မြန်မာနိုင်ငံ၌၂၀၅၀ပြည့်နှစ်တွင်တိုးပွားလာမည့်လူဦးရေသန်းတစ်ရာအတွက်
စားနပ်ရိပ်က္ခာ ဖူလုံစေရန် ရေတိုရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်နေသည်ဟု အောက်တိုဘာ၁၆ရက်ကနေပြည်တော်၌
ပြုလုပ်ခဲ့သည့်၂၀၁၃ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနားတွင်ဒုတိယသမ္မတဦးဉာဏ်ထွန်းကပြောကြားခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံအနေဖြင့်
လက်ရှိသဘာဝကပေးထားသည့်အနေအထားများအရ ဒေသတွင်းစားနပ် ရိက္ခာဖူလုံရေးအတွက်လည်း ပိုလျှံသည်များကို
ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန်ဆောင်ရွက်သည့်နိုင်ငံဖြစ်ကြောင်း လူဦးရေတိုးပွားလာမှု.အတွက်
စားနပ်ရိက္ခာဖြည့်.ဆည်းနိုင်ရေးကို တွက်ချက်ဆောင်ရွက်ရသကဲ့သို. အခြားတစ်ဖက်တွင်လည်း
ရာသီဥတုပြောင်းလဲမှု.နှင့်သဘာ၀ဘေးအန္တရာယ်တို့၏ လယ်ယာကဏ္ဍအပေါ် အကျိုးသက်ရောက်မှု.များကို
စီမံဆောင်ရွက်နေသည်ဟု ဒုတိယသမ္မတဦးဉာဏ်ထွန်းကပြောကြားခဲ.သည်။
နေ.စဉ်တိုးပွားနေသော
ကမ္ဘာ့လူဦးရေအတွက်စားနပ်ရိက္ခာဖူလုံရေးနှင့် လုံခြုံရေးသည်အဓိကစိန်ခေါ်မှု ကြီးတစ်ရပ်ဖြစ်သည်ဟုလည်း
ဆက်လက်ပြောကြားခဲ.သည်။
လက်ရှိတွင်ကမ္ဘာ့လူဦးရေသည်
ခုနစ်ဘီလျံထိရှိလာပြီးလာမည့်၂၀၅၀ပြည့်နှစ်တွင် ကိုးဘီလျံအထိတိုးပွားလာနိုင်သည်ဟု ပညာရှင်များကခန်.မှန်းထားသည်။
ကမ္ဘာပေါ်တွင်အသက်ငါးနှစ်အရွယ်ကလေးငယ်ငါးဦးအနက် လေးဦးမှာကြီးထွားမှု.နှေးကွေးပြီး ကျုံလှီသည့်အခြေအနေဖြင့်
ရင်ဆိုင် နေကြရကြောင်း တစ်နည်းအားဖြင်.ကမ္ဘာပေါ်ရှိ၁၆၅သန်းသော ငါးနှစ်အောက်ကလေးငယ်များသည်
အဟာရချို့တဲ့နေသည်ဟုဒုတိယသမ္မတဦးဉာဏ်ထွန်းကပြောကြားသည်။
ထို့အပြင်ဖွံ့ဖြိုးဆဲနိုင်ငံများတွင်
ကမ္ဘာ့လူဦးရေနှစ်ဘီလီလျံသည် ကျန်းမာမှု.အတွက်မရှိမဖြစ် လိုအပ်သည့်ဗီတာမင်နှင့်သတ္တုဓါတ်ချို့တဲ့မူ.ကိုခံစားနေရကြောင်းသိရသည်။
Daily Eleven
Post a Comment