Smartphone ဈေးကွက်မှာ
ပိုကြီးတာ က ပိုရောင်းကောင်းတယ်လို့ပြောရမလိုပါပဲ။ မကြာမီက Samsung ကသူ့ရဲ့
Galaxy Note 3 Phablet ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ တစ်လ အတွင်းမှာပဲ
Note 3 အလုံးရေ ငါး သန်း ရောင်းချခဲ့ရတယ်လို့
Samsung CEO JK Shin က အတည်ပြုပြောကြားပါတယ်။
Samsung ရဲ့ ဖုန်းတွေထဲမှာတော့ Note 3 ကတော်တော် အထင်ကြီးစရာ
အချက်တွေပြည့်နေပါတယ်။ S Pen ရဲ့ လိုအပ်ချက်လေးတွေကိုလည်း
ပြုပြင်နိုင်ခဲ့ပါတယ်။ တစ်ခြား ဖုန်းတွေ မှာ မရှိတဲ့ Functions တွေ Note 3 မှာ ရှိနေပါတယ်။
July လကနေ
August လ အပိုင်းအခြား မှာ Smartphones အလုံးရေပေါင်း 88.4 သန်း ရောင်းချ ခဲ့ရပါတယ်။
Apple အပါအ၀င် ပြိုင်ဖက် Company တွေအားလုံးပေါင်းထက် လည်း ဖုန်း တွေ ပိုမိုရောင်းချနိုင်ခဲ့ပါတယ်။
အခုလည်း Note 3 ကြောင့် Samsung ရဲ့ရောင်းအားဟာ ထပ်တက်လာအုံးမှာဖြစ်ပါတယ်။
Ref-Myanmar ict
Post a Comment