Windows Update ကနေ Update တွေကိုအင်စတောလုပ်ပြီးရင် မလိုအပ်တော့တဲ့
ဖိုင်တွေ ကျန်ခဲ့ပါတယ်။အဲဒီဖိုင်တွေကအရွယ်အစားကြီးမားပြီး သင့် ကွန်ပြူတာမှာမလိုအပ်တော့ဘဲနေရာယူနေပါတယ်။အဲဒီဖိုင်တွေကိုရှင်းဖို့ Microsoft
က Tool တစ်ခုကိုပြုလုပ်ပေးလိုက်ပါတယ်။
အဲဒီဖိုင်တွေကိုရှင်းဖို့အတွက်
အရင်ဆုံးပြုလုပ်ရမှာက Windows Update ကနေ Updates အရင်ဆုံးအင်စတောလုပ်ရမှာပါ။အဲဒါမှအဲဒီ
Tool ကိုသုံးလို့ ရမှာဖြစ်ပါတယ်။အင်စတောလုပ်ပြီးရင် Search Box ကနေ cleanmgr လို့ ရိုက်ပြီး
Enter နှိပ်ပါ။ Disk Cleanup ပေါ်လာရင် ၀င်းဒိုးအင်စတောလုပ်ထားတဲ့ Drive ကိုရွေးပေးပါ။
“Clean up
System files” ကိုနှိပ်ပါ။ “Windows Update Cleanup” ဆိုတဲ့ Check Box မှာအမှန်ခြစ်ပေးပြီး
Ok နှိပ်ပါ။
ဒါဆိုရင် သင့်ကွန်ပြူတာက
မလိုအပ်တော့တဲ့ Windows Update ဖိုင်တွေကိုရှင်းပြီးနေရာလွတ်တွေ ရရှိပါပြီ။Duplicate
ဖိုင်တွေဖျက်ခြင်း၊အသုံးမပြုတဲ့ System Features တွေကို Disable ပြုလုပ်ခြင်း၊
Temp ဖိုင်တွေကိုရှင်းခြင်းဖြင့်လည်း ၀င်းဒိုးကွန်ပြူတာမှာနေရာလွတ်တွေရရှိနိုင်ပါတယ်။အဲဒီဖိုင်တွေကိုရှင်းဖို့နည်းလမ်းတွေကို ဒီဆောင်းပါး မှာလေ့လာပါ။
Ref-Myanmar iCt
Post a Comment