OS X Mavericks ကိုမနေ့က
Apple Event မှာအခမဲ့ ရရှိနိုင်ပါတယ် လို့ ကြေညာခဲ့ပါတယ်။ Version အသစ်မှာ
Features အသစ်တွေများစွာပါရှိလာပါတယ်။ Mavericks OS ဆိုတာဘာလဲ ဆိုတာ ဗဟုသုတအနေနဲ့လေ့လာရအောင်ရေးပေးလိုက်ပါတယ်။
Windows နဲ့ Apple ရဲ့ Mavericks ဘာတွေကွာခြားလဲဆိုတာစာဖတ်သူ သုံးသပ်ကြည့်ပါအုံး။
Tags တွေဟာ သင့်ဖိုင်တွေကို
Organize လုပ်ဖို့လွယ်ကူအောင်အထောက်အကူပြုပါတယ်။ OS X အသစ်မှာအဲဒါကိုသုံးလို့ရပါပြီ။
Finder ကနေ ဖိုင်တွေအပေါ်ကို Right-Click နှိပ်ပြီး Tag လုပ်နိုင်သလို ဖိုင်အသစ်တွေပြုလုပ်ရင်းတစ်ခါတည်း
Tag လုပ်နိုင်ပါတယ်။
Finder Tabs
Tags တွေသာမကဘဲ
Finder ကလည်းပိုကောင်းလာပါတယ်။ Window တွေအများကြီးဖွင့်စရာမလိုတော့ဘဲ Browser တွေမှာလို
Tab တွေအသုံးပြုလို့ရလာပါတယ်။ Finder Window မှာ Tab အသစ်တစ်ခုယူဖို့ Command + T ကိုနှိပ်ပါ။
Multiple
Displays
Windows မှာလိုမဟုတ်ဘဲ
Mavericks မှာ Desktop or Display တစ်ခုထက်ပိုအသုံးပြုလို့ရပါတယ်။အခု Mavericks အသစ်မှာတော့
Multiple Desktop တွေကိုကိုင်တွယ်ဖို့ပိုမိုလွယ်ကူအဆင်ပြေအောင်လုပ်ပေးထားပါတယ်။အခုအသစ်မှာ
Dock , Menu Bar ကို Screen အားလုံးမှာမြင်တွေ့ရမှာပါ။ Spaces လို App တွေကိုလည်း
Drag and Drop လုပ်ပြီး Screen တစ်ခုနဲ့တစ်ခု ကြားကူးပြောင်းနိုင်ပါပြီ။
Calendar
Calendar ကတော့ ဒီဇိုင်း
လုံး၀ပြောင်းလဲသွားပြီး Facebook Events တွေကိုပါကြည့်နိုင်တဲ့ Week View အသစ်ပါရှိလာပါတယ်။
Inspector View ကတော့ သင်သွားမယ့် ခရီး ရဲ့ Travel Time, Weather, Map တွေကိုပြပေးမှာပါ။
Maps
Apple Maps ကို
Mavericks ကို ပထမဆုံးယူဆောင်လာတာပါ။ iOS Version က Maps နဲ့အသုံးပြုပုံကတော့များသောအားဖြင့်တူညီပါတယ်။သတင်းအချက်အလက်တွေကို
ရယူ တာလည်းတူတူပဲဖြစ်ပါတယ်။ Maps ကနေ နေရာတွေရှာနိုင်ပြီး လမ်းပိတ်ဆို့မှုတွေကိုပါသိနိုင်ပါတယ်။
Maps ကဒေတာတွေကို iOS Device တွေကိုပို့ချင်ရင် Share Button ကိုနှိပ်ပြီးအလွယ်တကူပို့နိုင်ပါတယ်။
iBooks
iBooks ကိုလည်း
Desktop ကိုပထမဆုံးယူဆောင်လာတာပါ။ Kindle Apps လိုပဲ Notes , Reading တွေကို သင့်
Devices တွေအားလုံးမှာ Sync လုပ်နိုင်ပါတယ်။ သင်၀ယ်ထားတဲ့စာအုပ်တွေကို iPad ကနေ
Desktop က iBook ကိုအလွယ်တကူ Sync လုပ်လို့ရလာပါပြီ။စာအုပ်မှာ Highlight လုပ်ထားတာတွေ၊
Notes မှတ်ထားတာတွေပါ ပါရှိလာမှာပါ။
Notifications
Notifications ကလည်း
အလွန်ကောင်းမွန်လာပါတယ်။ IM, Facetime, Email စတာတွေက Notifications တွေအားလုံးကို
Reply လုပ်ဖို့ App ကိုဖွင့်စရာမလိုဘဲ Notification Screen ကနေပဲပြုလုပ်လို့ရလာပါတယ်။
Websites တွေက Notifications တွေကိုလည်း Safari Browser ကနေတစ်ဆင့် Notification
Screen ကိုရောက်အောင်ပြုလုပ်ထားနိုင်ပါတယ်။
Ref-Myanmar iCT
Post a Comment