှာ နှစ်ကြိမ်မြောက်စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
Samsung က The Verge ကို ပြောကြားရာမှာတော့ သူ့ရဲ့ Customer တွေကိုတော့ ရိုးရိုးသားသားပဲဆက်ဆံခဲ့တယ်
လို့ပြောကြားပါတယ်။
Ref-Myanmar iCT
Post a Comment